တာမိုးညဲ
-
Jul- 2026 -9 Julyသတင်း
တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့
ကွတ်ခိုင်မြို့နယ် တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး KIA တပ်သားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကာ နှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကွတ်ခိုင်မြို့ကနေ မိနစ် ၃၀ လောက်အကွာအဝေးရှိ မော်ဟန်ကျေးရွာအဝင်မှာရှိတဲ့ KIA ဂိတ်ကို MNDAA တပ်ဖွဲ့က ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ အင်အား ၆၀ ခန့်နဲ့ ရောက်လာပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့တာလို့သိရပါတယ်။ အဲဒီနောက် ဇူလိုင်လ ၉ ရက်နေ့ ဒီနေ့ညမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပြင်မှ တာဝန်ရှိသူ လူကြီးတွေအချင်းချင်းတွေ့ဆုံညှိနှိုင်းဖို့ သဘောတူထားတယ်လို့ KIA နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူတို့က မနေ့ကမနက်တစ်ခါးတည်းရောက်လာပြီး ဂိတ်မှာရှိတဲ့ KIA တပ်သားကိုလည်း ရိုက်လိုက်လို့ ခေါင်းမှာ ဒဏ်ရာရသွားသေးတယ် ဆိုတော့ အဲမှာ နည်းနည်းရှုပ်ကြတယ်။ ဒီနေ့ညမှ သက်ဆိုင်ရာလူကြီးတွေ အချင်းချင်းတွေ့ဆုံဖို့ လုပ်ထားတယ်လို့ ပြောတယ်။” လို့ KIA နဲ့နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။ ဖြစ်စဉ်မှာ အရပ်ဝတ်နဲ့ ဖြတ်လာတဲ့ ကိုးကန့် MNDAA အရာရှိတစ်ဦးရဲ့ကားကို KIA ဂိတ်စခန်းမှာ တားဆီးငွေကောက်လိုက်တဲ့နောက် အထက်အမိန့်လို့ဆိုကာ ရောက်လာပြီး ဂိတ်ကိုဖယ်ရှားဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ KIA တပ်သားတစ်ဦးရဲ့ ဦးခေါင်းကို ရိုက်လိုက်တာကြောင့် ၎င်းတို့မှားကြောင်း ဝန်ခံပြောဆိုတာတွေတော့ရှိတယ်လို့ ဆိုပါတယ်။ KIA နဲ့ကိုးကန့်တို့ အငြင်းပွားခဲ့တဲ့ ဂိတ်နေရာက KIA တပ်မဟာ (၁၀) အောက် ကွတ်ခိုင် နဲ့ တာမိုးညဲကြားရှိ မော်ဟန်ရွာအဝင်က KIA ဂိတ်စခန်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မော်ဟန်ဂိတ်စခန်းမှာ KIA ဆက်လက်နေရာယူထားပြီး ကိုးကန့်ဘက်ကလည်း မနေ့က ပြန်သွားပြီးနောက် ဒီနေ့ညနေမှ လူကြီးတွေပြန်လာကာ ဆွေးနွေးဖို့သဘောတူထားခဲ့ကြောင်းပြောပါတယ်။ “MNDAA ဘက်က ခရိုင်မှူးတွေက ဂိတ်ကိုသွားဖျက်ဆီးဖို့ပဲပြောလိုက်တာတဲ့။ အဲဒါကို သူတို့က ကိုယ်ထိလက်ရောက်လည်းလုပ်လို့ အဲလိုဖြစ်သွားတာ။ ဒီညမှ ဖြေရှင်းကြမယ်တဲ့။ ဂိတ်မှာတော့ KIA တွေဆက်ရှိနေတယ်။ အခု ဖျက်ဆီးလိုက်တာတွေကိုတောင် ကိုးကန့်တွေကို ပြန်လျော်ပေးဖို့ လုပ်ပေးဖို့ ပြောထားတာဟုတ်တယ်။” ဟု KIA နဲ့နီးစပ်သူသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို TNLA ထိန်းချုပ်ရာမှ ကိုးကန့် MNDAA ဘက်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် လားရှိုး– မူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်တွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း KIA ဟာ နမ့်ဖတ်ကာမြို့ အဝင်အထွက် ဂိတ်တွေနဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့နေရာက ပြည်ထောင်စုလမ်းမပေါ်ရှိ ဂိတ်တချို့ကို လမ်းရှင်းထားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်၊ မုံးကိုးတိုက်နယ် နဲ့ နမ့်ဖတ်ကာ ၊ နမ့်အွမ် ၊ တီးမား စတဲ့နယ်တစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်အတိုင်းလည်ပတ်နေပြီး ကိုးကန့် MNDAA လည်း အတူဒွန်တွဲလျက် လှုပ်ရှားနေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Nov- 2023 -15 Novemberသတင်း
ကွတ်ခိုင် ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ ဒတ်နှိုင်း(Daknai) စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒတ်နှိုင်းကျေးရွာအဝင်မှာ အခြေစိုက်ထားတဲ့ နမ့်ဖတ်ကာတပ်ခွဲ ခလရ (၁၂၃)တပ်ရင်းကို KIA တပ်ရင်း ၉ တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၂…
Read More »