ဗန်းမော်
-
Oct- 2024 -31 Octoberသတင်း
မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗန်းမော်ဘက်က စစ်တင့်ကား ၄ စီးပါတဲ့စစ်ကြောင်းတစ်ခု ထပ်မံစစ်အင်အားတိုးချဲ့လားပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မိုးမောက်ဘက်မှာ ဒီလ ၂၀ ရက်နေ့ကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ တစ်နေ့ကနဲ့ မနေ့အထိတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ လုံးဝငြိမ်သွားတဲ့ ပုံစံမဟုတ်ဘူး။ တိုက်ပွဲက ဖြစ်နေတုန်း။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေသေးတဲ့အတွက် တိုက်ပွဲက ဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က တင့်ကား၊ ဒရုန်းလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်လဝန်းကျင်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကုန်းကျော်လွန်လာပြီး ၈ မိုင်နားအထိ စစ်ကောင်စီတပ်တွေ နီးကပ်လာတာရှိတယ်လို့လည်း သိရပါတယ်။ KIA တပ်တွေလည်း မိုးမောက်မြို့နယ်ဘက်ခြမ်းကို မကျော်တက်လာနိုင်အောင် ခမရ ၄၃၇ တပ်ရင်းသိမ်းပြီးကတည်းက ၃ လခန့်အထိ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ဟုတ်တယ်ဗျ။ မနက်က လာပစ်တာ ၄ ကြိမ်ရှိပြီ ထိခိုက်မှုတော့မသိရသေးဘူး။ ဥရုချောင်းမှာလည်း ကျတာတွေရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်းတောင်မှာလည်း စစ်တပ်ရဲ့လေယာဉ်လာရောက်ပျံဝဲနေတယ်လို့ ဆိုင်းတောင်ဒေသခံတွေပြောပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ ထိစပ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ကချင်အထူးဒေသ(၁) ဖီမော်မြို့စောင့်တပ် အမှတ် ၁၀၀၁ တပ်ရင်းနေရာကိုလည်း KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ဌာနချုပ် နေရာဖြစ်တဲ့ ဖီဖော် ၁၀၀၁ နေရာကို KIA ဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆက်အသွယ်အခက်အခဲကြောင့် အတည်ပြုဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA တပ်တွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာပဲ တရုတ်နယ်စစ်တစ်ကြောမှာရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့အပါ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲဲ့ လုပီ ၁၀၀၂၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး အမှတ် ၁၀၀၁ တပ်ရင်းတစ်ခုသာကျန်နေတာလည်း ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Octoberသတင်း
မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ
ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …
Read More » -
21 Octoberသတင်း
ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ပေါ်အတွင်း ကင်းပတ်လေ့ရှိပြီး ဒေသခံတွေအများအပြားသွားလာတတ်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်ကပြောပါတယ်။ “အရင်က အင်တာနက်မဖြတ်ခင်ကတော့ VPN လောက်ပဲစစ်တာ။ အခုက အင်တာနက်ပြတ်သွားတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖုန်းသုံးတာတို့ဆို မသင်္ကာလို့ဆိုပြီးစစ်ဆေးတာမျိုးပေါ့။ တပ်ဘက်ကလူတွေက လက်ဖက်ရည်ဆိုင်တို့ လူများတဲ့နေရာတွေမှာ နေရာဝင်ယူထားတယ်။ စစ်ဆေးခံရ တာတွေလည်း များတယ်။ အဓိကစစ်ဆေးတာကတော့ ပုံတွေနဲ့ We Chat တွေကိုစစ်တယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖုန်းနဲ့အင်တာနက်လိုင်းမဖြတ်ခင်ကာလတွေမှာ လူငယ်တွေနဲ့ သက်လတ်ပိုင်း အမျိုးသားတွေကိုသာ ရှောင်တခင်စစ်ဆေးလေ့ရှိတာဖြစ်ပြီး အင်တာနက်ဖြတ်ပြီးကာလတွေမှာတော့ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေးစစ်ဆေးတာတွေလုပ်နေတယ်လို့ ပြောပါတယ်။ မြို့တွင်းစစ်ဆေးတာတွေလုပ်တဲ့အခါမှာလည်း အရပ်ဝတ်နဲ့လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့နဲ့ စရဖ( စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ) တွေပူးပေါင်းပြီး စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်တစ်ဝှမ်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၃ လပြည့်ပြီ ဖြစ်ပြီး ဗန်းမော်မြို့နယ်အတွင်းမှာ အော်ရီဒူးအင်တာနက်လိုင်းတော့ တစ်ခါတစ်ရံ ရတတ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။ “ဆက်သွယ်ရေးကတော့တော်တော်လေးခက်တာပေါ့။ သူတို့က သမင်သကာကိုဖြတ်ထားတာ။ အော်ရီဒူးဆို လိုင်းပြန်ရရင်တောင် တိုက်ပွဲဖြစ်တဲ့အခြေနေပေါ်မူတည်ပြီးဖြတ်တယ်။ လောလောဆယ်တော့ အော်ရီဒူး ပြန်ရတယ်။ မနက်ခင်းပိုင်းနဲ့ ညပိုင်းကိုအချိန်အကန့်အသတ်နဲ့ပေးတယ်။ အင်တာနက်ကတော့လုံးဝမရ ဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြို့တော်မြစ်ကြီးနားမြို့မှာတော့ အင်တာနက်လိုင်းအသုံးပြု ဖို့ အခကြေးငွေပေးပြီးအသုံးပြုလို့ရတဲ့ဆိုင်တွေအများအပြားရှိလာပြီဖြစ်ပေမဲ့ ဗန်းမော်မြို့ပေါ်မှာတော့ အင်တာနက်အသုံးပြုနိုင်တဲ့နေရာတွေမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ အခုလို ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရထားရတာ ၃ လကြာရှိလာတဲ့အခြေနေနဲ့ပတ်သက်လို့လည်း KNG က စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဆက်သွယ်ခဲ့ပေမဲ့ဖုန်းစက်ပိတ်ထားပါတယ်။ By – အမိုး
Read More » -
Sep- 2024 -26 Septemberသတင်း
မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်နဲ့ စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မိုးမောက်မြို့တစ်လုံးအပါ ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ…
Read More » -
19 Septemberသတင်း
ဗန်းမော်မြို့ကို စစ်သင်္ဘောတစ်စီးရောက် လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူအတည်ပြု
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတစ်စီးနဲ့ မနေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။ ဗန်းမော်မြို့နယ်ကိုရောက်ရှိလာတဲ့ စစ်သင်္ဘောတွေထဲမှာ စစ်လက်နက်ရိက္ခာတင်ယာဥ် သင်္ဘောအကြီးစား တစ်စီးနဲ့ အဲ့ဒီစစ်သင်္ဘောတွေကိုတွန်းဖို့အတွက် သံခွန်ယာဥ် ၂ စီး…
Read More » -
19 Septemberသတင်း
ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။”လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော ၅ စီးထဲက သံခွန်ယာဥ်အသေးစား ၂ စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
13 Septemberသတင်း
KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ
“တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။
Read More » -
4 Septemberသတင်း
ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမောက်နဲ့ မိုးမောက်ကြားက ၇ မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး ၈ လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ၆ မိုင်၊ ၇ မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ ၈ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲ”လို့ပြောပါတယ်။ KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
4 Septemberသတင်း
KIO ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ
မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့နေရာဒေသတွေဆီ မပြန်နိုင်သေးဘူးပေါ့ ဒါပေမယ့်လည်း လယ်ယာစိုက်ခင်းတွေကိုတော့ ကိုယ့်ဒေသမှာဘဲလုပ်ကြနေကြတာဆိုတော့ သွားလာရေးအတွက် ကျွန်တော်တို့ KIO အစိုးရကနေပြီးတော့ တက်နိုင်သလောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လုပ် ဘတ်စ်ကားတွေကို စီစဉ်ပေးတာပါ”လို့ ပြောပါတယ်။ ဘတ်စ်ကားလိုင်းပြေးဆွဲတာကိုတော့ မနေ့က(စက်တင်ဘာ၂ရက်နေ့)ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး လိုင်ဇာ– မြစ်ကြီးနားသွားလမ်းတစ်လျှောက်မှာရှိတဲ့ ဂန်ဒေါင်ယန်ထိ နှစ်ထောင့်ငါးကျပ် (၂၅၀၀) နဲ့ ဂါးရာယန်ထိ ကျပ် ငါးထောင်ကျပ်(၅၀၀၀)အပြင် လိုင်ဇာကနေ ဗန်းမော်သွားလမ်းတစ်လျှောက်မှာရှိတဲ့ ဒေါ့ဖုန်းယန်ထိ ကျပ် နှစ်ထောင့်ငါးရာ(၂၅၀၀)နဲ့ မြို့သစ်ကုန်းလောထိ ကျပ် ငါးထောင်(၅၀၀၀)ထိအသီးသီးကျသင့်မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ဘတ်စ်ကားခက ဈေးသက်သာတဲ့အတွက် အရပ်သားပြည်သူတွေသာမက KIO အစိုးရအောက်က ဝန်ထမ်းတွေအားလုံးလည်း ကားခပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အလားတူဘဲ ဆန်၊စပါး၊ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နန်း၊ ဂျင်း၊ အားလူးစတဲ့ ပစ္စည်းတစ်အိတ်ကို ကျပ် နှစ်ထောင် (၂၀၀၀) ကျသင့်မှာ ဖြစ်ပြီး စားဆီ၂၅လီတာတစ်ဗူးကို တစ်ထောင်ကျပ်နဲ့ ဟင်းသီးဟင်းရွက်တစ်အိတ်ကို ၅၀၀ ထိကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုဈေးနှုန်းချိုသာစွာနဲ့ ဘတ်စ်ကားပြေးဆွဲပေးတာကြောင့် ပြည်သူတွေရဲ့ သွားလာရေးအတွက် အကုန်အကျသက်သာပြီး ပိုမိုအဆင်ပြေလာတယ်လို့ လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းစရိတ်တွေလည်း အရမ်းဈေးကြီးနေတယ် အခုအချိန်က ကိုယ်က ဆိုင်ကယ်မရှိ ကားမရှိဆိုတော့ သွားလာလို့မရ ငှားရအောင်လည်း မလွယ်တော့ အခုလို ဘတ်စ်ကားတွေ စီစဉ်လုပ်ပေးတော့ အကုန်လုံးက အရမ်းဝမ်းသာနေကြတယ်”လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် လိုင်ဇာမြို့ကနေ မြစ်ကြီးနားအသွားအပြန်ကို ၆ သိန်းဝန်းကျင်လောက် ကုန်ကျတာဖြစ်ပေမယ့်လည်း ခုလို လိုင်ဇာ–မြစ်ကြီးနားသွားလမ်းတစ်လျှောက် ဘတ်စ်ကားပြေးဆွဲပေးတဲ့အတွက် အရပ်သားပြည်သူတွေအတွက် သွားလာရေးစရိတ်ပိုမို ချွေတာလာနိုင်တာဘဲ ဖြစ်ပါတယ်။ လက်ရှိကားလမ်းပြေးဆွဲတဲ့ အချိန်တွေကိုတော့ မနက် ၇ နာရီခွဲအချိန် ဂါးရာယန်၊ ညနေပိုင်း ၁ နာရီမှာတော့ မြို့သစ်ကုန်းလော သတ်မှတ်ထားတာဖြစ်ပြီး လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ပြေးဆွဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်တွေဟာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့အပြင် မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီး စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးယန္တရားစပြီးလည်ပတ်နေပြီဖြစ်ပါတယ်။ By – Hope
Read More » -
3 Septemberသတင်း
ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြို့တွင်း ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကလေးခွဲမွေးဖို့လိုအပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့လူနာတွေ၊နာမကျန်းဖြစ်သူတွေ ဆေးရုံ၊ဆေးခန်းပြဖို့ ခက်ခဲနေကြပြီး အသက်သေဆုံးတဲ့ကလေးတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ကျမမျက်စိရှေ့မှာဘဲ အပြင်ဆေးရုံတစ်ခုမှာ ကလေးခွဲမမွေးနိုင်ဖို့ အရေးပေါ်ခွဲမွေးရမယ့် ကိုယ်ဝန်ဆောင်တစ်ယောက် အမြန်မခွဲနိုင်တော့ ကလေးကရေမွှာမွန်းပြီးသေသွားတယ် ဆရာဝန်တွေက မရှိကြတော့ အရေးပေါ်ခွဲရမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ဆေးရုံရက်ချိန်းလူနာတွေအရမ်းဒုက္ခရောက်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ အပြင် ပုဂ္ဂလိကဆေးရုံအားလုံးနီးပါးမှာ ဗန်းမော် ၄ မိုင် စစ်ဆေးရုံကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေများတယ်လို့ ဆိုပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း CDM လုပ်သွားတဲ့ ဆရာဝန်တွေရှိသလို Non CDM ဆရာဝန်အများပိုင်းက KIA ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတင်လာတဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ထွက်ပြေးတိမ်းရှောင်သွားသူတွေရှိတယ်လို့ သိရပြီး ကျန်တဲ့ဆရာဝန်တွေကလည်း စစ်ဆေးရုံကနေထွက်ခွင့်မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ခုနောက်ပိုင်းက စစ်တပ်ထဲက ဆေးရုံမှာလည်း တိုက်ပွဲမှာဒဏ်ရာရတဲ့ရဲဘော် ခြေပြတ် လက်ပြတ်တာတွေ အပြတ်တွေများလာတော့ သူတို့ဆေးရုံထဲမှာလည်း ဆရာဝန်တွေက အချိန်ပြည့်လိုနေတော့ အပြင်ကိုပေးမထွက်တော့တာဟုတ်တယ်။ အဲကြောင့် အပြင်ဆေးရုံတွေမှာသွားပြလည်း ဆရာဝန်မရှိဘူးဘဲပြောနေကြတာ”လို့…
Read More »









