ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် စစ်ကောင်စီအဖွဲ့၏ ဟုဆိုရသော အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်သတ်ခံလိုက်ရကြောင်း လယ်ကုန်းဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသော အမျိုးသားသည် အသက် ၅၀နှစ်အရွယ် ဦးညွှန့်ဝေခေါ်သူဖြစ်ပြီး လယ်ကုန်းရပ်ကွက် နယ်မြေ(၆) အထက်တန်းကျောင်းအနီး စက်သုံးဆီဆိုင်ရှေ့ လမ်းမကြီးပေါ်တွင် ပစ်သတ်ခံလိုက်ရသည်ဟု လယ်ကုန်းဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။ “သူက အနီးကပ်သေနတ်ထောက်ပစ်ခတ်ခံရတယ်လို့သိရတယ်။ ပစ်သတ်ခံရတဲ့နေရာက ဆီဆိုင်အနီးမှာဘဲ။ ဘာလို့ ပစ်သတ်ခံရတယ်ဆိုတာက မပြောတတ်ဘူး။ တစ်ချို့က ဒလန်လို့