ဗန်းမော်
-
Feb- 2025 -19 Februaryတိုက်ပွဲ
ဗန်းမော် အမတ ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုကို KIA သိမ်းပိုက်ပြီး စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်း နှစ်ခုကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် စကခ ၂၁ မှာ နှစ်ဖက်တပ်က တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သိမ်းပိုက်ရရှိပြီလို့ ပြောနေတဲ့ အမတ…
Read More » -
18 Februaryသတင်း
ရွှေကူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထား
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး မြို့ဝင်မြို့ထွက်နေရာတွေကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထွက်ရှိ ရွှေကူ–ဗန်းမော်ကားလမ်းပိုင်းက အထက်လေးလမ်းဆုံဂိတ်နဲ့ ရွှေကူမြို့အဝင်ရှိ ရွှေကူ–မန္တလေး ကားလမ်းက အောက်လေးလမ်းဆုံဂိတ်တွေမှာ အင်းအားသုံးဂိတ်ထိုင်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို…
Read More » -
11 Februaryတိုက်ပွဲ
ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့ကို KIA က ဖမ်းဆီးရမိပြီး တပ်နဲ့ စခန်းတွေကိုလည်း သိမ်းပိုက်ရရှိ
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။ ဇန်နဝါရီလဆန်းကတည်းက…
Read More » -
Jan- 2025 -31 Januaryသတင်း
လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ
ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာတပ် နဲ့ အမြောက်တပ် နှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း Laisin နေရာတွေကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လိုင်ဇာ…
Read More » -
27 Januaryတိုက်ပွဲ
ဗန်းမော် လေယာဉ်ကွင်း KIA ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်
ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့် တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဗန်းမော်လေယာဉ်ကွင်း တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “လေယာဉ်ကွင်း အားလုံးက ရှင်းလင်းသိမ်းပိုက်လိုက်ပြီ ဘာမရှိတော့ဘူး။ အခုက လေယာဉ်ကွင်းကို ကျော်ပြီး စကခ…
Read More » -
21 Januaryသတင်း
ဗန်းမော် ခလရ ၄၇ နဲ့ စကခ(၂၁) နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေဆဲ
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လိို့သိရပါတယ်။ KIA ဘက်ကနေ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့…
Read More » -
15 Januaryသတင်း
ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်
ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…
Read More » -
9 Januaryစစ်ပြေးဒုက္ခသည်များ
ဗန်းမော် စစ်ရှောင် တစ်သောင်းခွဲ အရေးပေါ် အကူအညီ လိုအပ်နေ
ဗန်းမော် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူဦးရေ တစ်သောင်ခွဲ မှာ အရေးပေါ် အကူအညီ မရရှိတဲ့အတွက် အစားအသောက် နဲ့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော် စစ်ရှောင်များမှာ မြို့မြောက်ဘက်၊ တောင်ဘက်ပိုင်း နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျောက် ကျေးရွာတွေမှာ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ တောင်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်းတလျောက်ရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊…
Read More » -
3 Januaryသတင်း
တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး
တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။…
Read More » -
Dec- 2024 -18 Decemberစစ်ပြေးဒုက္ခသည်များ
ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ
ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။ “စစ်ရှောင်တဲ့သူတွေတော်တော်များများ…
Read More »