စားနပ်ရိက္ခာ

  • Apr- 2024 -
    11 April
    သတင်း

    ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဝင်တိုက်နေတာကြောင့် ဒေသခံရာချီစစ်ဘေးရှောင်နေရပြီး အစားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုတော့ ၃ ရက်ရှိပြီပေါ့ တချို့ရှိတဲ့လူကတော့စုထားဆောင်းထားတာရှိတော့ လောလောဆယ်အထိတော့အဆင်ပြေကြတယ်မခက်ခဲသေးဘူး။ အခုအခက်အခဲဖြစ်နေတာကတစ်နေ့လုပ်မှတစ်န့စားရတဲ့မိသားစုဝင်တွေတော့ခက်ခဲတာပေါ့အဓိကကိုပြောရမယ်ဆိုရင်စားဖို့သောက်ဖို့မရှိကြဘူးပြီးတော့သူတို့ကတောတောင်တွေထဲ ဘကြီးကွင်းဘက်ကိုရှောင်နေကြတယ်”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။ KIA၊KPDF နှင့်စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိဆယ်ဇင်းကျေးရွာထဲက ချမ်းသာကုန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်၊အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ စတဲ့ရပ်ကွက်နေပြည်သူတွေ ဧပြီ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေတာဖြစ်တယ်လို့သိရပါတယ်။ “တချို့မရှောင်ကြတဲ့ရပ်ကွက်တွေလည်းရှိတယ် အများပိုင်းရှောင်ကြတာက စခန်းနဲ့နီးတဲ့ချမ်းသာကုန်ဘက်တွေရှောင်ကြတာအခုလောလောဆယ် ဘုန်းကြီးကျောင်းထဲမှာ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ် အများပိုင်းက တောတောင်တွေထဲ မှာရှောင်နေကြတယ်”လို့ ဆယ်ဇင်းဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိတောတောင်တွေထဲမှာတိမ်းရှောင်နေတဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ မိသားစုဝင် ၃၀၀ ဦးထက်မနည်းရှိနေတာဖြစ်ပြီး အစားအသောက်အကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။ KIA၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့စစ်တပ်ကုန်းကို ဧပြီ ၉ ရက်နေ့မနက်အစောပိုင်းမှာဝင်တိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကတော့ စဝင်တိုက်တဲ့နေ့မှာပဲလက်ချအညံ့ခံသွားပေမယ့် စစ်တပ်စခန်းကုန်းလက်နက်မချသေးတာကြောင့် ဒီနေ့နေ့လည်ပိုင်းထိနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Dec- 2023 -
    16 December
    သတင်း

    အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင်…

    Read More »
  • Nov- 2023 -
    9 November
    သတင်း

    ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်…

    Read More »
  • 7 November
    သတင်း

    မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် မုံးကိုးဒေသတွင်း ဖြစ်ပွားလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အကူညီတစ်စုံ တစ်ရာမရကြဘူးလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “အခုလောလောဆယ်က သူတို့က…

    Read More »
  • Aug- 2023 -
    14 August
    သတင်း

    ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ

    ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်တဲစခန်းသီးသန့်လုပ် ထားတာမျိုးမဟုတ်မရှိတဲ့အတွက်နီးစပ်ရာဘုန်းကြီးကျောင်း၊စာသင်ကျောင်းအဟောင်းနဲ့ယာယီတဲတွေထိုးပြီး စုဖွဲ့နေထိုင် ကြတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးနီးပါးမိသားစု၁၀၀နီးပါးလောက် စခန်းသီးသန့်ပုံစံနေတာမျိုးတွေ့ရတယ် စားဝတ်နေရေးအတွက် ဒေသမှာရှိတဲ့ ပဲနုတ်တာ၊ပေါင်းနုတ်တာ၊ကောက်စိုက်၊ပျိုးနုတ်…

    Read More »
  • Apr- 2023 -
    10 April
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူက ပထမဦးဆုံး စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အခြားအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပထမဦးဆုံး စစ်ရှောင်စခန်းဖြစ်သော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်ရှိပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများစွာ ခိုလှုံနေသဖြင့် ရေရှည်တွင် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက…

    Read More »
  • Feb- 2023 -
    20 February
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူက စစ်ဘေးရှောင်၂သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူ ၂သောင်းကျော်အတွက် သောက်သုံးရေ၊စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သောအပတ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၄ ခုဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့သည် ကန့်ဘလူတောင်ဘက်ခြမ်းရှိ…

    Read More »
  • Jan- 2023 -
    31 January
    စစ်ပြေးဒုက္ခသည်များကန့်ဘလူမြို့

    စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူညီလိုအပ်‌နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်အင်အား ၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ်…

    Read More »
  • Oct- 2022 -
    3 October
    စစ်ပြေးဒုက္ခသည်များ

    ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ…

    Read More »
Back to top button