စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး

  • Dec- 2022 -
    14 December
    စစ်ပြေးဒုက္ခသည်များ

    IDP ဆိုသည့်အသံ မကြားလိုတော့ကြောင်း ဒုတိယ ဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က စစ်ရှောင်များကို ပြောဆိုခဲ့

    ‘IDP ဆိုသည့်အသံ မကြားချင်တော့သဖြင့် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး အမြန်ဆုံးဆောင်ရွက်နေသည်ဟု’စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က မြစ်ကြီးနားရှိ စစ်ရှောင်များကို ပြောဆိုခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဇီးလွန် စစ်ရှောင်စခန်းတွင် စစ်ကောင်စီ၏ ဝန်ကြီးများသွားရောက်ခဲ့စဉ် ယခုလို ပြောဆိုခဲ့သည်ဟု ဇီးလွန်စစ်ရှောင်စခန်း မှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာ သူတို့အားလုံးစီစဉ်တော့မှာတဲ့ စခန်းပိတ်သိမ်းဖို့။ နိုင်ငံတကာက ကြည့်လည်း မသင့်တော်တော့ဘူး။ နိုင်ငံတကာကလည်း ပြောနေပြီ။ စစ်ရှောင်မရှိတော့ရင် ကောင်းလိမ့်မယ်ဆိုပြီး ပြောနေပြီ ဖြစ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ စစ်ကြောင့်ထွက်ပြေးနေရတဲ့ IDP လို့ မပြောပဲနေရအောင်။ အခြေအနေအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတယ်ပဲ ပြောရအောင် ဆိုပြီး လာပြောတယ်။ IDP ဆိုတာနားကြားခါးတယ်တဲ့ မကြားချင်တော့ဘူးတဲ့”ဟု ပြောသည်။ အဆိုပါ စစ်ရှောင်များကို လာရောက်ပြောဆိုရာတွင် စစ်ကောင်စီ ဗိုလ်ချူပ်ကြီးထွန်းထွန်းနောင်နှင့်အတူ ကချင်ပြနယ် လူကယ်ပြန်၊ လူမှုဝန်ထမ်း ၊…

    Read More »
Back to top button