မြစ်ကြီးနား
-
Feb- 2026 -5 Februaryသတင်း
မြစ်ကြီးနားက ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ငွေညစ်ခြိမ်းခြောက်ခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ကို ရဲတပ်ဖွဲ့ဝင်တစ်ချို့ငွေညစ်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့က ဆိုင်ကယ်ဝပ်ရှော့ဆိုင်အသေးတွေဟာ ဆိုင်ကယ်သူခိုးတွေကိုဆိုင်ကယ်ပြုပြင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့က ဝပ်ရှော့ဆိုင်အသေးတွေကိုအဓိကပစ်မှတ်ထား ခြိမ်းခြောက်နေပြီး ဆိုင်ကြီးတွေကိုတော့ ငွေညစ်ခြင်းမရှိဘူးလို့ သိရပါတယ်။ “သူခိုးက ဂျိုမှမပါဘဲ ဘယ်လိုလုပ်သိမှာလဲ ဝပ်ရှော့ဆရာတွေရဲ့လည်မြိုကို…
Read More » -
4 Februaryသတင်း
မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း ဂိတ်တွေမှာအခွန်လျော့ကောက်ပေးဖို့ကားသမားတွေပြော
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး တစ်စီးကိုကျပ်သိန်း ၄၀ နီးပါးအထိအခွန်ပေးဆောင်နေရတာကြောင့် အခွန်လျော့ပေါ့ကောက်ခံပေးဖို့ကားသမားတွေက ပြောပါတယ်။ မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေမှာကုန်ကား(ကားကြီး) တစ်စီးကိုအခွန်ကျပ်သိန်း ၄၀ ဝန်းကျင်၊ ကားသေး(အိမ်စီးကား) တစ်စီးကိုကျပ်သိန်း ၂၀ ကျော်အထိ…
Read More » -
3 Februaryသတင်း
မြစ်ကြီးးနားမြို့မှာ မူးယစ်ဆေးလာဝယ်တဲ့စစ်သားတစ်ဦး ရိုက်နှက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညနေ တစ်နာရီဝန်းကျင်အချိန် ရမ်ပူရပ်ကွက် အပိုင်း၂၁ မှာ အရပ်ဝတ်နဲ့ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦးကို…
Read More » -
2 Februaryသတင်း
မြစ်ကြီးနားမှာ တစ်လအတွင်း ယာဉ်တိုက်မှု ၃၁ ကြိမ်ဖြစ်၊ အမျိုးသမီး ၂ ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ဒီယာဉ်တိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်းဖြစ်စဥ်တွေဖြစ်ပြီးသေဆုံးသူ အမျိုးသမီး ၂ဦးနဲ့ အနီရောင်အဆင့်(ထိခိုက်ဒဏ်ရာပြင်းထန်သူ)…
Read More » -
Jan- 2026 -30 Januaryသတင်း
ဗလမင်းထင်တံတားအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတူးဖော်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေအများအပြားတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဗလမင်းထင်တံတားအောက် ဘတ်ဟိုးတွေနဲ့တူးနေပြီး ရလာတဲ့မြေသား၊သဲကျောက်တွေကို တုံဖုံးကားအပြင် မြေစာသယ်တဲ့ကားကြီးတွေနဲ့ သယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဲဒီသယ်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးနားရှိ ခြံအလွတ်တစ်နေရာ၊ စီတာပူဂျပန်တံတားနားက မြေအလွတ်တွေမှာ စုပုံထားပြီး သွပ်တွေနဲ့ မမြင်ရအောင် ခြံဝင်းခတ်ကာ ရွှေကျင်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မြစ်ဆုံမှာတောင်မှ ကို့ယို့ကားယားဖြစ်နေပါတယ်ဆို အခုဒီတံတားနားမှာ ရွှေတွေတူးနေကြတယ်ဆိုတော့ သူခိုးကြီးနဲ့ သူခိုးလေးဘဲ ကွာတာ။ မကောင်းဘူးပေါ့ဗျာ ကျွန်တော့်အနေနဲ့လည်း မကြိုက်ပါဘူး။ ကျွန်တော်တို့ပြောလို့လည်း ဘာအရာရောက်မှာ မဟုတ်ဘူး။ အထက်က လူကြီးတွေကိုယ်တိုင်လုပ်နေမှတော့”လို့ ဆိုပါတယ်။ သဲကျောက်သယ်တဲ့ကားလည်း တစ်နေ့ကိုပျှမ်းမျှ ကားအစီး ၁၀၀ ကျော်ရှိပြီး ကားသမားတွေကို တစ်ကြိမ်လျှင် တစ်သောင်းနှုန်းနဲ့ ငွေပေးချေနေတာဖြစ်တဲ့အတွက် သဲကျောက်ကားမောင်းသူတွေလည်း အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဗလင်မင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို ပြီးခဲ့တဲ့နှစ်ကနေစတင်လာခဲ့ပြီး ဒီနှစ်မှာတော့ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်နေ ပေါ်ပေါ်တင်တင်တူးနေကြပြီလို့ သိရပါတယ်။ စစ်ကောင်စီဝန်ကြီးဌာနကတော့ အဆိုပါ ရွှေတူးဖော်မှုနဲ့ ဆက်စပ်ပြီး ” သဲသောင်ဖြစ်ထွန်းမှုများအား တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး၊ ရေစီးရေလာကောင်းမွန်ကာ မြို့ရေကြီးနစ်မြုပ်မှုမှ ကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း”ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်နေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပြင် မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ရွှေကျင်၊ ရွှေတူးဖော်မှုတွေကို အရင်အစိုးရခေတ်အဆက်ဆက်က တားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အဲဒီနေရာတွေမှာ ရွှေတူးဖော်တာတွေက တဖြည်းဖြည်းနဲ့ များလာာခဲ့ပေမယ့်လည်း သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အခွန်ကောက်ယူတာတွေကလွဲပြီး တားဆီးပိတ်ပင်တာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့ ၂၀၂၅မိုးရာသီလောက်ကတော့ မြစ်ရေကြီးမှုကြောင့် ခနတာ ရွှေတူးဖော်မှုတွေကို ရပ်နားခဲ့ပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာ အရှန်အဟုန်နဲ့ ပြန်လည်တူးဖော်လာတာဖြစ်ပါတယ်။ အလားတူ ဗလမင်းထင်တံတားအထက်ဘက် မန်ခိန်ရပ်ကွက်ဧရာဝတီမြစ်ဘက်တွေမှာလည်း သဲကျောက်လုပ်ငန်းအမည်ခံပြီး ရွှေလုပ်တဲ့သူတွေပိုပိုများလာတယ်လို့ မျက်မြင် တွေ့ရှိသူ အမျိုးသမီးတစ်ဦးခုလိုပြောပြပါတယ်။ “မိန်ခိန်ဘက်မှာလည်း သဲကျောက်တွေသယ်ပြီး ခြံဝင်းတွေထဲထည့်ပြီး လုပ်နေကြတာပေါ့။ သူတို့ကတော့ သဲကျောက်သယ်တယ်လို့ ပြောပေမယ့်လည်း ရွှေလုပ်တဲ့ ခြံတွေက အများဆုံးဖြစ်နေတယ်”လို့ ဆိုပါတယ်။ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရတော့ လက်ရှိ စီတာပူကမ်းနားဘက်ခြမ်းက ရွှေပိုထွက်တဲ့တွက် ညပိုင်းလည်းစက်ကြီးတွေနဲ့ ရွှေတူးဖော်နိုင်ဖို့ အစည်းအဝေးလုပ်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင် လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရ ရွှေ၊ ကျောက်စိမ်း၊ မြေရှား၊ ပတ္တမြားလို့ ကျောက်မြတ်ရတနာတွေဟာ အပင်တွေလိုမျိုး ပြန်လည် ဖန်တီးစိုက်ပျိုးယူလို့ ရတာမဟုတ်ဘဲ နှစ်ပေါင်းထောင်နဲ့ချီ ကြာမှ ဖြစ်လာတဲ့ အရာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သေချာထိန်းသိမ်း စောင့်ရှောက်ရမယ့် အရာတွေဖြစ်သလို တကယ်လို့တူးဖော်မယ်ဆိုပါက ဘေးထွက်ဆိုးကျိုးတွေကို နည်းသထက်နည်းအောင် သေချာစီစစ်ပြီး စနစ်တကျ ပြုလုပ်သင့်တဲ့အရာလို့ မှတ်ချက်ပြုထားကြတာ ဖြစ်ပါတယ်။ ဒါအပြင် ရွှေနဲ့ ကျောက်မြတ်ရတနာတွေကို တူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတု ပစ္စည်းတွေဟာ ရေ၊ မြေ၊ လေနဲ့ အဲဒီအရာတွေအပေါ် အမှီပြုနေတဲ့ လူအပါအဝင် သတ္တဝါအားလုံးကို ထိခိုက်စေတာဘဲ ဖြစ်ပါတယ်။ ဒါတင်မက ကချင်ပြည်မှာ ၁၀နှစ်မှ တစ်ခါသာ ရေကြီးလေ့ရှိပေမယ့်လည်း ခုလို သဘာဝသယံဇာတနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ၂၀၂၄ခုနှစ်ကစပြီး နှစ်တိုင်းလိုလို ရေကြီးနေပြီး ဂေဟစနစ်လည်း ပြောင်းလဲကာ အဆိပ်ရှိတဲ့ မြွေလို အကောင်မျိုးတွေကိုလည်း မကြာခန တွေ့ရှိလာရပါတယ်။ By – Hope
Read More » -
23 Januaryသတင်း
မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲမှာ ဒီရက်ပိုင်း ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေတဲ့အတွက် ပြည်သူတွေ သွားလာရေးအခက်ခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။ စစ်ကောင်စီတပ်လက်အောက် ရဲ၊ယာဉ်ထိန်းတို့ပူးပေါင်းပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ကား၊ဆိုင်ကယ် ဖမ်းဆီးမှု သိသိသာသာအရှိန်မြင့်လာတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းတာတော့ နေ့တိုင်းဖမ်းတယ် ဒါပေမယ့် ဒီရက်ပိုင်းတော်တော်လေးပြန်ဖမ်းနေတယ်။ ကား ၊ ဆိုင်ကယ်တွေမှာ နံပါတ်ပြား ဦးထုပ်၊ ဘတ်မှန်၊ ခါးပတ်၊ ယာဉ်လိုင်စင်ဖမ်းတာဟုတ်တယ် တော်တော်ဖမ်းနေတယ်“လို့ ပြောပါတယ်။ ဆိုင်ကယ်ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတစ်ဦး ပြောပြချက်အရ ဦးထုပ်၊ဘတ်မှန်၊နံပါတ်ပြား မပါတဲ့ ဆိုင်ကယ်တွေကို ဒဏ်ငွေ ၃ သောင်းဝန်းကျင်အထိ ဒဏ်ရိုက်ပြီး ပြန်လွတ်ပေးတာရှိပေမယ့် ကားတွေကိုတော့ လိုင်စင်မဲ့ကားဆို ပြန်လွတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။ “ကျမတို့ ဆိုင်ကယ်တွေတော့ ဒဏ်ကြေးပေးပြီးပြန်လွတ်တယ် ဆိုင်ကယ်က လိုင်စင်မစစ်ဘူး ။ဒါပေမယ့် ကားတွေ ရုံးမှာလာရွေးပါပြောပြီး လိုင်စင်မပါတဲ့ဟာတွေ ပြန်မလွတ်ပေးတာလည်းရှိတယ်”လို့ မြစ်ကြီးနားမြို့နေ အမျိုးသမီးတစ်ဦးပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့လက်အောက် ယာဉ်ထိန်းရဲတွေဟာ ခုလိုမြစ်ကြီးနားမြို့တွင်း၊ ကား၊ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး မည်သည့်စီမံချက်နဲ့ဖမ်းဆီးနေလဲဆိုတာ တိတိကျကျပြောဆို၊ထုတ်ပြန်တာမျိုးမရှိပဲ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေကြားဝေဖန်မှုမြင့်တက်နေပါတယ်။ အာဏသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းဖမ်းဆီးမှုတာဟာ ဆိုင်ကယ်ဆို ဦးထုပ်၊နံပါတ်ပြား၊ဘတ်မှန်သာ စစ်ပြီး လိုင်စင်စစ်တာမျိုးမရှိပေမယ့် ကားဆိုရင် လိုင်စင်အဓိကစစ်နေတယ်လို့သိရပါတယ်။ စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ “ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ”ပုဒ်မ ၈၅ (က)မှာဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။ ဒါပေမယ့် အဲဒီထဲမှာငွေဒဏ်ကို တိတိကျကျဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ရဲကဖမ်းပြီး ချက်ချင်းအချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။ ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။ ဒီဥပဒေအရလို့ဆိုကာ စစ်ကောင်စီရဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခဲ့ရာ မန်းလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ရှမ်းဒေသတွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသတွင်း စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် တိုက်ပွဲနယ်မြေက ပြည်သူတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရင်း မြို့ပေါ်မှာလည်း စစ်ရှောင်တွေအများအပြား ခိုလှုံနေကြတာဖြစ်ပါတယ်။ စစ်ဘေး၊ရေဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့ဒေသတွေမှာ ယခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းက ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းသွားစေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ ဆေးရုံကြီးရှေ့၊ ယာဉ်ထိန်းရုံးရှေ့၊ စီတာပူ တံတား၊ မနော့ကွင်း၊ ဈေးဒေါင့်၊ မြို့သစ်ကြီး ၊ ကျွန်းပင်သာ မီးပွိုင့်၊ အောင်နန်းရပ်ကွက်က ဆီဆိုင်နားအနီးတစ်ဝိုက် အဖမ်းဆီးကြမ်းနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေပြောပါတယ်။ By – Zami
Read More » -
15 Januaryသတင်း
မြစ်ကြီးနားမြို့က လောင်းကစားဝိုင်းတစ်ခု လူဦးရေ ၄၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးသွား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ လောင်ကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဝင်စီးပြီး လောင်းကစားဝိုင်းဝန်ထမ်းများအပါ စုစုပေါင်း လူဦးရေ ၄၀ ဝန်းကျင်ကိုဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ တပ်ကုန်းရပ်ကွက်ရှိ Sun City လောင်းကစားဝိုင်းထဲ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ည ၉နာရီလောက်မှာ ကားတွေနဲ့ရောက်လာပြီး တစ်ခါထဲဖမ်းသွားတာ လောင်းကစားဆော့နေတဲ့သူတွေရော၊ဝန်ထမ်းတွေရော အားလုံးဖမ်းသွားတယ် ဖမ်းသွားတာ တော်တော်များတယ် ၄၀ လောက်တော့ရှိအနည်းဆုံး”လို့ ပြောပါတယ်။ ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းရှိ ပစ္စည်းများအားလုံးကိုသိမ်းသွားပြီး ဖမ်းဆီးခံရသူတွေလည်း ဒီညနေထိ ပြန်လွတ်လာသူတစ်ဦးမှ မရှိသေးကြောင်း သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဝင်စီးတဲ့ အဲဒီ Sun City လောင်းကစားရုံမှာ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ လောင်းကစားအမျိုးပေါင်းစုံဆော့ကစားလို့ရပြီး ၂၄ နာရီလုံးကစားလို့ရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းပေါင်း ၄၀ ဝန်းကျင်ရှိပြီး လောင်းကစားဝိုင်းအများပိုင်းကိုတော့ စစ်တပ်က တရားဝင်ဖွင့်ခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။ ခုလိုလောင်းကစားဝိုင်းပေါများလာာတာကြောင့် ခိုးဆိုးလုယက်မှု၊လူသတ်မှု၊ဓါးပြတိုက်မှုတွေခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့နေပြည်သူတွေကတော့ လောင်းကစားဝိုင်းတွေအားလုံးကို ဖမ်းဆီးအရေးယူသင့်ကြောင့် ပြောဆိုမှုတွေရှိနေပါတယ်။ “ဖမ်းသင့်တယ် အားလုံးဖမ်းသင့်တယ် အဲဒီလောင်းကစားဝိုင်းကြောင့်ပဲ ဘဝတွေပျက်နေကြတာ ဒီရက်ပိုင်းဆို လောင်းကစားဝိုင်းအပြင် လိုင်းကနေ အကောင့်ဟက်ပြီး ငွေလိုက်လိမ်တာတွေများလာတယ်”လို မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ခုလိုလောင်းကစားဝိုင်းတွေပေါများလာတာအပြင် နောက်ထပ် အွန်လိုင်းငွေလိမ်လှယ်မှုတွေကလည်း ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။ ဒါကြောင့် မြစ်ကြီးမြို့ခံတစ်ချ်ို့သုံးသပ်တာက မြစ်ကြီးနားမြို့မှာ အပြင်မှာဆော့လို့ရတဲ့လောင်းကစားရုံအပြင် အွန်လိုင်းကနေ ငွေလိမ်လှယ်တဲ့အဖွဲ့တွေရှိနေပြီလို့ သုံးသပ်နေကြပါတယ်။ By – Zami
Read More » -
15 Januaryသတင်း
မြစ်ကြီးနားမှာ နှစ်ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ပြီး သေဆုံးသူတစ်ဦးရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇန်နဝါရီလ ၂ ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ အက်စီးဒင့်ဖြစ်ပွားခဲတဲ့ ဖြစ်စဉ်၂၂ခုထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး…
Read More » -
15 Januaryသတင်း
မြစ်ကြီးနားမြို့မှာ သားအမိ ၂ဦး လုယက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သားအမိ၂ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေသိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က (ဇန်နဝါရီလ ၁၄ရက်) ညနေ ၄ နာရီခွဲအချိန်ရွှေညောပင်ရပ်ကွက် အမှတ်(၁၁)ကျောင်းနောက်မှာ ဆိုင်ကယ်စီးလာတဲ့ သားမိနှစ်ဦးကို အမျိုးသား၂ဦးကနေ ဖုန်းလုယက်ခဲ့တဲ့အတွက် ဆိုင်ကယ်မှောက်ပြီး…
Read More » -
14 Januaryသတင်း
မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီမှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ စီတာပူရပ်ကွက်ကအပြန် နေအိမ်အပြန် ဂျပန်လမ်းတစ်နေရာမှာ နှာခေါင်းစီးထားတဲ့ အမျိုးသား ၆ ဦးက တားဆီးရိုက်နှက်ပြီး အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သွားတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီး ၃ ရက်မြောက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေလိုက်လံစုံစမ်းရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် KTV တစ်ခုမှာ လုယူသွားတဲ့ကားကိုလာပေါင်ရာကနေ ပြစ်မှုကျူးလွန်သူတစ်ဦးကိုအရင်ဆုံးဖမ်းမိပြီး နောက်ထပ်နှစ်ဥိီးကို စက်မှုရပ်ကွက်မှာ ထပ်ဖမ်းမိတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့လုသွားတဲ့ကားကို KTV မှာ ကားလာပေါင်တဲ့ကိစ္စကနေမိတာ ကားအရင်မိတယ် ပြီးမှ ကွင်းဆက်ပြန်လိုက်တော့ ပထမဆုံးတစ်ယောက်ကိုမိတယ်။ အဲမိတဲ့သူကို စစ်မေးတဲ့နောက် နှစ်ယောက်ကိုတော့ စက်မှုရက်ကွက်အိမ်တစ်အိမ်မှာထပ်မိတာလို့ သိရတယ်”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်ည ဖြစ်စဉ်ထဲမှာ အဲဒီအမျိုးသား ၆ ဦးက အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်တာအပြင် နောက်ထပ် လမ်းမပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးပြီး ကားရော၊ကားမောင်းသူအမျိုးသားတစ်ဦးကို ထပ်ပြီးဖမ်းခေါ်သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံသွားရတဲ့အမျိုးသားလည်း ဒီဇင်ဘာ ၃၁ ရက်မှာသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လောင်းကစားဝိုင်းပိုပြီးများလာသလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲဖောက်ကားမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ဆိုးရွားလာနေပါတယ်။ ခုလိုလောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးပိုများလာတဲ့နောက်ဆက်တွဲ ခိုးဆိုးလုယက်မှု၊ လူသတ်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေဟာ လမ်းသွားလမ်းလာရာမှာလည်း စိုးရိမ်စိတ်နဲ့သွားလာနေရတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အဲဒီဂျပန်လမ်းဘက်ဆိုခုနောက်ပိုင်းဖြတ်တောင်မဖြတ်ရဲလာဘူး တကယ်ကြောက်တယ်။ နေ့လည်နေ့ခင်းလည်း သွားလာဖို့တောင်မှ အရေးမကြီးရင်မထွက်ဘူး။ မြစ်ကြီးနားမှာက တကယ်မလုံခြုံတော့ဘူး အစစရာရာကြောက်နေရတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA တို့အကြား ပြင်းထန်တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဧရိယာထဲကပြည်သူတွေဟာ မြို့ပေါ်မှာ အများပိုင်းစစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်ကလည်း မြစ်ကြီးနားမြို့အဝင်အထွက်တွေကို ယခင်ထက် ပိုပြီးစစ်ဆေးမှုတင်းကြပ်ပြီး မြို့တွင်းရပ်ကွက် လမ်းဆုံ၊လမ်းခွနေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေရှိပေမယ့် ခုလိုပြစ်မှုကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက်အရေးယူနိုင်တာ အလွန်နည်းနေသေးတာလည်းဖြစ်ပါတယ်။ By – Zami
Read More »









