ဥယျာဉ်ထဲက ပန်းပွင့်များ

ဥယျာဉ်ထဲက ပန်းပွင့်များဟာ မေတ္တာနဲ့ပြုစုယုယမှုကိုခံရဖို့ မျော်လင့်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပန်းတွေဟာ သွေးစက်ကြားရှင်သန်နေကြရပြီး အကြမ်းဖက်တဲ့ ရာသီစက်ဝန်းမှာ သူတို့ဘဝတွေ လဲပြိုကြနေတာ ဝမ်းနည်းစရာကောင်းလှပါတယ်။ မတရားမှု၊ နှိပ်စက်မှု၊ ဖိနှိပ်မှု နဲ့ အတွေးအမြင်အကြမ်းဖက်မှု စတဲ့ အောက်က လွတ်မြောက်ဖို့ ပန်းပွင့်တွေဟာ အေးမြတဲ့ရေအေးတစက်ဖြစ်ဖြစ် တောင့်တနေကြပါတယ်။ နိုဝင်ဘာ၂၅ ရက်နေ့ကစပြီး  ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး၊  ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊…