ရွှေတူးဖော်မှု

  • Mar- 2024 -
    2 March
    သတင်း

    မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း

    ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ ၊ ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊  သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့ ၅ သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး ၂ သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း ၅ သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး…

    Read More »
  • Feb- 2024 -
    29 February
    သတင်း

    စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ

    ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

    Read More »
  • 28 February
    သတင်း

    ပူတာအို နမ်ဆဘွမ်ကျေးရွာဘေး ရွှေတူးဖော်နေသူတွေ စစ်တပ်က မောင်းထုတ်

    ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ်ဆဘွမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံမောင်းထုတ်နေတယ်လို့ ဒေသခံ‌ တွေဆီကနေသိရပါတယ်။ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နမ်ဆဘွမ်ကျေးရွာ ချောင်းနဘေးမှာတရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းကတည်းကနေ လိုက်လံမောင်းထုတ်နေတာဖြစ်တယ်လို့ နမ်ဆဘွမ်ဒေသခံတစ်ဦးက…

    Read More »
  • 1 February
    သတင်း

    မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

    “တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး…

    Read More »
  • Jan- 2024 -
    30 January
    သတင်း

    ပူတာအိုမှာ ဗျူဟာမှူး နဲ့ အုပ်ချုပ်ရေးပေါင်းပြီး ကျေးရွာခြံစည်ရိုးအထိ ရွှေတူးဖော်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကပ်မုံကျေးရွာမှာ စစ်ကောင်စီတပ်ဗျူဟာမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးတော့ ကျေးရွာခြံစည်းရိုးနားအထိ ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာကြောင့် ရွာနယ်မြေထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • 23 January
    သတင်း

    မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်

    မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • Sep- 2023 -
    9 September
    သတင်း

    မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး

    ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့  အင်းတော်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ မိုင်းနောင် နဲ့…

    Read More »
  • Aug- 2023 -
    15 August
    သတင်း

    ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ညနေပိုင်း၄နာရီကျော်လောက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသအခေါ် ရွှေညောင်ပင် မှာရှိတဲ့ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်းရွှေတူးနေတဲ့ အမျိုးသား…

    Read More »
  • 11 August
    သတင်း

    ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် ရွှေတူးနေသူတွေအမြန်ဆုံးထွက်ခွာပေးဖို့ ဒေသခံတွေတောင်းဆို

    တနိုင်းသွား လီဒိုလမ်းမကျေးရွာတစ်လျှောက် လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာ ခမာချောင်းနားမှာ ရွှေတူတူးဖော်နေသူတွေအနေနဲ့ ဒီလ ၂၀ ရက်နေ့ အပြီးထွက်ခွာပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ ဒီရွှေတူးဖော်နေတာတွေကို အမြန်ဆုံးရပ်တန့်ပြီး ထွက်ခွာပေးကြဖို့ ရပ်ကျေးတာဝန်ရှိသူတွေဦးဆောင်ပြီး  KIA ဘက်ကို နုတ်နဲ့သော်လည်းကောင်း စာအကြိမ်ကြိမ်တင်ပြီး တောင်းဆိုလာရာကနေ အဲဒီရွှေတူးဖော် နေသူတွေကို  KIA ဘက်က ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထွက်ခွာပေးကြဖို့ သတိပေးထားပြီးဖြစ်ကြောင်း ဒေသခံတွေဆီ အသိပေးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့တော့ သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့မတိုင်ခင်ဘဲ ရွှေတူးဖော်တာရပ်ပြီး အမြန်ဆုံးထွက်ခွာပေးကြဖို့ ဒီလ လဆန်း ၇ ရက်နေ့မှာဘဲ ဒွမ်ဘန်နဲ့မန်ပန်ရွာက ရပ်မိရပ်ဖနှစ်ဦးကနေ ထပ်မံသတိပေးထားတယ်လို့ဒွမ်ဘန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုကသူတို့ရဲ့ စက်ပစ္စည်းတွေသိမ်းဖို့ အခွင့်ပေးထားတာဟုတ်တယ် အဲဒါကို ထွက်ဖို့လည်းပြင်ဆင်တာလည်း မရှိဘူး တူးဘဲဆက်တူးနေကြတာ ဒီတိုင်း ၂၀ ရက်နေ့ထိဆက်တူးရင် နေရာတော်တော်ပြောင်သွားတော့မှာ ဒေသခံတွေအတွက် ပိုနစ်နာလာမယ် အဲကြောင့် ကျနော်တို့ဘက်ကတော့ အမြန်ထွက်ပေးကြဖို့ပြောချင်ပါတယ်” လို့ပြောပါတယ်။ ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် အရင်က လက်နဲ့တူးတဲ့ရွှေကျင်းတွေသာ ရှိခဲ့ပေမယ့်လို့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ရွှေဆိုင်းကြီး အလုံး ၅၀ လောက်နဲ့ ရွာစပ်နားထိ တူးဖော်လာတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ခမာချောင်းကနေတစ်ဆင့် ဒွမ်ဘန်ရွာ အိမ်ခြေ ၆၅၀ ကျော်နဲ့ မန်ပန်ရွာအိမ်ခြေ ၃၅၀  က ဒေသခံတွေရဲ့ လယ်ဧက တစ်ထောင်ကျော်အတွက် ခမာချောင်းကနေ သွယ်ယူတဲ့ ရေလွှဲဆည်မြောင်းဘေးတစ်လျှောက်မှာတူးဖော်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခုလိုရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ စာကျက်မြေမှာ ထိန်းကျောင်းတဲ့ ကျွှဲ၊နွား တွေအတွက်လည်း စားကျက်မြေပျောက်ဆုံးလာပြီး ကျွှဲ၊နွားတွေကဟာလည်း ရွှေတူးဖော်နေတဲ့ ကျင်းတွေမှာပြုတ်ကျသေဆုံးတာတွေဖြစ်လာနေတယ်လို့ ပြောပါတယ်။ “စားကျက်မြေထားတဲ့နေရာမှာလည်း…

    Read More »
  • Jun- 2023 -
    13 June
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွံ့ရေအဖြစ်ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။ လယ်ယာဧက ၅၀၀ ကျော်အတွက် အသုံးပြုနေသည့် မုန်းလောင်းချောင်း (Munglawng Hka) တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု…

    Read More »
Back to top button