မြစ်ကြီးနား

  • Aug- 2025 -
    22 August
    သတင်း

    မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ

    မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းက မိုင် ၄၀ ကျော်ရှိတဲ့ ပေကြီးကွင်းလမ်းဟာ မိုးရွာသွန်းမှုတွေကြောင့်အသုံးပြုဖို့ခက်ခဲလာတာကြောင့် ကားသမားတွေဟာ ကသာမြို့နယ်ဘက်ကနေပတ်ပြီးခရီးနှင်နေကြရတာလို့သိရပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ ၅ ရက်ဝန်းကျင်သွားနေရတဲ့အကြောင်းကားသမားတစ်ဦးကအခုလိုပြောပါတယ်။ “ကျနော်တို့ကဇာတ်ကူးပြီးသွားနေရတာပေါ့။ ကွင်းလမ်းတွေကသွားလို့မရဘူး။…

    Read More »
  • 19 August
    သတင်း

    မြစ်ကြီးနားမှာ နေ့ခင်းဘက် ဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

    ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ နေ့ခင်းဘက် အကြောင်းမဲ့ဖမ်းဆီးခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လူငယ်၊လူလတ်ပိုင်းတွေများပြီး ဩဂုတ် လဝက်အတွင်း နေရာ ၃ ခုမှာ ဖမ်းဆီးခံရမှုဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံအမျိုးသားတစ်ဦး KNG ကို…

    Read More »
  • 16 August
    သတင်းသားအဖချင်းရန်ဖြစ်ရာကနေ ဓားခုတ်မှုဖြစ်ပွားသွားခဲ့

    သားအဖချင်း ရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညာလက်ပြတ်

    မြစ်ကြီးနားမြို့မှာ သားအဖချင်း စကားများရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညဘက် လက်ပြတ်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဩဂုတ်လ ၁၅ ရက်ည၇ခွဲ ဝန်းကျင်အချိန် ကျွန်းပင်သာရပ်ကွက်က နေအိမ်တစ်ခုမှာ သားဖြစ်သူနဲ့ အဖေဖြစ်သူ…

    Read More »
  • 12 August
    သတင်း

    မြစ်ကြီးနားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဓားထိုးလုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားထိုးလုယက်မှု ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညတစ်ညအတွင်းမှာဘဲ ဓားထိုးလုယှက်မှု ၂ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ‌ နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ…

    Read More »
  • 11 August
    သတင်း

    မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီး‌လောင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဩဂုတ် ၁၁ ရက်ဒီနေ့မနက် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ရမ်ပူရပ်ကွက် နယ်မြေ (၁၁)ရှိ နှစ်ထပ်အိမ်တစ်အိမ်မီး‌လောင်သွားတာဖြစ်တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက…

    Read More »
  • 1 August
    သတင်း

    မြစ်ကြီးနားမှာ ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ် ၆ ဦးကနေပြီးတော့ ဆိုင်ကယ်တစ်စီးလုယက်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင် စီတာပူရပ်ကွက် Autumn hotel…

    Read More »
  • Jul- 2025 -
    21 July
    သတင်း

    နာရေးကပြန်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး နာရေးအိမ်ကနေ ပြန်လာချိန် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်…

    Read More »
  • 15 July
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာပဲလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြပါတယ်။ ဒိုးပင်ကျေးရွာအပိုင်း မြစ်ကြီးနား–မန္တလေးလမ်းမကြီးတစ်နေရာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ခရီးသွားတစ်ချို့ထိခိုက်ဒဏ်ရာရှိခဲ့သလို စက်သုံးဆီကား ၂ စီးနဲ့ ထမင်းဆိုင်တစ်ဆိုင်လည်း…

    Read More »
  • 15 July
    သတင်း

    လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေအခက်ကြုံနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းလျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခု ၈ နာရီကြာအလှည့်စီပေးနေရာကနေ ၂၀၂၅ ဇန်နဝါရီလပိုင်းကစပြီး ရပ်ကွက်တစ်ခုကို မီးလာချိန် ၆ နာရီနဲ့…

    Read More »
  • 10 July
    သတင်း

    ဆိုင်ကယ်မှောက်သူကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ ည ၇ခွဲဝန်းကျင် မြို့သစ်ကြီး ရပ်ကွက် မိုင်တဲကွေ့နားမှာ အသက် ၃၀ အရွယ်အမျိုးသား…

    Read More »
Back to top button