သတင်း

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် စစ်ကောင်စီအဖွဲ့၏  ဟုဆိုရသော အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်သတ်ခံလိုက်ရကြောင်း လယ်ကုန်းဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသော အမျိုးသားသည် အသက် ၅၀နှစ်အရွယ် ဦးညွှန့်ဝေခေါ်သူဖြစ်ပြီး လယ်ကုန်းရပ်ကွက် နယ်မြေ(၆) အထက်တန်းကျောင်းအနီး စက်သုံးဆီဆိုင်ရှေ့ လမ်းမကြီးပေါ်တွင် ပစ်သတ်ခံလိုက်ရသည်ဟု လယ်ကုန်းဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“သူက အနီးကပ်သေနတ်ထောက်ပစ်ခတ်ခံရတယ်လို့သိရတယ်။ ပစ်သတ်ခံရတဲ့နေရာက ဆီဆိုင်အနီးမှာဘဲ။ ဘာလို့ ပစ်သတ်ခံရတယ်ဆိုတာက မပြောတတ်ဘူး။ တစ်ချို့က ဒလန်လို့ ဆိုကြတယ်။ သူက ဒီဘက်ပြောင်းလာတာလည်းမကြာသေးဘူး။ သူတို့က နယ်မြေ ၁၃ဘက်မှာနေကြတာဟုတ်တယ်”ဟုပြောဆိုသည်။

သေဆုံးသွားသည့် ဦးညွန့်ဝေသည် လယ်ကုန်းရပ်ကွက် နယ်မြေ(၁၃)တွင် သုံးဘီးမောင်းရင်း နေထိုင်သူဖြစ်ပြီး ကျောက်ဆည်ဘက်မှ မြစ်ကြီးနားသို့ ပင်ဆင်အငြိမ်းစားအဖြစ်ပြောင်းလာသူဖြစ်သည့်အပြင် တပ်ထွက်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံများပြောပြချက်မှသိရသည်။

ဦးညွန့်ဝေ တွင် ကလေး ၃ဦးရှိသူဖြစ်ပြီး သူ၏ အမျိုးသမီးသည် စျေးသည်တစ်ဦးကြောင်းလည်း ဆက်သိရသည်။

အဆိုပါ ဦးညွှန့်ဝေပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး မြစ်ကြီးနား ဒလန်ရှင်းလင်းအဖွဲ့ PDF ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်းသိရပြီး လက်ရှိတွင် မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားမသည်ကို အသေးစိတ်မသိရပါ။

Show More

Related Articles

Back to top button