ရွှေတူးဖော်မှု

  • Mar- 2026 -
    23 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်သောက်သုံးရေခက်ခဲတဲ့အထိဖြစ်လာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီးသေထဲမှာ တရားမဝင် ရွှေတူးဖော်မှုတွေဟာ စစ်အာဏာသိမ်းနောက်ပိုင်းကစပြီး တနေ့တခြား ပိုမိုဆိုးရွားလာရာကနေ ၂၀၂၄–၂၀၂၅ ခုနှစ်တွေမှာ ကျေးရွာဧရိယာအထိ ရွှေတူးဖော်မှု…

    Read More »
  • 17 March
    သတင်း

    ရွှေကူနယ်အတွင်း  KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ KIO က ရွှေကူနယ်တွင်းရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။  အမိန့်ကြေညာချက်ထဲမှာ အဓိကဖော်ပြထားတာက ရွှေကူမြို့ပေါ် ရပ်ကွက်၁၊ ရပ်ကွက် ၂၊ရပ်ကွက် ၃၊ရပ်ကွက် ၄ စတဲ့ရပ်ကွက်တွေအပါအဝင် မြို့ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဆိုထားပါတယ်။  ဒါပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြန်လုပ်နေကြပြီဗျ မြို့ခံတွေထဲကတစ်ချို့စုန်းပြူးတွေနဲ့လုပ်ငန်းရှင်တွေလုပ်ကြတာဗျ ရွှေကူ ရပ်ကွက် ၁၊၂၊၃၊၄ ပါအခုလုပ်နေတာက”လို့အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့လုပ်ငန်းရှင်တွေထဲမှာ ရွှေကူမြို့ထဲက မြို့ခံလုပ်ငန်းရှင်တွေ၊စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ဗန်းမော်ဘက်ကလုပ်ငန်းရှင်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။ “စကစနဲ့ပေါင်းနေတဲ့အဖွဲ့တွေပါ့ စစ်တပ်နဲ့အပေးအယူတည့်ပြီးလုပ်နေကြတာ ရွှေကူအထိုင်တပ်ကခွင့်ပြုပေးလို့လေးသူတို့ဆီအခွန်ဆောင်ပြီးတူးတာဟုတ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒီရွှေတူးဖော်မှုကို မြို့ပေါ် ရပ်ကွက် ၁၊၂၊၃၊၄ နယ်မြေ ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊သံခွန်စက်လှေတွေနဲ့တူးဖော်နေပြီး ခန့်မှန်း အစီး ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့်မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေကန့်ကွက်မှုရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေပြောပါတယ်။ “ရွှေတူးတော့မြစ်ရေကနှောက်တယ် တစ်ချို့ဒီကပဲသုံးရေသုံးကြတာ အခုသုံးလို့မရတော့ဘူး နောက်ပိုင်းမိုးတွင်းတွေမှာဆိုရင် မိုးရေလွှမ်းနိုင်တယ် ထိထိရောက်ရောက်တားဆီးသင့်တယ်”လို့အထက်ဖော်ပြပါအသက် ၅၀ ကျော်အရွယ်အမျိုးသားကဆက်ပြောပါတယ်။ ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတစ်ချို့ကတော့ မြစ်ရေအသုံးပြုသူတွေရှိတယ်လို့ သိရပါတယ်။  ဒါပေမယ့် ရွှေတူးဖော်မှုစတင်လာနေ့ကစပြီး ရေတွေနှောက်နေပြီး သုံးဖို့အဆင်မပြေတာတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIOရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုတားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့သိရပါတယ်။ အခုလိုမြို့ပေါ်ရွက်ကွက်ဧရိယာမှာရွှေတူးဖော်မှုကြောင့်မြို့ခံတွေသုံးရေခက်ခဲတဲ့အပြင်  ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ…

    Read More »
  • Feb- 2026 -
    18 February
    သတင်း

    ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နေ

    ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း များစွာထိခိုက်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း ပူတာအိုခရိုင်ရှိ မြို့နယ် ၄ ခုလုံးမှာ ရွှေဖော်မှုတွေ သိသိသာသာတိုးများလာတယ်လို့ သိရပြီး အများပိုင်းက ဒေသခံတွေကိုယ်တိုင် သဘောတူညီမှုနဲ့ လုပ်ငန်းရှင်တွေကို မြေကွက်ရောင်းပေးနေတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုရွှေတူးဖော်မှုတွေ ဆိုးဆိုးရွားရွားများလာတာကြောင့်ပူတာအိုဒေသအတွင်း စိုက်ပျိုးမြေပျက်စီးသွားတဲ့ပြဿနာ၊ ရွှေတူးဖော်တဲ့ ချောင်းတွေကနေ ရေသွယ်ယူနေတဲ့လယ်ယာခင်းတွေ ပျက်စီးကုန်တာတွေ၊ ချောင်းထဲ ငါးတွေရှားပါးလာတာမျိုးကြုံတွေ့နေရတယ်လို့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။  “ရွှေတွေပဲ တူးလိုက်ကြပြီဆိုတော့ နေ့ခင်းတွေဆို အရမ်းပူ အရမ်းနေရခက်တယ်။…

    Read More »
  • 16 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…

    Read More »
  • 3 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်ထဲက ဗန်းမော်မြို့နယ်အစပ် နောင်မိုကနေ စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးနေတယ်လို့သိရပါတယ်။ “ဘယ်ရွာကနေဘယ်ရွာအထိရယ်မဟုတ်ဘူး ရွှေကူတစ်နယ်လုံးကမြစ်ကြောင်းတစ်လျှောက်မှာ…

    Read More »
  • Jan- 2026 -
    26 January
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ

    ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…

    Read More »
  • Dec- 2025 -
    2 December
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ‌စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…

    Read More »
  • Oct- 2025 -
    21 October
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို

    ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်တဲ့အတွက် လယ်ယာမြေလုပ်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာတွေက နမ်ခမ်းရွာနဲ့ နမ်ဆဘွမ်ရွာတွေဖြစ်တယ်လို့ သိရပြီး ဒေသခံတွေဟာ လုပ်ငန်းရှင်တွေကို လယ်ယာမြေရောင်းတာအပြင် လက်ရှိမိမိတို့နေထိုင်ကြတဲ့…

    Read More »
  • Jul- 2025 -
    14 July
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်

    တနိုင်းသွားလီဒိုလမ်းပေါ်  ဝါရာဇွပ်ကျေးရွာ၊ မိုးကောင်းချောင်းမြစ်ကမ်းနံဘေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံတွေပြည်တွေ ကန့်ကွက်နေပါတယ်။ ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIO တိုက်နယ်အရာရှိ ဦးဆန့်အောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါဝင်တဲ့ ဦးလမုန်လဂျာ နှစ်ဦးပူးပေါင်းပြီး ရွှေတူးဖော်နေတယ်လို့ ဝါရာဇွပ်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ကျေးရွာထဲက မြစ်ကမ်းနံဘေးမှာတင်…

    Read More »
  • Jun- 2025 -
    9 June
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ဒေသခံများ သဘောတူညီမှုရှိမှသာ ရွှေတူးဖော်ခွင့်ပေးတယ်လို့ KIO ပြောဆို

    ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ မရရှိဘဲ သယံဇာတ မတူးဖော်ဖို့ဆိုတဲ့ KIO ရဲ့ မူဝါဒအတိုင်း အဆိုပါလုပ်ငန်းတွေကို KIO က ပုံမှန် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သယံဇာတ…

    Read More »
Back to top button