ဗုံးကြဲတိုက်ခိုက်

  • May- 2026 -
    23 May
    သတင်း

    ပယင်းမှော်ဒေသကိုရဖို့ စစ်ကောင်စီပူးပေါင်းတပ်ထိုးစစ်ဆင်ပြီး ဗုံးကြဲတိုက်ခိုက်နေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ဒေသတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    Read More »
  • Mar- 2026 -
    20 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကသာမြို့လယ်ခေါင် ဗုံးကြဲခံရ၊ သေဆုံးဒဏ်ရာရသူတွေများနိုင်တယ်လို့ဆို

    စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့ အမည်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဒီမနက် ၁၁ နာရီဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာ ရသူတွေများနိုင် တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးကတော့…

    Read More »
  • 17 March
    သတင်း

    ကချင်ပြည်နယ်ဝင်ပေါက်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆယ်ရက်အတွင်း အရပ်သား ၂၄ ဦးသေဆုံး

    ကချင်ပြည်နယ်ရဲ့ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့်နဲ့ မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကိုရင် ၄ ပါး၊ ဦးဇင်း ၂ ပါးအပါအဝင် စုစုပေါင်းလူဦးရေ ၂၄ ဦး အထိသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၁ ရက်နေ့ ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ကျေးရွာတိုက်ခိုက်ခံရချိန်တွင် အရပ်သား ၁၀ ဦး၊ မတ်လ ၅ ရက်နေ့ ကောလင်း မြို့နယ် ကချင်ကုန်းရွာတိုက်ခိုက်ခံရချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်နောက်ထပ်အမျိုးသမီးတစ်ဦး၊ မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ထီးချိုင်မြို့နယ်အနှံ့ရှိကျေးရွာများလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကိုရင်နှင့်ဦးဇင်းများအပါအဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစလို့ မတ်လ ၁၀ ရက်နေ့အထိ စစ်ကော်မရှင်တပ်က အထက်ပါမြို့တွေကို ဆက်တိုက်လေကြောင်း အသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထူးခြားချက်ကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာနှစ်ဖက်လက်နက်ကိုင်တပ် တွေအကြားတစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။ “ထီးချိုင့်မြို့ကတော့ မန္တလေးတိုင်းနဲ့ဆက်စပ်နေတယ်ပေါ့နော်။ မန္တလေးတိုင်းတကောင်းမှာဆိုရင် သူတို့စစ်ကြောင်းက ရောက်နေပြီ။ တကောင်းမြို့ကိုပြန်သိမ်းသွားတဲ့အခြေနေလည်းရှိတယ်။ တကောင်းပြီးရင် ထီးချိုင့်လာလိမ့် မယ်လို့ သူတို့ စစ်တပ်လော်ဘီတွေကနေကြွေးကြော်ထားတာတွေလည်းရှိတယ်။ သူတို့က ထီးချိုင့်ကိုလည်းလေကြောင်းတိုက်ခိုက်တာက လာပြီးခြိမ်းခြောက်နေတယ်လို့တော့ထင်တယ်။ မကြာခင်ထီးချိုင့်လာတော့မယ် ဆိုတဲ့ပုံစံမျိုးပေါ့။ လေကြောင်းတိုက်ခိုက် တာက ကချင်ပြည်နယ်အဝမှမဟုတ်ပါဘူး။ နေရာတိုင်းနီးပါးမှာက လေကြောင်းတိုက်ခိုက်မှုတွေသူတို့ပြုလုပ်နေကြတယ်။ ဒါကတော့ သူတို့အားသာတာက လေကြောင်းတစ်ခုပဲရှိတာ ဒါကြောင့်မို့လို့ထင်ပါတယ်။”လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကိုလေ့လာကြည့်ရင် အရပ်သားတွေနေထိုင်ရာပတ်ဝန်းကျင်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စစ်ရှောင်တွေခိုလှုံရာအဆောက်အဦးတွေအပါအဝင် အရပ်သားပစ်မှတ်တွေကိုပဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါတယ်။ တစ်ဖက်မှာ ဒီဆယ်ရက်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြား ထိခိုက်ဒဏ်ရာရရှိသူကတော့ လူဦးရေ ၃၀ ဦးထက် မနည်းရှိခဲ့သလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်၊ ဆေးရုံအဆောက်အဦး နဲ့ စပါးတိုက်၊ ကားတွေအပါအဝင် အရပ်သား နေအိမ်များစွာ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၁၀ ရက်နေ့မှာပဲ ဗန်းမော်မြို့နယ် စင်းခန်းရွာ ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေဖောင်တွေကို စစ်ကော်မရှင်က လေကြောင်းကနေဂျက်ဖိုက်တာ ၃ စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး သေဆုံးတဲ့လူဦးရေ ၃၀ ခန့်ရှိတယ်လို့သိရပေမဲ့ ရုပ်အလောင်း တွေကတော့ပျောက်ဆုံးနေဆဲလို့သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက ဒေသခံတွေကတော့  ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ ထီးချိုင့်မြို့ ကိုဦးတည်နေတဲ့ အခြေနေဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။ “ကျနော့အထင် တကောင်းရောက်နေတဲ့ကောင်တွေက ထီးချိုင့်အထိလာမယ်ကြားတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကလည်း ဆေးရုံနဲ့အရပ်သားနေရာတွေကြီးပဲ။ သတင်းမှားရလို့ပဲလား သေချာလုပ်တာလားတော့မသိဘူး။ အကယ်၍ ထီးချိုင့်ရောက်ရင်တော့ စိုးမိုးနယ်မြေတွေဘက်ကို စစ်ကြောင်းထိုးနိုင်တယ်ဗျ။ အဲ့ကျရင်တော့အခုထပ်ပိုပြီး အရပ်သားပစ်မှတ် တွေပိုများလာမယ်ထင်တယ်။”လို့နောက်ထပ် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက စစ်ရေးအခြေနေသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်တလောစစ်ကော်မရှင်က အရပ်သား ပစ်မှတ်တွေကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့ထုတ်ပြန်ချက်တွေ ထုတ်ပြီးသတိပေးထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်တာ လျော့နည်းသွားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်အတွင်းပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၃၀၀ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 13 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 March
    သတင်း

    ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး

    စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင် ၄ ပါး၊ ဦးဇင်း ၂ ပါးနဲ့ ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ “ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။”လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာလည်း အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့တည်နေရာတွေဟာ တစ်နေရာနဲ့တစ်နေရာအလှမ်းဝေးတာကြောင့် ထီးချိုင့်မြို့နယ်အနှံ့ကို ဦးတည်ပြီး စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ “နေရာတွေကတော့မနီးဘူးပေါ့နော်။ ဝေးတယ်ပေါ့နော်နေရာတွေက တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတော့ ထီးချိုင့် မြို့နယ် အနှံ့လိုမျိုးဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီလေကြောင်းတိုက်ခိုက်တာကလည်း ဒီဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဆေးရုံတွေဘုန်းကြီးကျောင်းတွေကိုပဲတိုက်ခိုက်နေတယ်။ ဒါကတော့ သူတို့ရဲ့အမြဲတမ်းလုပ် နေကျလုပ်ရပ်ပေါ့နော် အဲ့လိုပဲမြင်ပါတယ်။”လို့အထက်ပါ ထီးချိုင်မြို့ခံအမျိုးသမီးကပဲဆက်ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ကိုယ်ရင် ၈ ပါးအပါအဝင် စုစုပေါင်း ၁၉ ဦးအထိထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စပါးတိုက်တွေအပါအဝင် တိုက်နယ်ဆေးရုံကဓာတ်မှန်ခန်းနဲ့ အရပ်သားနေအိမ် ၁၀လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဒေသခံအချို့ဟာ နီးစပ်ရာကျေးရွာများနဲ့ တောတောင်များဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝှမ်းကဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေကိုလည်း ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊ ကောလင်း၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်း‌ကျေးရွာကရွှေဖောင်တွေကို ပြီးခဲ့တဲ့မတ်လရက်ပိုင်းတွေမှာပဲဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်မှုအားလုံးမှာ အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 12 March
    သတင်း

    လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး

    စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ “မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။…

    Read More »
  • 11 March
    လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

    စင်းခန်း ရွှေဖောင်လုပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ရွှေလုပ်သား ၃၀ ခန့် သေဆုံး၊ ရုပ်အလောင်းတွေမဖော်နိုင်

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရွှေဖောင်လုပ်သား ၃၀ ခန့် သေဆုံးမှုရှိခဲ့ပေမယ့် ရုပ်အလောင်းတွေကို ဖော်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ စင်းခန်းအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ်ကျေးရွာရှိတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဖောင်များဖြင့်…

    Read More »
  • 9 March
    သတင်း

    ဗုံးကြဲခံရပြီးနောက် တာမခန်၊ ဟောင်ပါးပြည်သူတွေ ဗုံးခိုကျင်းတူးပြီးနေနေရ

    ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တာမခန်ကျေးရွာထဲက ရှင်ကထောင်ကုန်းဗုံးကြဲခံရပြီးနောက် တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဗုံးခိုကျင်းတူးပြီးနေနေရကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ တာမခန်ကျေးရွာအကျော်မှာရှိတဲ့ ရှင်ကထောင်ကုန်းကို တိုက်ပွဲမဖြစ်ပဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးကျဲခံရမှုဖြစ်စဥ်အပြီးမှာတော့ တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဟာဗုံးခိုကျင်းတွေတူးပြီးနေနေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက…

    Read More »
  • 9 March
    လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

    ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး

    မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ပါတယ်။  ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက“ဘုန်းကြီးကျောင်းက ကပ်ပရလင်မယားထိတာပါ၊ မိန်းမကပြီးသေသွားပြီ။ ကချင်ကုန်းရွာလမ်းပေါ်မှာ တစ်လုံးကျတယ်။ တစ်လုံးကရှောက်ပင်ချုံဘက်၊ တစ်လုံးကနောက်ဘက်တောင်ရိုးပေါ်” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းထပ်ရှိခဲ့သလို ကချင်ကုန်းကျေးရွာဘုန်းကြီးကျောင်း ကအဆောက်အဦးတချို့ထိမှန်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကချင်ကုန်းကျေးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ် ထားပေမဲ့လည်း လက်တလောမှာနှစ်ဖက်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိသလို လေကြောင်းတိုက်ခိုက်ခံရတာဟာ အရပ်သား ပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကချင်ကုန်းရွာက မန္တလေး–မြစ်ကြီးနားလမ်းမပေါ်မှာရှိတာ။ တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတဲ့နေရာ ဟုတ်တယ်။ လက်တလောမှာ မန္တလေး–မြစ်ကြီးနားလမ်းကလည်းဖွင့်နေတယ်ဆိုတော့ စစ်ရေးကလည်းငြိမ်တယ်။ အဲ့ဘက်လမ်းပေါ်က တိုက်ပွဲသာဖြစ်ရင် ကားတွေအကုန်ပိတ်မှာလေ။ အခုလက်ရှိက ကားတွေနေ့တိုင်းထွက်နေကြတယ်။”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကဆိုရင်လည်း စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့ကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အလားတူ ဒီကနေ့မှာလည်း မော်လူးမြို့နယ် နန်းခွင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးလေကြောင်းတိုက်ခံရလို့ အရပ်သားတစ်ဥိီးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာလည်း မြန်မာပြည်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ရှိနေဆဲဖြစ်သလို ဒီနှစ်ရဲ့ပထမဆုံးလ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးခဲ့ရသလို ၂၄၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Feb- 2026 -
    24 February
    သတင်း

    ကသာကမ်းနားကျေးရွာများ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကလုံကျေးရွာနဲ့ သာဂရကျေးရွာတစ်ဝှိုက်ကို စစ်ကော်မရှင်က တိုက်ပွဲတစ်စုံတစ်ရာမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရလို့ အဲ့ဒီဒေသကဒေသခံ တွေထိတ်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကလုံနဲ့သာဂရကျေးရွာတစ်ဝှိုက်ကိုပဲ…

    Read More »
Back to top button