မြစ်ကြီးနား
-
Jul- 2026 -14 Julyသတင်း
ကသာ–နဘားလမ်းပိုင်း ယာယီသွားလာခွင့်ပြန်ရပေမယ့် လမ်းအခြေအနေ မတည်ငြိမ်သေး
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးရဲ့ ကသာ–နဘားလမ်းပိုင်းမှာ ကားတချို့ ပြန်လည်သွားလာနိုင်လာပေမယ့် လမ်းတစ်လျှောက်လုံးကို ပုံမှန်အတိုင်း သွားလာနိုင်တဲ့အခြေအနေတော့ မဟုတ်သေးဘူးလို့ အဲဒီလမ်းကို အသုံးပြုနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
Read More » -
14 Julyသတင်း
ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားလို့ ခရီးသွားသည်နဲ့ကားသမားတွေအခက်ကြုံ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားတဲ့အတွက် ခရီးသည်၊ ကားသမားတွေအပြင် နေ့စဉ်ဇက်ကူးသွားလာနေတဲ့ ဒေသခံတွေပါ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား–မန္တလေးလမ်းတစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကသာ–နဘားလမ်းပိုင်းအပါအဝင် နေရာအများအပြားမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီ ပိတ်မိနေပါတယ်။ အရင်က မန္တလေး–မြစ်ကြီးနားလမ်းမှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်တိုင်း ကားသမားတချို့ဟာ ဇက်ကူးလမ်းကြောင်းတွေကို အသုံးပြုပြီး ခရီးဆက်ခဲ့ကြတာဖြစ်ပေမဲ့ အခုတစ်ကြိမ်မှာတော့ လမ်းပိုင်းတွေအပြင်…
Read More » -
9 Julyသတင်း
လစာထဲ ငွေစက္ကူအစုတ်များ ပါဝင်လာသဖြင့် ဝန်ထမ်းတစ်ချို့ အခက်ကြုံ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက်က အစိုးရဝန်ထမ်းတစ်ချို့ရဲ့ လစာတွေမှာ ငွေစက္ကူအစုတ်တွေ အများအပြားပါဝင်လာတာကြောင့် စျေးဝယ်ရာမှာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။
Read More » -
Jun- 2026 -30 Juneသတင်း
မြစ်ကြီးနားမှာ လုယက်မှုများကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ တစ်လအတွင်း လုယက်မှုတွေကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
Read More » -
30 Juneသတင်း
ဂျပန်တံတားအောက် ညစ်ညမ်းရေများသွန်နေကြတဲ့အပေါ်အရေးယူပေးဖို့ တောင်းဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ မကြာခဏ လာသွန်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
Read More » -
30 Juneသတင်း
မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းတံတားငယ်တစ်စင်းကျွံနေလို့ ဖြတ်သန်းသွားလာဖို့ခက်ခဲနေဟုဆို
မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်း တံတားတစ်စင်းကျွံကျနေဆဲဖြစ်တာကြောင့် လမ်းသွားလမ်းလာ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
22 Juneစစ်ပြေးဒုက္ခသည်များ
စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။ အထူးသဖြင့် အင်းတော်ကြီး၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေမှာ တိမ်းရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အရေးပေါ်ဖျားနာတဲ့အခါ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ဆေးရုံနဲ့ ဆေးပေးခန်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါးမရှိဘူး။ ကလေးမွေးဖို့ နေရာတွေလည်း မရှိတော့ မိခင်တွေက မြို့ပေါ်ကို သွားရတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ စစ်ဆေးရေးဂိတ်တွေများပြီး သွားလာရေးက ခက်ခဲနေတယ်” လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့နဲ့ အရေးပေါ်ဖျားနာတဲ့အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ပြင် ဧရာဝတီမြစ်ကမ်းဘေးက တာလောကြီး၊ ရေကြည်၊ တာပတောင်းနဲ့ ဟိုကပ် စတဲ့ ပြန်လည်နေရာချထားရေးစခန်းတွေနဲ့ နေရပ်ပြန်ကျေးရွာတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တာလောကြီးနဲ့ တာပတောင်းဘက်ကနေ ဝိုင်းမော်–မြစ်ကြီးနားသွားတဲ့ လမ်းပိုင်းကိုလည်း ရက်နဲ့အချိန် ကန့်သတ်ပြီးသာ ဖွင့်ပေးထားတာကြောင့် ဖျားနာလာတဲ့အခါ မြို့ပေါ်ကို သွားရောက်ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အလားတူ အင်းတော်ကြီးအနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် ဖျားတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေအဖြစ်များနေပေမယ့် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “အင်းတော်ကြီးအနောက်ဘက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ အခုချိန်က မိုးရာသီဆိုတော့ ဖျားနာတာတွေ အရမ်းများနေတယ်။ ဖျားတာတွေ အရမ်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကနေ အခုလည်း တချို့တွေဆက်ဖြစ်နေတုန်း။ ဝမ်းလျှောတာတွေ အဓိကဖြစ်တယ်။ စစ်ရှောင်စခန်းတွင်းမှာ အဲလိုတွေဖြစ်နေပေမဲ့ ဆေးဝါးအရမ်းခက်ပါတယ်။ ဆေးဝါးခက်ခဲမှုက လမ်းသွားလမ်းလာ သယ်ယူနိုင်ဖို့လည်း ခက်ခဲတဲ့အခြေအနေကြောင့် ဝယ်ပြီး ဆေးထိုးနိုင်ဖို့တောင် တော်တော်စျေးကြီးလို့ ခက်ခဲနေကြပါတယ်။”လို့ နန့်မွန်းစစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်းတော်ကြီးဒေသမှာ ကျေးရွာတိုင်းနီးပါး စစ်ဘေးရှောင်တွေ ခိုလှုံနေကြရပြီး ညောင်ပင်ကျေးရွာမှာ စစ်ရှောင်စခန်း ၂ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒီစစ်ဘေးရှောင်စခန်းတွေဆီကို ကျန်းမာရေးကူညီစောင့်ရေးအဖွဲ့အစည်းတချို့ လာရောက်ကူညီတာတွေ တစ်ခါတစ်ရံရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေမှာလည်း အရင်လို လွတ်လပ်စွာသွားလာဖို့ ခက်ခဲသွားတဲ့အပြင် ဆေးဝါးရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိကြတဲ့ စစ်ဘေးရှောင်တွေကို KIO အစိုးရမှ လက်လှမ်းမှီသလောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးတာ ရှိနေပေမယ့် စစ်ဘေးရှောင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်နေပါတယ်။ ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့ပြင်၊ နောင်းချိန်းကျေးရွာအုပ်စုအပြင် KIO ထိန်းချုပ်ထားတဲ့ ဆွမ်ပရွာဘွမ်မြို့နယ်နဲ့ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် စတဲ့နေရာဒေသအသီးသီးက စစ်ဘေးရှောင်တွေ၊ မြို့နဲ့ဝေးပြီး သွားလာရခက်ခဲတဲ့ ကျေးလက်တောရွာတွေထဲ တိမ်းရှောင်နေသူတွေ ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေတာလည်း ဖြစ်ပါတယ်။ ခုလို မြို့နဲ့အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့ နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီကို ဖြတ်သန်းဖို့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြတယ်လို့လည်း သိရပါတယ်။ By – ဂျာဘောက်ရာ
Read More » -
22 Juneသတင်း
ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်မတော်တဆမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
Read More » -
18 Juneသတင်း
စစ်ရေးထိန်းချုပ်မှုများကြား ပူတာအိုဆေးရုံသုံး ဓာတ်မှန်စက်သိမ်းဆည်းခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းရှိ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပူတာအိုပြည်သူ့ဆေးရုံအတွက် တင်ပို့လာတဲ့ ဓာတ်မှန်ရိုက်စက် (X-ray Machine) တစ်လုံးကို သိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ စိစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More » -
17 Juneသတင်း
လမ်းပိုင်းအခက်ခဲကြောင့် အင်းရွာဇက်ဆိပ်မှာ ယာဉ်များစုပုံနေ
စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ မိုးတွင်းကာလ ရောက်ရှိလာတာနဲ့အမျှ ရင်ကွဲတောင်လမ်းပိုင်း သွားလာရခက်ခဲလာတာကြောင့် အင်းရွာဇက်ဆိပ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ စုပုံနေတယ်လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။
Read More »