မြစ်ကြီးနား
-
Mar- 2026 -23 Marchသတင်း
မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုတွေ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မတ်လ ၂၂ ရက် မနေ့ည မနက် ၈နာရီ ၄၅မိနစ်အချိန် ရမ်ပူရပ်ကွက် နယ်မြေ ၂၁ က…
Read More » -
18 Marchသတင်း
ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဟာ လူသွားလူလာနေရာတွေ၊ ကလေးတွေ ဆော့ကစားတဲ့ ကွင်းပြင်လို နေရာမျိုးတွေမှာ မူးယစ်ဆေးဝါးတွေသုံးစွဲနေကြပြီး သုံးပြီးသား ဆေးထိုးအပ်တွေကိုတော့ အဲဒီနေရာတွေမှာဘဲ စွန့်ပစ်ထားကြတယ်လို့ ဆိုပါတယ်။ “အပ်တွေဆို…
Read More » -
18 Marchသတင်း
မြစ်ကြီးနားမှာ အိမ်မွေးခွေးတွေ မကြာခဏပျောက်ဆုံးနေ
မြစ်ကြီးနားမြို့မှာ အိမ်မှာမွေးထားတဲ့ခွေးတွေ မကြာခနပျောက်ဆုံးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ရီလမှာ လယ်ကုန်းရပ်ကွက် နယ်မြေ ( ၃ ) မှာရှိတဲ့ ခွေးတွေဆက်တိုက်ပျောက်ဆုံးနေပြီး ခွေးပျောက်တဲ့အိမ် ၅အိမ်ထိရှိလာပြီလို့သိရပါတယ်။ “ကျွန်မတို့အိမ်က နိုက်နော(ခွေး)လည်း ပျောက်သွားပြီ ဘယ်သူဘာလုပ်လိုက်လဲမသိဘူး။ နိုက်နောရှိမှ အရမ်းဟောင်တာ သူသား(ခွေး)က ကြောက်ပြီး ဘာမှသိပ်မဟောာင်ဘူး ခန္ဓာကိုယ်ဘဲ ကြီးတာ”လို့ ခွေးပိုင်ရှင် အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ အလားတူ လယ်ကုန်းရပ်ကွက်မှာသာမက တပ်ကုန်း၊ အင်ဂျန်ဒုံရပ်ကွက်၊ စီတာပူ၊ ကြက်ပေါင်ခြံရပ်ကွက်တွေမှာလည်း အိမ်မွေးခွေးတွေ ဆက်တိုက်ပျောက်တာတွေဖြစ်နေတယ်လို့ ခွေးပိုင်ရှင်တွေပြောပါတယ်။ လက်ရှိချိန်ထိတော့ ပျောက်နေတဲ့ခွေးတွေဟာ သာမန် ရိုးရိုးအိမ်မွေးခွေးတွေသာမက မျိုးရိုးကောင်းတဲ့ ခွေးတွေလည်းပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်တွေဟာ မိမိအိမ်မှာမွေးထားတဲ့ခွေးတွေက တခြားခွေးတွေနဲ့အတူ ရွာလည်ဆော့ကစားနေတယ်လို့ ထင်ခဲ့ပေမယ့် အချိန်အတန်ကြာ အိမ်ပြန်မရောက်လာတဲ့အတွက် လိုက်ရှာကြည့်မှသာ လုံးဝအစအနမတွေ့ဘဲ ပျောက်ဆုံးနေတာကို သိခဲ့ရတယ်လို့ ပြောပါတယ်။ ခုလိုအိမ်မွေးခွေးတွေဆက်တိုက်ပျောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကိုတိုင်ကြားချင်သော်လည်း အရေးယူပေးမှာမဟုတ်တဲ့အတွက် ခက်ခဲတွေ့နေတယ်လို့ နောက်ထပ်ခွေးပိုင်ရှင်အမျိုးသမီးတစ်ဦး ပြောပါတယ်။ “လူအသတ်ခံရတဲ့ ကိစ္စတွေတောင် မကိုင်တွယ်နိုင်မှတော့ ခွေးကိစ္စက ဘယ်သူမှ ကိုင်တွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ခွေးပိုင်ရှင်တွေကဘဲ ခံစားနေရတာပေါ့”လို့ပြောပါတယ်။ လယ်ကုန်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာဘဲ လုယက်ခံရတာတွေ ၊ ဆိုင်ကယ်ခိုးတာတွေ ၊ မီးကြိုးအခိုးခံရတာတွေကို ကြုံတွေ့ခဲ့ရ မြစ်ကြီးနားမြို့မှာ ခုနောက်ပိုင်း ခိုးမှုတွေများလာတဲ့အတွက် ပြည်သူတွေဟာ အိမ်တိုင်းလိုလိုမှာ ခွေးတွေမွေးထားကြတာဖြစ်ပါတယ်။ ခွေးပျောက်ဆုံးတာနဲ့ ပက်သက်ပြီး လူမူကွန်ယက်စာမျက်နှာတစ်ချို့မှာတော့ မသမာသူတွေက သတ်စားတာဖြစ်သလို၊ ဖမ်းပြီးပြန်ရောင်းတာတွေဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ် မြစ်ကြီးနားမြို့မှာ လက်ရှိ ခိုးဆိုးလုယက်မှုတွေနေ့စဉ်ဖြစ်ပေါ်နေတဲ့အတွက် အိမ်မွေးခွေးတွေကလည်း အရေးပါလာပေမယ့် ခုလိုရုတ်တရက်ပျောက်ဆုံးတာတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်လာတဲ့တွက် ခွေးမွေးထားတဲ့ ခွေးပိုင်ရှင်တွေစိုးရိမ်နေကြပါတယ်။ “အိမ်ဖောက်ထွင်းခံရတဲ့ နေအိမ်တွေကများသောအားဖြင့် ခွေးမရှိတဲ့အိမ်တွေ ဖြစ်နေတယ်။ ခွေးရှိတဲ့အိမ်တွေက သူစိမ်းလာရင် ဟောင်တယ်လေတော်ယုံတန်ယုံ သူခိုးတွေလည်း မလာရဲကြဘူး အဲဒါကြောင့်ဖမ်းများ ဖမ်းပေးလိုက်ကြလား”လို့ နောက်ထပ် မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။ ဒါကြောင့် ခွေးပိုင်ရှင်တွေကနေပြီးတော့ ခွေးပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး တာဝန်ရှိသူတွေ ကူညီဖော်ထုတ်ပေးဖို့ လိုလားနေတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
12 Marchသတင်း
မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ မီးရရှိတယ်လို့ဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရနေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။ ဘူးဂါးလျှပ်စစ်ရုံးကနေ ရပ်ကွက်အလိုက်မီးပေးမယ့်စာရင်းထုတ်ပြန်ထားပေမယ့် အချိန်ဇယားအတိုင်း မီးပေးခြင်းမရှိပဲ တစ်ရက်လုံးမှ နာရီဝက်ခန့်သာ ရရှိနေတာ နှစ်ပတ်ခန့်ရှိလာပြီလို့ သိရပါတယ်။ ခုလို လျှပ်စစ်မီးပေးတဲ့အချိန်…
Read More » -
11 Marchသတင်း
မြစ်ကြီးနားလေဆိပ်ရပ်နားလိုက်တဲ့နောက် ကားလမ်းပိုင်းခရီးသွားပိုများလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်ခရီးစဥ်အားလုံး ရပ်ဆိုင်းထားတဲ့နောက် မြစ်ကြီးနား–မန္တလေး ကားလမ်းခရီးအသုံးပြုခရီးသွားလာသူတွေများလာတယ်လို့ ကားသမားတွေ နဲ့ ခရီးသွားတွေဆီကသိရပါတယ်။ မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းအတွင်း နှစ်ဖက်တပ်တွေရဲ့မကြာခဏဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံမှုတွေမရှိပေမဲ့ လည်း ခရီးသွားတွေအဖို့ မလုံခြုံတဲ့ဒီကားလမ်းပိုင်းကိုသာအသုံးပြုလာကြတာလို့ ကားသမားတွေကပြောပါတယ်။ ကားသမားတစ်ဦးက“အခုကသွားကြတဲ့ခရီးသည်နည်းနည်းများလာတယ်။လေယာဥ်ပိတ်ထားတယ်ဆိုတော့လေ။ အရင်လိုကြီးတော့အဆင်မပြေဘူး။ ဒီအချိန်ဒီကာလမှာ…
Read More » -
11 Marchသတင်း
အာမခံကြေး သိန်း ၅၀၀ ကြောင့်လူမှုကူညီရေးအသင်းတွေ လိုင်စင်သက်တမ်းတိုးဖို့ ခက်ခဲနေ
နိုင်ငံတဝန်းရှိ လူမူကူညီရေး အသင်းအားလုံး လိုင်စင်သက်တမ်းတိုးဖို့ အာမခံကြေး မတည်ငွေ သိန်း ၅၀၀ ရှိရမည်ဆိုတဲ့အတွက် ကချင်ပြည်နယ်ထဲက လူမူကူညီရေးအသင်းတစ်ချို့ သက်တမ်းတိုးဖို့အခက်ကြုံနေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းဝင်သူတွေဆီကနေ သိရပါတယ်။ “သက်တမ်းတိုးဖို့ ငါးရာမရှိဘူး မရှိတော့ ဒီတိုင်းဘဲ ထားထားလိုက်တယ် အဲတာဘဲ”လို့ မြစ်ကြီးနားမြို့ထဲက လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်”လို့ လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ပါက ထောင် ( ၃) နှစ်အထိချမှတ်နိုင်သလို ငွေဒဏ်အဖြစ် ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်ခြင်း ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်ခြင်း ၊ ဆောင်ရွက်ခြင်း ၊အားပေးကူညီခြင်း ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ထောင်ဒဏ် နှစ်နှစ်အထိလည်း ချမှတ်ရနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ လူမှုကူညီမှုအသင်း လိုင်စင်သက်တမ်းတိုးမယ်ဆိုပါက ပြည်နယ်နဲ့တိုင်းအဆင့်ဆိုရင် ကျပ်သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့် ကျပ်သိန်း ၁,၀၀၀၊ နိုင်ငံတကာ အဆင့် INGOဆိုရင် ကျပ်သိန်း ၃,၀၀၀ ဘဏ်ထဲမှာ အမြဲထားရှိထားရမှာဖြစ်ပြီး ထုတ်ယူသုံးစွဲခွင့် မရှိဘူးလို့လည်း သိရပါတယ်။ တစ်ဖက်မှာလည်း လိုင်စင်သက်တမ်းလည်း မတိုးနိုင်တော့တဲ့ လူမှုကူညီရေး အသင်းတွေအတွက်ကတော့ မြစ်ကြီးနားမြို့နယ်ကလွဲပြီး တခြားမြို့နယ်ဘက် သွားလာလို့ ရတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ “ဥပမာ ကျွန်တော်တို့အသင်းက မှတ်ပုံမတင်ထားဘူးဆိုရင် စစ်ကိုင်းသွားတာမျိုးတို့ မန္တလေးသွားတာမျိုးတို့ အဆင်မပြေဘူးကွာ အချိန်မရွေးဖမ်းလို့ရတယ်”လို့ ဆိုပါတယ်။ လူမှုကူညီရေးအသင်းတွေဟာ စီးပွားရှာတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အပြင် အကျိုးအမြတ်မယူဘဲ အခက်အခဲ ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အခမဲ့သာ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဘဲ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူလူထုက လှူပေးတဲ့ အလှူငွေတွေနဲ့ဘဲ အသက်ဆက်နေကြတာ ဖြစ်တဲ့အတွက် ခုလို သိန်းရာနဲ့ချီပေးဆောင်ဖို့အတွက် အရမ်းကို ခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သတ်ပြီး ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက “တမင်သက်သက်အကြပ်ရိုက်အောင်လုပ်နေတာ အမှန်ဆိုရင် ပရဟိ၊ဒီလူမူကယ်ဆယ်ရေးအသင်းတွေက စီးပွားရေးအသင်းအဖွဲ့တွေမဟုတ်ဘူးလေ။ ဒါကိုသူတို့နားမလည်တာမဟုတ်ဘူး သိပြီးသားပဲ။ဒါပေမယ့် ခုလိုဘာလို့ကန့်သတ်မှုတွေပိုများလာသလဲဆိုရင်အဓိကတော့ ရှင်းရှင်းလေးပဲ တော်လှန်ရေးဘက်ကို ကူညီတာတွေလုပ်မှာစိုးလို့ဟုတ်တယ်” လို့ပြောပါတယ် အာဏသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဥပဒေအသစ်တစ်ခု လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်ကောင်စီပြဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ “၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ယခင်ဥပဒေကို ဖျက်သိမ်းကာ ဥပဒေသစ်အဖြစ်အစားထိုးလိုက်ခြင်းပါတယ်။ ၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာ “အသင်းအဖွဲ့အနေဖြင့် မိမိတို့ သဘောဆန္ဒအလျှောက် မှတ်ပုံတင်လိုပါက တင်နိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိသော်လည်း နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်တယ်”ဆိုပြီး အတိအလင်းဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီအဲဒီဥပဒေကိုဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွက် သီးခြားတည်ဆဲဥပဒေအနေဖြင့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လူမှုရေးအသင်းအဖွဲ့အနေဖြင့်လည်း နိုင်ငံရေး၊ ဘာသာရေးများနှင့် ဆက်စပ်ပတ်သက်မှု မရှိစေရန် ပြဋ္ဌာန်းထားလိုက်ခြင်းဖြစ်ပါတယ။် ဒီဥပဒေသမှာ လူ (၅)ဦး၊ (၅)ဦးထက်ကျော်လွန်ပြီး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းမည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ထားကာ မှတ်ပုံတင်ခြင်းမရှိပါက ဒဏ်ငွေ ကျပ် (၁၀)သိန်းဖြစ်စေ၊ ထောင်ဒဏ်(၃)နှစ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် မှတ်ပုံတင်သက်တမ်းကျော်လွန်ပါက ငွေဒဏ် ကျပ်(၅)သိန်းဖြစ်စေ၊ ထောင်ဒဏ် (၂)နှစ်ဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ပါရှိသလို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းနှင့် လက်နက်ကိုင်ဆန့်ကျင်နေသောအသင်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း မပြုလုပ်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည်တို့ကို ထိခိုက်စေနိုင်သော လှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်လှုပ်ရှားခြင်းတို့ကို ထောင်ဒဏ် (၅)နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း(၅၀)ဖြစ်စေ သို့မဟုတ် ဒဏ်(၂)ရပ်လုံးအပြင် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းယူအရေးယူနိုင်တယ်လို့ဆိုထားပါတယ်။ စစ်ကေင်စီဟာ“၂၀၁၄ခုနှစ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ကိုအစားထိုးလိုက်တာဖြစ်ပေမယ့် ချုပ်ချယ်ကန့်သတ်မှု ပိုမိုထည့်သွင်းလာပြီး ထောင်ဒဏ်၊ ငွေဒဏ်များကို ချမှတ်နိုင်တဲ့အတွက် အသင်းအဖွဲ့များအနေဖြင့် လွတ်လပ်စွာရပ်တည်ရေး၊ လှုပ်ရှားဆောင်ရွက်မှုတွေမှာ အကန့်အသတ်ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။ By –…
Read More » -
10 Marchသတင်း
မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(မတ်လ၉ရက်) ၇နာရီဝန်းကျင်အချိန် အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အကျော်မှာ ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာကနေ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ…
Read More » -
10 Marchသတင်း
မြစ်ကြီးနားမှာ ဓားထိုးခံရပြီး သေဆုံးမှုထပ်မံဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဓားထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ထပ်မံဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရှိရပါတယ်။ ဓားထိုးမှုဖြစ်စဉ်ကတော့ မတ်လ ၁၀ရက် ည ၁၀ နာရီ ၁၄မိနစ်မှာ မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့နား အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဓားထိုးခံရပြီးနောက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကြီးဆီ အမြန်ပို့ဆောာင်ခဲ့ပေမယ့်လည်း လက်တစ်ဝက်မှာတင် သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ဒဏ်ရာက ရင်ဘက်နဲ့ ဗိုက်မှာလားမသိဘူး ဒဏ်ရာက။ ဆေးရုံမှာ မဟုတ်ဘူး။ လမ်းတစ်ဝက်မှာတင် ဆုံးတာဟုတ်တယ်”လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဟာ လမ်းဘေးကဆီဆိုင်တစ်ခုတွင်း ပစ္စည်းဝင်ခိုးဖို့ကြိုးစားရင်း အနီးဝန်းကျင်ကပြည်သူတွေဝိုင်းဖမ်းရာ ဆိုင်ရှင်ကနေ ဓားနဲ့ ထိုးမိသွားတာဖြစ်ကြောင့် ပြောဆိုကြပေမယ့် KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ၁၉နှစ်အရွယ်အမျိုးသားကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခန ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။ By – Hope
Read More » -
7 Marchသတင်း
မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့…
Read More » -
6 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…
Read More »