မြစ်ကြီးနား ပမ္မတီးစစ်ရှောင်များ ‘စစ်ရှောင်အတု’ ဟု အမြင်လွှဲ ခံနေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးကျေးရွာအတွင်းရှိ စစ်ရှောင်စခန်းသည် စစ်ရှောင် ‘အတု’ မဟုတ်ကြောင်း ယင်းစစ်ရှောင်စခန်းအား ကူညီဆောင်ရွက်ပေးနေသည့် Assembly of God အသင်းတော်နယ်မြေ (၁၀)မှ ဥက္ကဌ သင်းအုပ်ဆရာတော် Rev. Dashi Tang Nau က ပြောသည်။ စစ်ရှောင်အဖြစ်နေထိုင်လာကြသည်မှာ ၁ နှစ် နီးပါးရှိလာပြီဖြစ်သော်လည်း ပမ္မတီးစစ်ရှောင်စခန်းသည် အစိုးရ၏တရားဝင်စစ်ရှောင်စခန်းအဖြစ် သတ်မှတ်ထားခြင်း မခံရသေးသည့်အပြင် ‘စစ်ရှောင်အတု’ ဖြစ်သည်ဟု ပြောဆိုနေကြသည့်အပေါ် သင်းအုပ်ဆရာတော် Rev.…