ဗန်းမော်

  • Aug- 2025 -
    12 August
    သတင်း

    စစ်သင်္ဘောကနေထွက်ပြေးလာတဲ့ ဒုရဲအုပ်နဲ့စစ်မှုထမ်း ၂ ဦးကို NUG ထိန်းသိမ်းထား

    ကချင်ပြည်နယ်ဗန်းမော်ကိုရောက်လာတဲ့ စစ်သင်္ဘောတွေနဲ့အတူပါလာတဲ့ ဒုရဲအုပ်အပါအဝင် အဓ္ဓမလူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း ၂ဦးကိုအမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကထိန်းသိမ်းစောက်ရှောက်ထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင်…

    Read More »
  • 8 August
    သတင်း

    ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့

    မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့…

    Read More »
  • 7 August
    သတင်း

    စကခ (၂၁) တပ်တွင်း လေယာဥ်နဲ့ချပေးတဲ့ရိက္ခာ ဈေးအဆမတန်တင်ရောင်းနေတဲ့အတွက် တပ်မိသားစုတွေ စားနပ်ရိက္ခာပိုကြပ်တည်းလာတယ်လို့ဆို

    မြို့သိမ်းတိုက်ပွဲပြင်းထန်‌နေတဲ့ ဗန်းမော်မြို့ စကခ (၂၁) တပ်ထဲမှာ လေယာဉ်နဲ့ချပေးတဲ့ရိက္ခာ တွေကို ဈေးအဆမတန်ရောင်းနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းများ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြိီး KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တိုက်ပွဲစတင်ချိန်ကစလို့ ရိက္ခာပို့လို့ရတဲ့ လမ်းကြောင်းအားလုံး…

    Read More »
  • 6 August
    သတင်း

    စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ

    ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • 1 August
    သတင်း

    စစ်သင်္ဘောအားလုံး ဗန်း‌မော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသောရဟတ်ယာဥ်တွေနဲ့မြစ်ကမ်းဘေးတစ်လျှောက်ကိုပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြားအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။အဲ့မှာမြစ်ကျဥ်းတစ်ဝှိုက်ပစ်ကြခတ်ကြတော့…

    Read More »
  • Jul- 2025 -
    29 July
    သတင်း

    ဗန်းမော်ကိုဦးတည်‌နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး…

    Read More »
  • 17 July
    သတင်း

    စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်

    အာဏာသိမ်းစစ်‌ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘော‌အပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။ “ကျနော်တို့ခန့်မှန်းတာကတော့ ဒီလကုန်လောက်ဆိုဗန်းမော်အထိတက်နိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကုန်တွေကလည်းများတယ် ရိက္ခာကလည်းများတယ်ဗျ။…

    Read More »
  • 9 July
    သတင်း

    KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအကျယ်ချုပ်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းနဲ့ ဗန်းမော်ထိုးစစ်မရပ်ရင် တရုတ်အစိုးရက မြေရှားမဝယ်တော့ဘူးဆိုတဲ့ သတင်းအကြောင်းအရာ နှစ်ရပ်စလုံးက အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေသာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကိစ္စနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက်…

    Read More »
  • 2 July
    အင်တာဗျူး

    မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ…

    Read More »
  • 1 July
    သတင်း

    ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ ကျန်းမာရေးဆိုးရွားသူများလာ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ အစာအာဟာရ ပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေနေဆိုးရွားသူများလာနေတယ်လို့ တပ်မှ KIA ပူးပေါင်းတပ်ထံ ထွက်ပြေးလာသူတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းနေရာတစ်ချို့နဲ့ ရှေ့ကာကင်းစခန်းအများပိုင်းသိမ်းယူထားနိုင်ပြီဖြစ်ပေမယ့် ဗန်းမော်အကျဉ်းထောင်အနီးရှိ စကခ…

    Read More »
Back to top button