ရွှေတူးဖော်မှု

  • Feb- 2025 -
    28 February
    သတင်း

    လန်ဆယ်ဒေသမှာ ဒေသခံ နဲ့ ကုမ္ပဏီတွေအထိ ရွှေတူးဖော်ခွင့်ပြုဖို့ KIO စီစဉ်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသကို လိုအပ်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေ နဲ့ ပူးပေါင်းကာ ရွှေတူးဖော်သွားဖို့ အစီစဉ် ရှိသလို ဌာနေဒေသခံတွေနဲ့ ပြည်သူတွေကိုလည်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလ က လန်ဆယ်ဒေသကို KIA က သိမ်းပိုက်ပြီးနောက်…

    Read More »
  • 20 February
    သတင်း

    နေရပ်မပြန်နိုင်သေးတဲ့ ဂျပူကျေးရွာမှာ စက်ယန္တရားနဲ့ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်

    ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်လာတဲ့အတွက် အခြားကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားသကဲ့သို့ ကြုံတွေ့ရမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေသခံတွေ စစ်ရှောင်နေရတဲ့ ဂျာပူကျေးရွာမှာ ၂၀၂၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ကြောင့်…

    Read More »
  • Jan- 2025 -
    24 January
    သတင်း

    မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ

    ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊…

    Read More »
  • Nov- 2024 -
    11 November
    သတင်း

    နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်

    ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ကောင်းမှုလုံအနီး…

    Read More »
  • Oct- 2024 -
    28 October
    သတင်း

    ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ

    ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို  ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ ​By – Zaw Zaw

    Read More »
  • Sep- 2024 -
    4 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်နေ့အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ပြုလုပ်

    ဇွန်လ ၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) အထိမ်းအမှတ်အဖြစ် မြစ်ဆုံဒေသခံပြည်သူတွေ သစ်ပင်စိုက်တဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အပူချိန်မြင့်တက်မှု၊ တရားမဝင် ရွှေတူးဖော်မှု၊…

    Read More »
  • Apr- 2024 -
    22 April
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြည်သူတစ်ဦးချင်းမှာတာဝန်ရှိတယ်လို့ သဘာဝပတ်ဝန်း  ကျင်အရေးလှုပ်ရှားသူတွေဆို

    “အရင်တုန်းကတည်းကလည်း  ရှိခဲ့တယ်၊ ဒါပေမဲ့ ဒီအာဏာသိမ်းပြီးနောက်မှာ ပိုတွေ့လာရတာပေါ့၊ ပြောရမယ်ဆိုရင် မြစ်ဆုံအထက်ဘက်တွေမှာဆိုရင် ရွေတူးဖော်တာတွေ ပိုလုပ်လာကြတယ်၊ မြစ်ရေတွေဆိုရင်လည်း ပိုညစ်လာတယ်၊ မြေရှားတူးတဲ့အတွက်ကြောင့်လည်း မြေဆီလွှာတွေ ခြောက်သွေ့ပျက်စီးလာရတယ်၊ ပလက်စတစ်တွေ အသုံးများလာတယ်၊ စနစ်တကျမလုပ်ကိုင်တော့ ထိခိုက်မှုတွေအများကြီးရှိလာတယ်”လို့ ပြောပါတယ်။

    Read More »
  • Mar- 2024 -
    2 March
    သတင်း

    မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း

    ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ ၊ ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊  သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့ ၅ သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး ၂ သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း ၅ သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး…

    Read More »
  • Feb- 2024 -
    29 February
    သတင်း

    စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ

    ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

    Read More »
Back to top button