မြစ်ကြီးနား

  • Apr- 2026 -
    20 April
    သတင်း

    မြစ်ကြီးနားမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

    မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက် ဘုန်းကြီးကျောင်းနောက်ကျောဘက် လမ်းကြားတစ်နေရာမှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။

    Read More »
  • 17 April

    မြစ်ကြီးနားမှာ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ကလေးသူငယ်တစ်ဦးပါအဝင်  ၃ ဦးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီလ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့်  ကလေးသူငယ်တစ်ဦးအပါဝင် သေဆုံးသူ ၃ ဦးထိရှိလာပြီလို့ လူမူကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

    Read More »
  • 8 April
    သတင်း

    မြစ်ကြီးနားမှာ စက်သုံးဆီသိုလောင်တဲ့ဂိုဒေါင်မီးလောင်

    မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းသွားရာလမ်းမကြီးနဘေးက စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်နေရာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဧပြီလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ ဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ စက်သုံးဆီသိုလှောင်တဲ့ ဂိုဒေါင်တိုက်အပါအဝင် နောက်ထပ်ဆီဘောက်ဇာကား ၃ စီးခန့်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ရွှေစက်ရပ်ကွက်နေဒေသခံတစ်ဦးကတော့ ဆီဘောက်ဇာကားကတစ်ဆင့်မီးလောင်တာဖြစ်နိုင်ကြောင်း…

    Read More »
  • 7 April
    သတင်း

    မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ လောင်းအထိတွေ့ရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး  ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ခုထိရှိလာပြီဖြစ်ပါတယ်။ အဲဒီ ပိုင်ရှင်မဲ့အလောင်းတွေထဲက ဧပြီလ ၆ ရက်နေ့မှာ မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို ပလုံကောက်တဲ့အမျိုးသားတစ်ဦး တွေ့ရှိခဲ့တာလို့ သိရပါတယ်။ “အမှိုက်ကောက်တဲ့သူအရင်တွေ့ပြီး ရာအိမ်မှူးကိုအကြောင်းကြားတာ။ အဲဒီကနေ လူမူကယ်ဆယ်ရေးအသင်းက အလောင်းလာကောက်သွားတာဟုတ်တယ်”လို့ အေးမြသာယာရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။ သတ်ဖြတ်ခံထားရသူဟာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာ ၃ ခုရှိတယ်လို့ သိရပြီး ဘယ်လက်မှာ Royal Rose ဆိုတဲ့တက်တူးလည်းထိုးထားတယ်လို့သိရပါတယ်။ အလားတူ မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။ ဒါတင်မက မတ်လ ၂၂ နေ့ ရမ်ပူရပ်ကွက်၊ နယ်မြေ၂၁ ခြံအလွတ်တစ်ခုမှာ  အမျိုးသားတစ်ဦးသေဆုံးနေတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၅ ရက် ရှမ်းရွာ၊ အမှိုက်ပုံနားမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ အေးမြသာယာ ရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာ အသက်အရွယ်နဲ့ အမည်မသိရှိရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။ နောက်ထပ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရမ်ပူရပ်ကွက် တရုတ်ကျောင်းအနီးမှအမျိုးသားတစ်ဦး မူးယစ်ဆေးရှော့ဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးထားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ ဦးထိရှိလာပြီး အဲဒီထဲက ၂ ဦးဟာ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေဖြစ်ပြီး ကျန်တဲ့ ရုပ်အလောင်း ၄ ခုက မူးယစ်ဆေးကြောင့်သေဆုံးတာတွေဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ခုလို ပိုင်ရှင်မဲ့အလောင်းခပ်စိပ်စိပ်တွေ့လာရတာဟာ တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် လူငယ်တွေအနေနဲ့လည်း လက်ရဲ ဇက်ရဲဖြစ်လာတယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “တရားဥပဒေစိုးမိုးမှုမရှိတော့ အခုဆို မနက်စောစောလမ်းလျှောက်ထွက်ရင် လူကျဲသွားပြီ ခါတိုင်း ၄ခွဲ ၅နာရီဆိုရင်  အရွယ်စုံတယ် စက်ဘီးစီးတဲ့လူတွေ၊ လမ်းလျှောက်တဲ့လူတွေနဲ့ အခုက အဲတာတွေ သိပ်မတွေ့ရဘူး ထူးခြားသွားတာဟုတ်တယ်”လို့ဆိုပါတယ်။ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာက‌နေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။ မြစ်ကြီးနားမြို့ကို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး မြို့တွင်းလောင်းကစားဝိုင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုများလာတာကြောင့် မလိုလားအပ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ကြုံနေရတာလည်းဖြစ်ပါတယ်။ By – Hope

    Read More »
  • 2 April
    သတင်း

    မြစ်ကြီးနားမှာ ဆိုင်ကယ်နှစ်စီးတိုက်မိပြီးအမျိုးသားတစ်ဦးသေဆုံး

    မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်က ဧပြီ ၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်လောက်မှာ အထက (၃) စာသင်ကျောင်းဘေးကနေ စူပါကတ်ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့…

    Read More »
  • 1 April
    သတင်း

    တစ်လကျော်ရပ်နားထားတဲ့ မြစ်ကြီးနားလေကြောင်းလိုင်းခရီးစဉ်အားလုံးပြေးဆွဲတော့မည်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လကျော်ရပ်နားထားတဲ့ လေကြောင်းခရီးစဉ်တွေအားလုံး ပြန်လည်ပြေးဆွဲတော့မယ်လို့ လေကြောင်းလိုင်း ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ လေကြောင်းခရီးစဉ်တွေအနေနဲ့ကတော့ ဒီလ ဧပြီလ ၅ရက်နေ့နဲ့ ၈ရက်နေ့ကစပြီး စတင်ပြေးဆွဲတော့မှာဖြစ်သလို လတ်တလော လေယာဉ်လက်မှတ်အားလုံးပြည့်နေပြီဖြစ်တယ်လို့ မြန့်မာအမျိုးသား လေကြောင်းလှိုင်း(Myanmar National Airline)က ဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။ “ပြည့်နေပါပြီ နေရာတော့ မရှိတော့ပါဘူး။ ၅ရက်နဲ့ ၈ရက်နေ့ဟာတော့ လောလောဆယ်တင်ထားပေမယ့် ပြည့်နေပါပြီ။ နောက်ရက်တွေအတွက်ကတော့ မသိရသေးပါဘူး”လို့ ဆိုပါတယ်။ လက်ရှိချိန်ထိတော့ ထိုင်ခုံတွေပြည့်နေပြီလို့ သိရပြီး ဧပြီလ ၅ ရက်နေ့နဲ့ ၈ရက်နေ့ ပြေးဆွဲပြီးနောက် ဘယ်ရက်တွေမှာမှ ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ သေချာ မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်ထိ မြစ်ကြီးနား– ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း ကျပ်၉ ၈၅,၀၀၀ ဝန်းကျင်၊ လက်ရှိ ကျပ်၁,၀၃၀,၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနား– မန္တလေးမြို့ဆိုရင်  ယခင် ကျပ် ၇၈၀,၀၀၀ ကျပ်၊လက်ရှိ ကျပ် ၇၉၀,၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပြီး စျေးနှုန်းအနည်းငယ်မြင့်တက်သွားတာလည်းဖြစ်ပါတယ်။ ဒါအပြင် လေကြောင်းလိုင်းအနေဖြင့် ယခင်ကတော့  Myanmar National Airlineအပြင် Air KBZ (KBZ Airlines)၊Mann Yadanarpon ၊AirlinesAsian၊ Wings Airways (ceased operations 2019) ၊Air Bagan…

    Read More »
  • Mar- 2026 -
    26 March
    သတင်း

    မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ

    စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။ ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ  ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။ “ဈေးနှုန်းက အံစာတုံး(အိမ္စီးကား အကြီး)ကတော့တစ်ယောက်ကို နှစ်သိန်းခွဲပါနောက်ပြီးတော့ လူလေးယောက်ပဲထိုင်လို့ရတဲ့ အိမ္စီးကား (AD Van)ကတော့တစ်ယောက်ကို ငါးသိန်းပါ ဒါပေမယ့်မန္တလေးကနေ မြစ်ကြီးနားအတက်ဆိုရင်တော့ခြောက်သိန်းပါဗျ။ ဈေးကတော့ပုံမှန်ထက်ကိုတစ်ဆတက်တယ်ပြောရမယ် ဆီဈေးကြောင့်ပါ”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လေကြောင်းလိုင်းတွေမရပ်နားမှီနဲ့စက်သုံးဆီစျေးမတက်ခင် မြစ်ကြီးနား – မန္တလေးလမ်းပိုင်း အံစာတုံးကားမှာ  ခရီးသည်တစ်ဦး ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ)၊ AD Van ကားမှာ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) နဲ့ နှစ်သိန်းခွဲကြားသာရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အံစာတုံးနဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၂၅၀၀၀၀ (နှစ်သိန်းခွဲ )AD Van နဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)အထိစျေးမြင့်တက်သွားကြောင်းသိရပါတယ်။ ခုလို အံစာတုံးကားနဲ့ AD Van ကားခ တစ်ဆကျော်ကွာဟနေတာနဲ့ပတ်သက်ပြီး ကားသမားတစ်ဦးက အခုလိုပြောပါတယ်။ “အံစာတုံးကေတာ့ လူလည်းများတယ် ပြီးတော့ AD Van လောက်မမြန်ဘူးစီးရတဲ့အရသာလည်းကွာတယ် မန္တလေးရောက်ရင်လည်းအိမ်အရောက်မပို့ပေးဘူး။ AD Van ကတော့ လူလေးလေးယောက်ပဲစီးလို့ရမယ် မြန်လည်းမြန်တယ် နောက်ပြီးမန္တလေးရောက်ရင်လည်း အိမ်အရောက်လိုက်ပို့ပါတယ် တခြားကားတွေက ဂိတ်မှာချပေးပြီးအဲ့ကနေတဆင့်အိမ်အထိ Taxi ငှား အိုးဝေပဲငှားလည်း ငါးသောင်း ခြောက်သောင်းကပေးရတယ်လေး”လို့ သူကပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြစ်ကြီးနား မန္တလေးကြားထဲက စစ်ကိုင်းတိုင်း ကန့်ဘလူ၊ကောလင်းစတဲ့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် တစ်ခါတစ်လေ သုံးညအထိညအိပ်ခရီးသွားနေရကြောင်းသိရပါတယ်။ “လက်ရှိလမ်းကြောခြေနေက အာမခံလို့မရဘူးနော် လမ်းကြောကောင်းရင် တစ်ညအိပ်နဲ့ပဲရောက်ပါတယ် လမ်းကြောမကောင်းရင်တော့ သုံးညလောက်လမ်းမှာအိပ်ရတယ် ဒါကတော့ပုံမှန်ခြေနေပါအခုတလောမှမဟုတ်ဘူး ပုံမှန်ပဲ”လို့ မန္တလေး ကားဂိတ်တာဝန်ရှိအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ အခုလို စက်သုံးဆီဈေးမြင့်တက်လာတဲ့နောက် ခရီးသည်တွေရဲ့ကားခအပြင် နောက်ထပ်တန်ဆာခတွေလည်း တစ်ဆမြင့်တက်သွားကြောင်း မြစ်ကြီးနားမြိုခံမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNG ကိုပြောပါတယ်။ “တန်ဆာခတက်တယ်ကြာပြီဈေးတွေစတက်ကတည်းကပဲ အရင် ငါးသောင်းပဲကျတဲ့ ဂျက်ဖာတစ်ခုကအခုကတစ်သိန်းပေးရတယ် အလေးချိန်လည်းအတူတူပဲ ဂျက်ဖာကလည်းအတူတူပဲ တန်ဆာခကတော့မတရားကိုတက်တယ်”လို့ သူကပြောပါတယ်။…

    Read More »
  • 25 March
    သတင်း

    မြစ်ကြီးနား လေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းချခြင်းမရှိသေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။ လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၂၄ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေး နှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုသွားပြီးတဲ့နောက် ညပိုင်းမှာတော့ စစ်တပ်ပိုင်ရုပ်သံကပါ ထပ်မံကြေညာထားပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေသူတွေကို မေးမြန်းကြည့်ရာမှာတော့ လေယာဉ်လက်မှတ်တွေတရားဝင်ရောင်းချခြင်းမရှိသေးသလို လေကြောင်းလိုင်းပြေးဆွဲမယ့် အချိန်ဇယားလည်း သေချာ မသိရှိရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပက်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း– Myanmar National Airlines (MNA) ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ခုလို ပြောပါတယ်။ “လေကြောင်းလိုင်း ဆွဲဖြစ်မယ် မဆွဲဖြစ်ဘူးဆိုတာ ပြန်ပြောပေးပါ့မယ် မနက်ပြန်ဆက်ခဲ့ပေးပါ။ ဘယ်ရက်မှာရှိနိုင်မယ် မရှိနိုင်ဘူးဆိုတာကို ခုက (schedule) လုပ်ငန်းစဉ်ဇယား သေချာလေးမဖြစ်သေးလို့ပါ”လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့မှာ (ဖေဖော်ဝါရီ ၂၀ရက် ) ည ၈ခွဲအချိန်   မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက်  ဖေဖော်ဝါရီ ၂၁ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့တုန်းက လေကြောင်း ပြန်လည် ဖွင့်လှစ်မယ့် အခြေအနေနဲ့ ပက်သက်ပြီး လေကြောင်းလိုင်းက ဝန်ထမ်းတွေကို မေးမြန်းကြည့်ရာ ၅လပိုင်းလောက်မှ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်တယ်လို့  ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့ စစ်တပ်ရဲ့ရုပ်သံကြေညာချက်အရ ပထမဦးစားပေးအနေနဲ့ မြစ်ကြီးနား၊ ပူတာအို၊ ခန္တီး၊ ကလေး၊ စစ်တွေ၊ ဟုမ္မလင်း၊ တာချီလိတ်၊ ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့နယ်တွေမှာ မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမယ်လို့ကြေညာထားပါတယ်။ မြစ်ကြီးနား၊ ပူတာအိုလေဆိပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် တိုက်ခိုက်ခံရလို့ မြစ်ကြီးနားကနေ ထွက်ခွာမယ့် MNA လေယာဉ်တစ်စီး အမြီးပိုင်းမှာ ဗုံးထိမှန်ခဲ့ကြောင်းစစ်တပ်ကပြောဆိုလာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး လေကြောင်းလိုင်းအားလုံးရပ်နားထားတာလည်းဖြစ်ပါတယ်။ By – Hope

    Read More »
  • 24 March
    သတင်း

    မြစ်ကြီးနားမြို့မှာ သံတိုသံစရောင်းဝယ်ရေးဆိုင်မီးလောင်

    “မီးလောင်တဲ့အိမ်မှာ လူမရှိဘူး သော့ခတ်ထားတယ် အိမ်ရှင်တွေက ခရီးထွက်သွားတာတဲ့ အိမ်စောင့်တွေက အလှူသွားနေတဲ့အချိန် လောင်တာ”လို့  မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။

    Read More »
  • 23 March
    သတင်း

    ပူတာအို-မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်

    ကချင်ပြည်နယ်အတွင်း လေကြောင်းလိုင်းအားလုံးရပ်နားသွားတဲ့နောက် ပူတာအို– မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမား‌တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး မြစ်ကြီးနား လေကြောင်းလိုင်းအားလုံးရပ်နားလိုက်ပြီးနောက် မြစ်ကြီးနား–ပူတာအိုကြား ခရီးသည်တစ်ဦးကို ကားခကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “ကားခက…

    Read More »
Back to top button