မိုးမောက်
-
Aug- 2024 -26 Augustသတင်း
မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။ အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Augustသတင်း
စစ်ကောင်စီ ကင်းစင် မိုးမောက်နယ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်လျှောက် တိုက်ပွဲကာလအကြာဆုံးလို့ပြောရင် မိုးမောက် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲ ထိပ်ဆုံးမှာပါဝင်မှာ သေချာပါတယ်။ ဆယ်စုနှစ်ကြာ အခိုင်အမာတည်ဆောက်ထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့စောင့်တပ် ခမရ ၄၃၇…
Read More » -
19 Augustသတင်း
တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်
KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
Read More » -
19 Augustသတင်း
မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကားတစ်စီးက သိမ်းနိုင်တယ်။ စစ်ကား ၃ စီးက မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားက စက်နိုးလို့မရလို့ ကားလမ်းပေါ်မှာရပ်နေတာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်အင်အားတော့ သိမ်မများဘူး။ အဓိကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ လက်နက်ပစ္စည်းလာပို့ဖို့တက်လာတာ ကျော်တက်လို့မရဖြစ်သွားတာ”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားကို စစ်ကောင်စီတပ်ဘက်က ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ Y – 12 လေယာဉ်အမျိုးအစားနဲ့ အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တင့်ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်ဘက်ကနေ တက်လာတဲ့ တင့်ကားအပါ စစ်ကား ၅ စီးတက်လာတဲ့ထဲကနေ ၄ စီးက မီးလောင်ပျက်စီးသွားပြီး ၁ စီးက KIA ပူးပေါင်းတပ်တွေ လက်နက်ပစ္စည်းတစ်ချို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အခုလို KIA ဘက်ကနေ စစ်ကား ၃ စီး မီးရှို့ဖျက်ဆီးပေးလိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အသေးစိတ်မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “သတင်းက အသေးစိတ်မသိရသေးဘူး။ ဒါပေမယ့် မိုးမောက်တိုက်ပွဲက တစ်ရက်ပြီး တစ်ရက်တော့ ပိုပြီး ပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ပစ်တယ်။ မြေပြင်ကနေ ပစ်တယ်။ နှစ်ဖက်တပ်အပြင်းအထန်တော့ဖြစ်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲဟာ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဲဖြစ်ပြီးတော့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုများတာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေကို သယ်ထုတ်ယူဖို့ နဲ့ စစ်အင်အားပြန်ဖြည့်လာတဲ့ စစ်ကား ၅ စီးဟာ လမ်းခုလပ်မှာ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲဟာ KIA ပူးပေါင်းတပ်တွေ တပ်တွင်းထဲကအများပိုင်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် အရေးပါတဲ့ နေရာတစ်ချို့ကျန်ရှိနေသေးတာကြောင့် မပြီးပြတ်နိုင်သေးတာဖြစ်တယ်လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲကို KIA တပ်တွေ ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲကာလဟာ တစ်လလောက်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ ဗန်းမော်မြို့အပါ မိုးမောက်မြို့တစ်ခုလုံးနဲ့ တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်အထိ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်ရင်းအကြီးတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း တပ်စခန်းလက်မလွတ်ရေး လေကြောင်း၊ ဒရုန်းတွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
9 Augustသတင်း
မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း…
Read More » -
6 Augustသတင်း
မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတဲ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ဝန်းကျင်လောက် KIA ပူးပေါင်းတပ်တွေက ခမရ ၄၃၇ တပ်ရင်းထဲဝင်ရောက်ပြီး တပ်စခန်း တဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့မြေပြင်ရော ဝေဟင်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်က မိုးမောက်တပ်စခန်းကို လက်မလွတ်ရေးအတွက် တစ်ရက်ကို ဂျက်လေယာဉ် ၈ စီးနဲ့ ၁၀ စီးကြားမှာ ပုံမှန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်တိုက်ပွဲက တိုက်ပွဲပြင်းရင် ပြင်းသလို လေယာဉ်လာတယ်။ တိုက်ပွဲအရမ်းပြင်းထန်တဲ့ ရက်တွေဆိုရင် ဂျက်လေယာဉ်က ၈ စီး၊ ၁၀ စီးလောက်တောင်ရှိတယ်။ သူတို့က မရပ်နားလာပစ်တယ်။ နေ့တိုင်းက လေယာဉ် ၃ စီး၊ ၄ စီးလောက်က ပုံမှန်ရောက်တယ်။ တိုက်ပွဲဖြစ်တာနဲ့ လေယာဉ်ရောက်ပြီ”လို့ပြောပါတယ်။ စစ်တပ်က မိုးမောက်တိုက်ပွဲမှာ စစ်လေယာဉ်အပြင် ဒရုန်းနဲ့ အပြင်းအထန် ခုခံကာကွယ်နေတဲ့အပြင် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ခုခံတိုက်ခိုက်နေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် မိုးမောက်တိုက်ပွဲဟာ ၁၀ ရက်လောက်ကြာမြင့်လာပေမယ့် KIA တပ်ဘက်က အပြီးသတ်သိမ်းပိုက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။ စစ်တပ်ဘက်က နေ့တိုင်းအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိနေပြီလို့ သိရပေမယ့် ဖုန်းအင်တာနက် အခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာလည်း နံနက်ပိုင်း ၇ ဝန်းကျင်လောက်ကနေ စတင်ပြီး နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတာဟာ နယ်မြေအနေအထားအရ မိုးမောက်မြို့သိမ်းပိုက်လိုက်ရင် ဗန်းမော်မြို့တစ်ခုလုံးပါ လက်လွတ်လိုက်ရမှာဖြစ်တဲ့အတွက် ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။ “တကယ်လို့ မိုးမောက်ကို လက်လွတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မှာပဲ ဒီအခြေအနေကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်နေတာ။ နယ်မြေအနေအထားလည်း အဲဒီဖြစ်နေတာ။ ပြီးရင် ဒီမြို့ နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ် – လွယ်ဂျယ်လမ်း KIA တပ်တွေ အပြီးထိန်းချုပ်လိုက်မှာဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်းဖြစ်နေတာဆိုတော့ သူတို့ လက်လွတ်မှာမဟုတ်ဘူး”လို့ပြောပါတယ်။ KIA တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းဟာ ဗန်းမော်ကနေ ၇ မိုင်အကွာမှာရှိပြီး ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။ ဒါ့အပြင် မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ မိုးမောက်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ပါက ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ လွယ်ကူသွားပြီး ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်းကိုလည်း လက်လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်က မိုးမောက်နဲ့ ဗန်းမော်မြို့ နှစ်ခုစလုံးကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ ဇူလို ၂၄ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2024 -25 Julyသတင်း
မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA…
Read More » -
24 Julyသတင်း
မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်
တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ “ဗန်းမော်၊ မိုးမောက်ဘက်မှာက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်က လေယာဉ်နဲ့ လာပစ်တာတွေ၊ ထိတွေ့တိုက်ပွဲတွေက ပုံမှန်ရှိနေပါတယ်။ ဒီကနေ့ကပြီး မိုးမောက် ၄၃၇ ရှိတဲ့ ဘက်ကို တိုက်ပွဲတွေ ပြန်ဖြစ်နေပြီလို့ သတင်းရပါတယ်။ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတော့ ခြေအနေ သေးစိတ်ကို သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ခဲ့တာဖြစ်ပေမယ့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်နေရာကနေ တဖန်ထိုးစစ်ဆင် တိုက်ခိုက်လာ နေတာဖြစ်ပါတယ်။ တိုက်ပွဲပြန်လည်ဖြစ်နေပေမယ့် ကချင်တစ်ပြည်နယ်လုံးအဆင့် ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရဖို့ ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။ ကချင်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲနေရာနဲ့ နီးတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်နေကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြီး သတိပေးထားပါတယ်။ “တိုက်ပွဲက ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာတော့ သေချာတော့ မသိရဘူး ပြောလို့လဲမရဘူး ။ ကချင်ပြည်နယ်ထဲမှာ ဖုန်းအင်တာနက်အားလုံးပိတ်သွားတယ်။ စစ်ရေး နဲ့ တိုက်ပွဲသတင်းတွေ နားစွင့်ဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပစ်ခတ်သံတွေ၊ စစ်ရေးလှုပ်ရှားတာတွေရှိရင် သတိထားနေထိုင်ဖို့ ပြောချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း သတိထားစေချင်တယ်”လို့ပြောပါတယ်။ အခုလို မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်လာတာကြောင့် KIO ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့နေရာ ဒေသခံပြည်သူတွေကိုလည်း စစ်တပ်က အချိန်မရွေးလေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် လေကြောင်းရန် သတိထားပြီး နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေ ပြောပါတယ်။…
Read More » -
18 Julyသတင်း
တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်
ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့ မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…
Read More » -
16 Julyသတင်း
ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်
မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…
Read More »