ဖားကန့်
-
Jul- 2024 -9 Julyသတင်း
ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဝှေခါ၊ မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့ ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။ “ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ် တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့် တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဒါကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊တုပ်ကွေး၊ငှက်ဖျားဖြစ်သူတွေအနေနဲ့ ဆေးမှီတိုနဲ့ကုသခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ဆေးခန်းသေချာပြသင့်တယ်လို့လည်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ပိုးလောက်လောင်းတွေကို နှိမ်နှင်းရမှာပေါ့ ရေတွင်းရေကန်တွေမှာ ပိုးသေစေနိုင်တဲ့ ကလိုရင်းဆေးရည်တွေကို ရေနဲ့ချိန်ဆပြီးထည့်ပေးတာမျိုးပေါ့ တကယ်လို့ ဘယ်လိုမှ နှိမ်နှင်းလို့ မရတော့ဘူးဆိုရင် ခြင်အကိုက်မခံရအောင် ခြင်ထောင်ပြီးအိပ်တာတို့ အလုပ်လုပ်တဲ့အချိန် လက်ရှည်တွေဝတ်ပြီး လုပ်တာမျိုးလုပ်ဆောင်သင့်တယ်”လို့ ပြောပါတယ်။ လတ်တလော အဖြစ်များနေတဲ့ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဆိုရင်လည်း ခြင်ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး နေ့လည်ကိုက်တဲ့ခြင်က တုပ်ကွေးဖြစ်နိုင်ပြီး ညကိုက်တဲ့ ခြင်က ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် ဥရုချောင်းရေကြီးရေလျှံဖြစ်ခဲ့တဲ့နောက် မသန့်ရှင်းတဲ့ရေတွေကြောင့်လည်း ဝမ်းပျက်၊ဝမ်းလျှောဖြစ်ကြတာလို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ လက်ရှိဖားကန့်မြို့နယ်မှာ နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေသာမက ဆေးဝါးတွေလည်း သာမန်ထက် ဈေး ၂ ဆ ၃ ဆလောက် စျေးမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။ ဖားကန့်မြို့နယ်ဟာ စတုရန်းမိုင် ၂၂၃၈.၈၇ ကျယ်ဝန်းပြီး မြို့နယ်(၁)ခု၊ မြို့(၁)မြို့၊ ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၅ခုနဲ့ ကျေးရွာ ၅၄ခုထိရှိတဲ့ မြို့ဘဲ ဖြစ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဌာကရဲ့ ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၃၈၁၅ဦးထိရှိတဲ့ မြို့ နယ် ဖြစ်ပါတယ်။ By – Hope
Read More » -
8 Julyသတင်း
ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ
“မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။
Read More » -
3 Julyသတင်း
ဖားကန့်မှာ ရပ်ကွက် ၄ ခုရေဘေးသင့်နေဆဲဖြစ်ပြီး တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်နေ
ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်းရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရက်ကွက် ၄ ခု ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေကြီးရေလျှံလာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်တွေမှာရေဝင်ရောက်ပြီး ပြည်သူတွေရေဘေးသင့်နေတာ ၃ ရက်ကြာရှိသွားပြီဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဖားကန့်မှာမိုးတိတ်ပြီး ဥရုချောင်းရေ ၅ ပေလောက်ကျသွားပေမယ့်လည်း အထက်ဖော်ပြပါရပ်ကွက် ၄ ခုရဲ့တစ်ချို့နေရာမှာ ရေအနက်လူတစ်ရပ်ကျော်ထိရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ချောင်းရေတွေအမြန်မကျရတာဟာ ဉရုချောင်းကြမ်းပြင် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာက ရတနာနယ်မြေဆိုတော့ ချောင်းကြမ်းပြင်ကမြေကြီးတွေ တူးတာဆွတာတွေဆိုတော့ ရေကဘယ်လောက်ကြီးကြီး အပေါ်ကိုဘဲလျှံထွက်လာတာလေအဲလိုဖြစ်တာ”လို့ ဆိုပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာဒေသဖြစ်တာကြောင့် ကျောက်တူးဖော်မှုတွေဟာ ဆယ်စုနှစ်တစ်စုကြာလာနေတဲ့အပြင် ကျောက်စိမ်းကုမ္မဏီကနေစွန်ပစ်တဲ့မြေစာတွေဟာလည်း ချောင်းနံဘေးတွေမှာသာ အများပိုင်းစွန့်ပစ်ကြတာဖြစ်ပါတယ်။ ချောင်းနံဘေးကမြေစာပုံတွေဟာ မိုးရာသီရောက်လာချိန်မှာတော့ မိုးရေနဲ့အတူချောင်းထဲစီးဝင်သွားတာကြောင့် နှုံးတွေစုပုံလာတဲ့အတွက် ချောင်းကြမ်းပြင်ပိုမြင့်တက်လာတဲ့အတွက် နှစ်တိုင်းရေကြီးရေလျှံမှုတွေဟာ ပိုပြီးဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကိုတော့ ကွန်ဖောင်းဒေးရှင်းပရဟိသလူငယ်အသင်းကနေပြီးတော့ ရလာတဲ့ အလှူငွေတွေကို စီမံခန့်ခွဲပြီး တစ်နေ့ကို နှစ်ကြိမ် ထမင်းထုပ်နဲ့သောက်ရေတွေကို အိမ်တိုင်ရာရောက် လှေတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပြီး ရေဘေးသင့် ပြည်သူတွေထဲက ၉၀ရာခိုင်နှုန်းဝန်းကျင်ဟာ နေအိမ်တွင်းမှာဘဲ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုကြောင့် မီးတိုင်တွေပျက်စီးပြီး လျှပ်စစ်မီးပျက်နေတာ ၅ ရက်လောက်ရှိပြီလို့ သိရပြီး ပြန်လည်ပြုပြင်ဖို့ အချိန် တစ်လလောက်ကြာမြင့်နိုင်တယ်လို့ ဖားကန့်မြို့နေ ပြည်သူတွေဆီကနေ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် ဖားကန့်မြို့ထဲက ပြည်သူတွေဟာ ဖုန်းအားတွေကုန်ပြီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ခက်ခဲလာသလို အစားအသောက်ချက်ပြတ်ရာမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “အခြေကတော့ တော်တော်ဆိုးရွားတယ်ဗျ မီးပျက်တဲ့ အခါကျတော့ မီးစက်တွေ နိုးဖို့ အတွက်ဆိုရင်လည်း ဆီဈေးတွေလည်း ဈေးကြီးတော့ ဓာတ်ဆီတွေလည်း လုံလုံလောက်လောက်မရ”လို့ပြောပါတယ်။ လက်ရှိဖားကန့်မြို့မှာ ဆီဈေး တစ်ဂါလံကို ၃ သောင်းဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ကို အနည်း ဆုံး ၁ သိန်းဝန်းကျင်နဲ့ ကြက်သွန်နီ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ထိ မြင့်တက်နေတယ်လို့ ဖားကန့်မြို့နေ ပြည်သူကပြောပါတယ်။ ဒါအပြင် ကွန်ဖောင်ဒေးရှင်း ပရဟိသ လူငယ်အသင်းရဲ့ ဖော်ပြချက်အရ ရေဘေးသင့်ပြည်သူ ဦးရေဟာ မြို့မရပ်ကွက် ၅၃၄ ဦး၊ ငှက်ပျောတောရပ်ကွက် ၇၅၀ ဦး၊ မရှီကတောင်ရပ်ကွက် ၂၅၀ ဦးနဲ့ အေးမြသာယာရပ်ကွက် ၇၂၄ဦး ထိရှိနေတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
2 Julyသတင်း
ဖားကန့်မြို့မှာ လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ
ဖားကန့်မြို့ ငှက်ပျော်တောရပ်ကွက်မှာ ရေဘေးရှောင်တွေစီးလာတဲ့ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျှောပါသွားတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ မနေ့က ၇နာရီ ၂၀ မိနစ်ဝန်းကျင် ငှက်ပျော်တောရပ်ကွက်၊ အောက်လမ်း ဦးဝေလင်းအကင်ဆိုင်နားမှာ ပြည်သူ ၅ ဦးလိုက်ပါလာတဲ့ လှေတစ််််စီး တိမ်းမှောက်ခဲ့တာဘဲ ဖြစ်ပါတယ်။ လှေတိမ်းမှောက်မှုမှာ လူ ၄ ဦးကိုသာ အသက်ရှင်လျက်ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ငှက်ပျော်တောရပ်ကွက်နေ ဒေါ်မိုးအေးဆိုတဲ့ အမျိုးသမီးကတော့ရေစီးနဲ့ အတူမျှောပါသွားပြီး ခုထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လှေတိမ်းမှောက်မှုမှာပါလာတဲ့ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။ “ညီမတို့လည်း မှောက်တဲ့ထဲပါတာဘဲ ကံကောင်းလို့ သူများဆယ်ပေးထားတာ ရေစီးအရမ်းသန်လို့လေ ရေကအရမ်းစီးနေတာ ရေကတော်တော်နက်တယ်”လို့ ဆိုပါတယ်။ လှေတိမ်းမှောက်တဲ့နေရာဟာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေအနက်ကတော့ ၁၀ပေနဲ့ ၁၅ပေအကြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီရေတွေဟာ ဖားကန့်မှာမိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေလျှံပြီး လမ်းပေါ်ကို ဖြတ်စီးနေတဲ့ရေတွေဖြစ်တယ်လို့ သိရပါတယ်။ ဥရုချောင်းရေဟာ မနေ့ညနေပိုင်း ၃ ပေလောက်ကျသွားပေမယ့်လည်း ဒီမနက်ကတော့ရေပြန်တက်လာတဲ့အတွက် ပျောက်ဆုံးသွားတဲ့အမျိုးသမီးကို ရှာဖွေဖို့ခက်ခဲနေတယ်လို့ ရေဘေးသင့်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရေက မကျသေးတဲ့ ကျွန်တော်တို့ကရှာဖို့ မဖြစ်နိုင်သေးဘူးဖြစ်နေတာ ရေစီးသန်လို့ ကျွန်တော်တို့ အခုထမင်းဘူးဝေဖို့ လုပ်နေတာတောင်မှ ကျွမ်းကျွမ်းကျင်ကျင်လှော်တတ်တဲ့သူ ၂ယောက်ပါမှ အဆင်ပြေတာ“လို့ ဆိုပါတယ်။ လက်ရှိချိန်ထိ ဖားကန့်မှာမိုးတွေရွာနေဆဲဖြစ်ပြီး ဉရုချောင်းရေလျှံမှုကြောင့် မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်၊ ငှက်ပျော်တောရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်မှာလက်ရှိ ရေဘေးသင့်ပြည်သူ ၂၂၅၈ဦး ထိရှိနေပြီဖြစ်ပြီး မှော်ဝမ်းရပ်ကွက်တစ်ခုသာ ရေဘေးလွတ်ကင်းနေတာဖြစ်တယ်လို့ ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း ဖာကန့်မြို့ ကနေသိရပါတယ်။ By – Hope
Read More » -
Jun- 2024 -27 Juneသတင်း
ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။ ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
26 Juneသတင်း
ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့် ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)
Read More » -
24 Juneသတင်း
အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်
မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်တော်ကြီးနဲ့ ဖားကန့်မြို့နယ်စပ်ကြားမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ စုပေါင်းနေထိုင်ထားတဲ့ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စစ်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “တပ်စခန်း ၃ ကိုတော့သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက်ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေလုပ်နေတယ်။ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတစ်ဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ချောင်းဝစစ်တပ်စခန်းကိုတော့ ဇွန်လ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ အဲဒီတပ်စခန်းတွေဟာ အင်းတော်ကြီးဒေသ အနီးတဝိုက်နဲ့ ဖားကန့်ဘက်ကိုသွားတဲ့ လမ်းကြော လုံခြုံရေးရယူထားတဲ့ ရှေ့တန်းတပ်စခန်းတွေဖြစ်ပြီး ညောင်ပင်တပ်စခန်းမှာက စစ်အင်အား ၅၀ ဝန်းကျင်လောက်ရှိပြီးတော့ ချောင်းဝနဲ့ ဝှေလုံ တပ်စခန်း ၂ ခုမှာက အင်အား ၃၀ ဝန်းကျင်စီရှိကြတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့အနီးတဝိုက်က ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ အင်းတော်ကြီးဒေသ ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာဟာ ဖားကန့်ဒေသ ဝှေခါလမ်းအဝင်အထွက်ကို KIA တပ်တွေ ထိန်းချုပ်လိုက်ဖို့အတွက်ဖြစ်တယ်လို့ ဖားကန့်ဒေသတစ်ဦးလည်း သုံးသပ်ပြောဆိုထားပါတယ်။ “အခုဖြစ်တဲ့နေရာတွေက ဖားကန့်ကို ဆက်သွယ်ထားတဲ့ ဝှေခါလမ်းပေါ်မှာဖြစ်တယ်။ မိုးညှင်း၊ ဟိုပင်တွေကနေ ဖားကန့်ကို သွားတဲ့ အဝင်အထွက်လမ်းပေါ့။ ပြီးခဲ့တဲ့လတွေမှာလည်း ဖားကန့် ဝှေခါ – တာမခံလမ်းတွေလည်း KIA က ထိန်းချုပ်လိုက်ပြီးဆိုတော့ ဒီလမ်းတွေကို ပြန်ထိန်းချုပ်ဖို့လို့ပဲထင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်တဲ့ အင်းတော်ကြီးဒေသတဝိုက် လုံးတုံ၊ နန့်မွန် စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်သေးတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဖားကန့်ဒေသကို သွားတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ မြစ်ကြီးနား – ကားမိုင်းလမ်း၊ စစ်ကိုင်းအစပ် ဝှေခါ – တာမခံလမ်းကြောင်းတွေကို KIA တပ်တွေက ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ ထိန်းချုပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ မိုးညှင်းမြို့နယ်ထဲက ဝင်တဲ့ လမ်းကြောင်းကိုထိန်းချုပ်ဖို့ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
20 Juneသတင်း
နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ
“မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။
Read More » -
19 Juneသတင်း
ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ
ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…
Read More » -
13 Juneသတင်း
ဖားကန့်မှာ မြေစာပုံပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး
ဖားကန့်မြို့ မှော်စီဇာကျေးရွာမှာရှိတဲ့ သာယာကုန်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးတစ်ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီဝန်းကျင် သာယာကုန်းရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ အမျိုးသား ၄ ဦး ကျောက်တူးနေချိန် လုပ်ကွက်ရဲအထက်မှာရှိတဲ့ မြေစာပြိုလာတာကြောင့် တစ်ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ “သေတာက တစ်ယောက်ထဲဗျ အပေါ်က မြေစာပုံပြိုကျပြီး ပိချသွားတာ ဒဏ်ရာရတဲ့သူတွေကိုတော့ ဖားကန့်ဆေးရုံပို့လိုက်ပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မြေစာပိသေဆုံးတဲ့ အမျိုးသားဟာ အသက် ၁၇ နှစ်ဝန်းကျင်သာရှိသေးတယ်လို့သိရပြီး အမည်နာမအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် အဲဒီလုပ်ကွက်ဟာ မိုးရာသီကာလဖြစ်တာကြောင့် ကျောက်စိမ်းလုပ်ကွက်ပိတ်ထားတာဖြစ်ပြီး လုပ်ကွက်ပိတ်ချိန် ရေမဆေးရှာဖွေသူတွေက လက်ကျင်းနဲ့ဝင်ရောက်တူးရာကနေ ခုလိုမြေစာပိသေဆုံးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ “သူကလက်ကျင်းနဲ့ဝင်တူးတာလို့ ပြောကြတယ် ခုက မိုးတွင်းဆိုတော့လေ အန္တာရယ်များတယ် အာ့ကြောင့် လုပ်ကွက်ကပိတ်ထားတာအဲချိန်ဝင်တူးကြတာလို့ ပြောတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားကန့်မှာ နှစ်တိုင်းမိုးရာသီကာလရောက်လာချိန် လုပ်ကွက်မြေပြိုမှု မကြာခနဖြစ်ပွားနေပြီး ၂၀၁၅ ခုနှစ်ဒီဇင်ဘာလမှာ မြေစာပုံပြို ကျမှုကတော့လူပေါင်း ၁၁၄ ဦး အလောင်းသေဆုံးပြီး ၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာတော့ ဝှေခါကျေးရွာ ရပ်ကွက် ၆ ရှိ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ ကျင်းကမ်းပါး ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၇၂ ဦး အထိ စံချိန် တင်သေဆုံးခဲ့ပြီး ၅၄ ဦးဒဏ်ရာများရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပထမအများ ဆုံးစံချိန်တင်သေဆုံးမှုဖြစ်ခဲ့ပါတယ်။ By – CJ
Read More »