သမ္မာကျမ်းစာသင်တန်းကျောင်းကို ဝင်းစီးခဲ့မှု အကြောင်းရင်း မသိရသေး

ကချင်ခရစ်ယာန်အသင်းတော်ပိုင် မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ ‘အသက်တာသစ် သမ္မာ ကျမ်းစာသင်တန်းကျောင်း’ ကို လက်နက်ဖြင့်အရပ်ဝတ်လူတစ်စု ဝင်စီးခဲ့မှု အကြောင်းရင်းကို သင်တန်းကျောင်းတာဝန်ခံများမှ ပြည်နယ်ဝန်ကြီးချုပ်ထံ မေးမြန်းထားခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါသည်။ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် မိုးမလင်းမှီအချိန် အဆိုပါသင်တန်းကျောင်းကို စရဖအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အများပြည်သူ ပွဲလမ်းသဘင်သုံး စကားပြောစက်ကို ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်မှုကြောင့်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် သင်တန်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဆရာလခဲဆိုင်းအောင်ကို…