တစ်ကျော့ပြန်တိုက်ပွဲ

  • Jun- 2026 -
    10 June
    စစ်ပြေးဒုက္ခသည်များ

    ကချင်ဒေသ စစ်ရှောင်အရေး အကူအညီနှင့်ကာကွယ်မှု တိုးမြှင့်ရန် တောင်းဆို

    ကချင်ဒေသက စစ်ဘေးသင့်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၉ ရက်နေ့ဟာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ၁၅ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ UNHCR ရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၂၁ မတိုင်ခင်က ကချင်မှာ စစ်ရှောင်ဦးရေ ၆၈,၄၀၀ လောက်ပဲ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၁၇၆,၁၀၀ လောက် ထပ်တိုးလာပြီး စုစုပေါင်း ၂၄၄,၅၀၀ ကျော်အထိ ရှိလာပြီလို့ဆိုပါတယ်။ ဒီစစ်ဘေးရှောင်တွေကတော့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကိုပါ ရင်ဆိုင်နေရပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ပညာရေး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတကာအကူအညီတွေကလည်း ကမ္ဘာ့နိုင်ငံရေးပဋိပက္ခတွေကြောင့် လျော့နည်းလာနေပြီး အကူအညီတွေကလည်း စစ်ကောင်စီကတစ်ဆင့် ဖြတ်သန်းရတာကြောင့် မြေပြင်ထိ မရောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်ကတော့ ခုလိုပြောပါတယ်။ “အကူအညီရောက်ဖို့ခက်တဲ့ ဒေသတွေမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာမယ်ဆိုရင် ရွေးတုစစ်အစိုးရကို မထောက်ခံဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ NUG နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ များများလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ပြောပါတယ်။ ကချင်ဒေသတစ်ကြော့ပြန် စစ်ဘေး တိမ်းရှောင်ခဲ့ရတာဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်တပ်တို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ပျက်ပြယ်သွားတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီစာချုပ်ဟာ ၂၀၀၈ခြေဥပေါ်ပေါက်လာတဲ့နောက်ပိုင်း  မြန်မာစစ်တပ်ဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကနေ  စတင်ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့  ၁၅နှစ်ကျော်ကြာ ရပ်တန့်ထားတဲ့ ကေအိုင်အေနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ဟာ ၂၀၁၁ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲနဲ့အတူ  ပြန်လည် အမှန်တကယ် ပြတ်ဆဲသွားခဲ့ပါတယ်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ၂၀၁၁ ခုနှစ်ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် စစ်မီးတွေ ဆက်လက်တောက်လောင်ပြီး ပြည်သူတွေ စစ်ဘေးသင့်လာတာ ဖြစ်ပါတယ်။ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ စစ်တွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းဖို့ အတွက်ကတော့ စစ်ဘဲ တိုက်နေကြတာက အဖြေမဟုတ်သလို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းဖို့ရန်လည်း အရေးကြီးတယ်လို့ ခုလိုသုံးသပ်ပြောဆိုပါတယ်။ “နိုင်ငံရေး စကားဝိုင်းမှာ ဆွေးနွေးတာက အဓိကဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတူတကွ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်လို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရတာဟုတ်တယ်။ အဲတာကို ကြည့်ရင်တော့ ဆွေးနွေးတိုင်ပင်မှုတွေက အရမ်း အရေးကြီးတာကို တွေ့ရပါတယ်”လို့ ခုလိုဆက်ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကပဲ ရယူတာ၊ ပေးနေရတာမျိုးမဟုတ်ဘဲ ရသင့်ရထိုက်တာတွေကို မျှမျှတတ ဆွေးနွေးပြီး ကတိကဝတ်တွေကို တည်မှသာ ကောင်းမွန်တဲ့အဖြေ ရနိုင်မယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ကချင်ဒေသမှာ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာတာတွေရှိပြီး ၂၀၂၅ ဖေဖော်ဝါရီလကစတင်ပြီး ပြန်လာသူတွေ ရှိလာတယ်လို့ သိရပါတယ်။ UNHCR အရ ၂၀၂၁ မတိုင်ခင် စစ်ရှောင်ဦးရေ ၇၅,၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၆ ဖေဖော်ဝါရီမှာ ၆၈,၄၀၀ အထိ လျော့ကျသွားပေမယ့် ၀၂၁ နောက်ပိုင်း စစ်ရှောင်ဦးရေကတော့ ၁၅၉,၅၀၀ ကနေ ၂၀၂၆ ဧပြီမှာ ၁၇၇,၀၀၀ အထိ တိုးလာတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး အကူအညီတွေလိုအပ်နေသလို နေရပ်ပြန်သူတွေအတွက်လည်း အကူအညီလိုအပ်နေဆဲ ဖြစ်သလို နေရပ်ပြန်သူတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်အန္တရာယ်တွေကိုလည်း စိုးရိမ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By –…

    Read More »
  • Dec- 2023 -
    25 December
    သတင်း

    ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်စခန်းက အမျိုးသမီးတွေရဲ့ရင်တွင်းစကား

    ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့စတင်ခဲ့တဲ့ ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲဟာ အခုဆိုရင် ၁၂ နှစ်ကျော်လာပြီးဖြစ်ပါတယ်။ စစ်ပွဲ‌တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အချိန်ကနေ လက်ရှိချိန်ထိစစ်ရှောင် အမျိုးသမီးတွေဟာအဘက်ဘက်ကနေ  အခက်အခဲတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းနေရကြတာလည်း ဖြစ်ပါတယ်။ စစ်ရှောင်အနေနဲ့နေခဲ့တာလည်းကြာလာပြီဖြစ်တဲ့အတွက် ကိုယ့်ရပ်ရွာဒေသမှာဘဲ ပြန်လည်နေထိုင်ချင်ပြီလို့ မိုးကောင်းမြို့နယ် နမ္မတီး လမ်ဘရော့ယန်စစ်ရှောင်စခန်းက မိခင်တစ်ယောက်က…

    Read More »
Back to top button