ဖားကန့်
-
Feb- 2026 -2 Februaryသတင်း
ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ
ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။ “ဖားကန့် ကျောင်းကြီး စာသင်ကျောင်းမှာ လက်နက်ကြီးကျတာဟုတ်တယ်။ ကလေးငယ် နှစ်ယောက်တော့ထိတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်လို့ ကြားတယ်။ အသေစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဒီကနေ့ အထိ ဖြစ်နေတော့ မနေ့ညအထိ ပစ်လိုက်နားနဲ့ ဖြစ်နေတယ်။ မရှီကထောင်နောက်ကျောဘက်မှာပဲဖြစ်နေတာ။ လောလောဆယ်က ၃ နေရာလောက်မှာဖြစ်နေကြတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ မြို့ခံတွေပြောချက်အရ ခုလိုတိုက်ပွဲစတင်လာာတဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မရှီကထောင်၊ ဆုတောင်းကုန်းဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာရာကနေ စတင်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ မရှီကထောင်နောက်ကျော၊ ထုံးဘိုဘက်မှာ အပြန်အလှန် ပစ်ခတ်မှုရှိနေသလို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်းဝင်းထဲက KG တန်းကျောင်းဆောင်ထိမှန်သွားတဲ့အပြင် ဆယ်ကျော်သက် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုထဲမှာ မနက်ပိုင်း ၅ နာရီဝန်းကျင် မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျမှန်ခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆက်သိရပါတယ်။ ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ကချင်အမျိုးသားတစ်ဦးက “၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မရှီကထောင် ဆုတောင်းကုန်းဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့တွက် တိုက်ပွဲပြန်ဖြစ်လာတယ်။ ပြင်းပြင်းထန်ထန်က မနေ့ကစဖြစ်လာတယ်လို့ပြောလို့ရမယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ပြီး ထိန်းချုပ်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုံးဘို၊ ဂျမ်ဂတ်ဘက်မှာ နေရာယူထားတာလည်းဖြစ်ပါတယ်။…
Read More » -
Jan- 2026 -29 Januaryသတင်း
ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင် ဆီပေပါတင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းကာ ကားမောင်းတဲ့အမျိုးသားနဲ့ဇနီးသည်ကိုဖမ်းဆီးသွားတာတဲ့အပြင် ဘေးနားမှာရပ်ကြည့်နေတဲ့ စိတ်မနှံ့သူတစ်ဦး စုစုပေါင်း ၃ ဦးကိုဖမ်းသွားတယ်လို့ သိရပါတယ်။ “ခွန်ဆာကုန်း(ငြိမ်းချမ်းသာယာ)မှာ ဆီကားတစ်စီးကို စစ်ကားတစ်စီးလိုက်လာပြီး ရပ်ခိုင်းတယ်။ပြီးရင် ဆီကားမောင်းတဲ့သူနဲ့သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ အဲမှာရပ်ကြည့်နေတဲ့ စိတ်မနံ့တဲ့သူကိုပါ ဖမ်းသွားတယ်”လို ပြောပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့ ယာဉ်မောင်းနဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရပေမယ့် စိတ်မနှံ့သူကတော့ အသက် ၃၅ ဝန်းကျင်ရှိသူဖြစ်ပြီး ဖားကန့်မြို့ရပ်ကွက်နေပြည်သူတွေက ထမင်းကျွေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အဆိုပါအရပ်သား ၃ ဦးစလုံးကို ယမ်းချက်အချုပ်ခန်းဖက်ခေါ်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း ဖားကန့်–ကာမိုင်းလမ်းကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီးနောက် လမ်းတစ်လျှောက် ဆီသယ်ကားတွေဟာ စစ်တပ်ဂိတ်တိုင်းကို အခွန်ပေးဆောင်မှသာ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ “ဘာကြောင့်ဖမ်းလဲဆိုတာတော့ အသေးစိတ်မသိရဘူး ဒါမေပယ့် ပိုက်ဆံကောက်တာလို့ပဲထင်နေကြတယ်။ဘာကြောင့်ဖမ်းခံရသလဲဆိုတာတော့ အသေးစိတ်မသိရဘူး။ဖားကန့်မြို့မှာတော့ ဆီသယ်ကားအမျိုးမျိုးရှိတယ် ကုမ္မဏီတိုက်ရိုက်ဝင်တဲ့ကားရှိတယ် ပြီးရင် တစ်ချို့ကျတော့ ဆီဆိုင်ကကားရှိတယ်။တစ်ချို့ကျတော့ ကုမ္မဏီနဲ့ချိတ်ပြီးလာရောင်းတဲ့ကားတွေရှိတယ်။ ခုဒီကားက ဘယ်ကကားလဲမသိရသေးဘူး”လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ လက်ရှိဖားကန့်မြို့ထဲဝင်မယ့် ဆီကားတွေဟာ မိုးကောင်းအနီးက (၈)မိုင်ဂိတ်၊ မရမ်ကထောင်ဂိတ်နဲ့ ကာမိုင်းလမ်းခွဲဂိတ်၊ နန့်ယားကျေးရွာဂိတ်၊ လုံးခင်းကျေးရွာအဝင် ယမ်းချက်ဂိတ်တို့ကို ဖြတ်ကျော်ပြီးမှ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွင်း စက်သုံးဆီများကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလနှောင်းပိုင်းမှစပြီး မြန်မာ – တရုတ်နယ်စပ် ကံပိုက်တည်ဂိတ်မှပြောင်းလဲတင်သွင်းရန် စစ်ကောင်စီကညွှန်ကြားခဲ့ပြီးနောက် နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားများကို ဖြတ်သန်းခွင့်ပိတ်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ပြန်လည်ဝင်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
27 Januaryသတင်း
အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့ ဖားကန့်ရွေးကောက်ပွဲ
ဖားကန့်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနေ့ရက်မှာ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွေးကောက်ပွဲပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တတိယအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲဧရိယာဖြစ်တဲ့ ဖားကန့်မြို့နယ် ပါဝင်ခဲ့ပြီးတော့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဇန်နဝါရီလ…
Read More » -
24 Januaryသတင်း
ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံသွားရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်ည ၇ နာရီဝန်းကျင် မရှိီကထောင်ရပ်ကွက် နန်းဦးရေခဲစက်ရှေ့အနှိပ်ခန်းအနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုလိုက်လာပြီး ဝင်ပစ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းသူပွဲချင်းပြီး သေဆုံးပြီးနောက်ထပ်အမျိုးသားတစ်ဦးဖမ်းခံသွားရတာဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။ “အမျိုးသားတစ်ယောက်က ဆိုင်ကယ်ကယ်ရီသမားကို ဆိုင်ကယ်ကယ်ရီငှားတာ အဲအနှိပ်ခန်းအနီးအရောက် နောက်ကနေကားတစ်စီးနဲ့လိုက်လာပြီး ပစ်သွားတာ ကယ်ရီသမားက ဆုံးသွားတယ်။ အဲဆိုင်ကယ်ကယ်ရီငှားလာတဲ့အမျိုးသားကိုကျတော့ ဖမ်းသွားတယ်လို့သိရပါတယ်”လို့ ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ဆိုင်ကယ် ကယ်ရီသမားဟာ ကိုမင်းဆိုသူဖြစ်ပြီး ဖားကန့်မြို့တွင်း ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးခံသွားရသူက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရကြောင်းသူကဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်တဲအ့ဖွဲ့ကိုတိတိကျကျ မသိရပေမယ့် ဒေသတွင်းနေထိုင်တဲ့ပြည်သူတစ်ဦး သုံးသပ်ချက်အရ ဒီဖြစ်စဉ်ကိုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ခုလိုသုံးသပ်ထားပါတယ်။ “ခုဖြစ်တဲ့နေရာက မရှိီကထောင်ကြိုးတံတား မရှိီကထောင်နဲ့ငှက်ပျောတောရပ်ကွက်ကိုချိတ်ထားတာ ငှက်ပျောတောဘက်ခြမ်းမှာက ဘန်ကာတွေ၊သဲအိတ်တွေချပြီးထိုင်ထားတာဖြစ်တဲ့အတွက် အဲနားကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသွားပြီး မစ်ရှင်လုပ်မှာမဟုတ်ဘူး အဲကြောင့် အဲမစ်ရှင်ကိုလုပ်တာက စစ်တပ်ဘက်က သူတို့ဟာသူတို့ အချက်လက်မှားနဲ့ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သေဆုံးတာကလည်း ပြည်သူ၊ ဖမ်းခံရတာလည်းပြည်သူပဲ။ဒါပေမယ့် ဖမ်းခံသွားရတဲ့သူက ဘယ်သူဘယ်ဝါလဲဆိုတာလည်း မသိရဘူး”ဖားကန့်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။ ဖားကန့်မြို့မရှိီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက် ကျောက် စိမ်းသူစားသောက်ဆိုင်တွင် မွေးနေ့ပွဲလုပ်နေတဲ့ လူငယ် ၁၀ ဦး၊ ဩဂုတ်လ ၂၉ ရက်နေ့ ကျေက်စိမ်းတောင်တံတားထိပ်မှာ လူငယ် ၁၅ ဦး၊အလားတူ စက်တင်ဘာလမှာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံ လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာ လတ်တလော စစ်တပ်က ရွှေးကောက်ပွဲအပိုင်း (၃) ကျင်းပဖို့အတွက် မြို့ပေါ် ရပ်ကွက် (၅)ခုမှာ မဲရုံထောင်ဖို့ပြင်ဆင်နေပြီး လတ်တလော မြို့တွင်း စာသင်ကျောင်းတွေမှာလုံခြုံရေအပြည့် ချထားသလို မြို့တွင်းအဝင်ထွက် လည်း စစ်ဆေးတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ လူဦးရေပေါများသလို မကြာခဏဆိုသလို ပိုင်ရပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ဒီဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်စဉ်လို့ သိရပါတယ်။ By – Zami
Read More » -
14 Januaryသတင်း
ဥရုရတနာတံတားပေါ်က စစ်တပ်သားနဲ့ ရဲ့ ပစ်ခတ်ခံရပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားပေါ် မှာ လုံခြုံရေးတင်ကြပ်ထားပြီး အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ခုက အမျိုးသားတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက် နေ့ မနက်ပိုင်း ဥရုချောင်းတံတားရဲ့ တစ်ဖက်ကမ်းစီ စစ်တပ်နဲ့…
Read More » -
Dec- 2025 -28 Decemberရွေးကောက်ပွဲဆိုင်ရာ
တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ
ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ …
Read More » -
12 Decemberသတင်း
လုံးခင်းဆေးရုံမြေ၊ သင်္ချိုင်းမြေနေရာ မြေကွက်ဖော်ဆောင်တာ ရပ်တန့်ပေးဖို့ ဖားကန့်ပြည်သူတွေတောင်းဆို
အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။
Read More » -
8 Decemberသတင်း
ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦးပွဲချင်းအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ည သန်ခေါင်ယံအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက မလောင်ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ထိခိုက်ပြီး သေဆုံးသွားတာက လင်မယားနှစ်ဦးနဲ့ ကလေးငယ်အပါ သေဆုံးတာ ၃ ဦးရှိတယ်။ အဲ့ထဲမှာ လသားအရွယ်နဲ့ ဆယ်ကျော်သက် နှစ်ယောက်က ထိခိုက်မှုမရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောလာတယ်”လို့ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ထဲမှာ မိသားသားစု ၃ ဦးသေဆုံးသွားပေမယ့် ၁၆ နှစ်အရွယ်တစ်ဦးနဲ့ ၇ လသားအရွယ်တစ်ဦး၊ နှစ်ယောက်က ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ အသက် ၃၈ နှစ်အရွယ်ဒေါ်တင်မိုးလှိုင်တို့ဖြစ်ပါတယ်။ “ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီနှစ်ရက်အတွင်းမှာဆိုပိုပြီး တိတ်ဆိတ်သွားတယ်ပေါ့လေ။ စစ်ကောင်စီက ညဘက်ဆိုရင် လက်နက်ကြီးရမ်းပစ်တာတွေ၊ သေနတ်ဖောက်တာတွေက ပုံမှန်လုပ်နေတာပဲရှိတယ်။ အခု မလောင်ဘက်ကို ဘာလို့ပစ်ခတ်လဲတော့ ကျနော်တို့လည်း သေချာတော့မသိရပါဘူး”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။ ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ ညတိုင်းလိုလို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးခြောက်လန့် ပစ်ခတ်နေတာဖြစ်ပြီး ညအချိန်ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကျော်ဖြတ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း စစ်တပ်က ဗျူဟာကုန်းကနေ ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆိုင်းတောင်၊ ကုဋေမှော်၊ မရှီကထောင်၊ တောမှော် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တွေအပါ အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုလတိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာလိုက်တဲ့နောက်ပိုင်း ဖားကန့်ဒေသထဲမှာ စစ်အင်အားအလုံးအရင်း စစ်ကြောင်းထိုးထားတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့…
Read More » -
1 Decemberသတင်း
ဖားကန့်လမ်းနဲ့လီဒိုလမ်းမပေါ်က စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ထဲ တိမ်းရှောင်နေကြတဲ့ ဖားကန့်စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ် ကျေးရွာတွေထဲကနေ နမ္မတီးမြို့ထဲထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်အများပိုင်း နေရာထိုင်ခင်းအခက်အခဲဖြစ်နေတာကြောင့် ရာသီအကူအပြောင်းတွေကြား ဖျားနာသူတွေနဲ့ အခက်ခဲများစွာ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ “မိုးရာသီမှာတောင် အရမ်းကို ဒုက္ခရောက်ကြတာ တစ်ချို့ဆို သစ်ပင်အောက်တွေမှာနေတယ်။ တစ်ချို့က ကွင်းပြင်၊ လယ်ယာပြင်မှာတဲဆောက်ပြီးနေကြတော့ လေတိုက်ပြီဆိုတာနဲ့ အကုန်လွှင့်၊ မိုးပက်ပြီး နေလို့မရကြဘူး။ ဆိုတော့ မိုးရာသီလည်း မိုးရာသီဒုက္ခကို အံတုနေရတယ်။ အခု ဆောင်းရာသီဆိုလည်း ဆောင်းရာသီကို အဲလိုပဲ အံတုရင်း နေကြရမယ်။ ထွေထွေထူးထူး အကူအညီရတာမျိုးတွေလည်း မရှိဘူး။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ်ရှိ နန့်ယား၊ ဒွမ်ဘုန်း၊ လဝါး၊ လဂေါင်၊ ကွမ်စိုင်ယန်–စတဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူတစ်ထောင်လောက်ဟာ လက်ရှိ နမ္မတီးမြို့ပေါ် ၆ နေရာလောက်မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ မိုးကာတွေနဲ့သာဆောက်လုပ်ထားတဲ့ မိုးကာတဲတွေလည်း ယိုယွင်းပျက်စီးလာပြီဲဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “အစထွက်ပြေးလာခဲ့ကြတဲ့အချိန်ကလို မဟုတ်တော့ဘူး။ အခု နေရာထိုင်ခင်းရဖို့အတွက်ပဲ အဓိက ဦးစားပေးဖြစ်သွားပြီ။ တခြား ဆောင်းရာသီရောက်ရင်တို့၊ မိုးရာသီရောက်ရင်တို့ ၊ ဟိုဟာနာ ဒီဟာဖျားလာရင်ဆိုပြီး တွေးပူနေရမယ့်အဆင့်တောင် မရောက်နိုင်တော့ဘူး။ နေရာတကာ ခြံတွေ၊ ဝင်းတွေ နည်းနည်းလွတ်တဲ့နေရာတွေ အားလုံးမှာ စုပြုံပြီးနေကြတယ်။ တချို့ကတော့ အဲလိုစစ်ဘေးရှောင်စခန်းမှာ မနေဘဲ ပိုင်ရှင်တွေမရှိတာ ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့ ခြံဝင်းတွေမှာ တဲဆောက်ယူပြီး နေကြတယ်။ ခက်ခက်ခဲခဲနဲ့ ကံလှ၊ မြို့သစ်၊ ညောင်တော၊ ၀အောင် တွေမှာ အပြည့်ပဲ” လို့ သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအသင်းတော်တွေဘက်ကလည်း စစ်ရှောင်တွေအတွက်လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမပေးနိုင်ပဲ အရေးပေါ် ခွဲစိတ်ရမယ့်လူနာတွေကိုသာ ကူညီနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြပ်တည်းမှုတွေကြား လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်း အရင်လိုမရှိတော့တဲ့အတွက် ဒီနှစ်တွေမှာ တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်ထူကိုယ်ထရပ်တည်နေကြရတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ဖားကန့်တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ဖားကန့်စစ်ဘေးရှောင်တွေအပြင် နောက်ထပ် ဝိုင်းမော်တိုက်ပွဲကြောင့် ဧရာ၀တီမြစ်ကမ်းဘေးတွေမှာ တိမ်းရှောင်ခိုလှုံနေကြရတဲ့ နောင်းချိန်းစစ်ဘေးရှောင်တွေအတွက်လည်း ကူညီမှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNCHR ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရှောင် တစ်သိန်းကျော် ထပ်တိုးလာတယ်လို့ သိရပါတယ်။…
Read More » -
Nov- 2025 -26 Novemberသတင်း
KIA နဲ့ KPDF နေရာယူထားတဲ့ဘက် ဒရုန်းပစ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးပြီး အရပ်သားထိခိုက်မှုဆက်ဖြစ်နေ
ဖားကန့်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးကာ ဒရုန်းလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အဦး၊ လူနေအိမ်ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သားထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၆ နာရီဝန်းကျင်ကစပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ…
Read More »









