ရှမ်းမြောက်

  • Dec- 2024 -
    10 December
    သတင်း

    အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို  သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို

    ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက်  တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မလို့ ပန်ဆိုင်းမှာလက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ပြောတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်ဟာ အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံခေါ်သွားချိန် ကလေးကမေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံမှာ လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။  ဒေသခံတွေပြောချက်အရ မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ်ရဲ့ ခါးနှစ်ဖက်မှာ လက်နဲ့ကိုင်ညစ်တဲ့ဒဏ်ရာအပြင် မိန်းမကိုယ်အင်္ဂါလည်း ဆိုးရွားစွာစုပ်ပြဲသွားတဲ့အတွက် သုံးဆင့်ထပ်ချူပ်လိုက်ရပြီး လားရှိုးမြို့ဆေးရုံမှာ ၃ ရက်ခန့်ဆေးကုသခံယူပြီးနောက် လက်ရှိ ပန်ဆိုင်းဆေးရုံမှာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းပြစ်မှုကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲက ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူဖြစ်ပြီး ဇနီး၊ သား၊သမီး၊မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီးချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာ အချင်းချင်း ခင်မင်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာရှိ တရုတ်နယ်စပ်ချောင်းဘေးမှာ မဒိမ်းကျင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူးကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကိုမလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာက အမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာဟုတ်တယ်။” လို့ ပန်ဆိုင်းအမျိုးသမီးကဆက်ပြောပြပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်ဟာ လက်ရှိအနေအထားမှာ ကိုးကန့်တပ်သားတွေကို တွေ့ရင်လည်း ကြောက်ရွံ့ပြီး ငိုယိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ကလေးကို တာဝန်ယူပြီး ဆေးကုသပေးတာတွေလုပ်ပေးနေပေမဲ့ ဒီအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိဖို့ကြိုးစားတာတွေလုပ်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ ရွာသားတွေ လူအင်အား ၂၀၀ (နှစ်ရာ) ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ သူမကဆက်ပြောပါတယ်။ “အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့ကအစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလိုပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်းဖုံးဖိလိုက်ဖို့ ကြိုးစားတယ်။ သတင်းမထွက်အောင်ကြိုးစားတယ်။ ဒေသခံတွေ လူထုနဲ့ အုံကြွပြီးဆန္ဒပြချိန်လည်း ဖုန်းတွေအားလုံးယူပြီး သက်သေတွေ၊ ပုံတွေ၊ဗီဒီယိုတွေ အကုန်ဖျက်ပေးလိုက်ကြတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောပါတယ်။ သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိ ရှောက်ချီကတော့ ကိုးကန့်တပ်ဖွဲ့စစ်ဆေးတဲ့ချိန် သူမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့သိရပြီး ကလေးရဲ့ ကိုယ်အင်္ဂါကို လက်နဲ့ခိုက်မိသွားတာလို့ လိမ်လည်ထွက်ဆိုတာရှိတယ်လို့ဆက်လက်သိရပါတယ်။ လက်ရှိမှာတော့ အမှုသက်သေအထောက်အထားတွေ စုစည်းပြီး ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနဲ့ စီရင်ချက်ချတာတွေတော့ မပြုလုပ်သေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ပန်ဆိုင်းမြို့ရှိ မိဘမဲ့ဂေဟာကျောင်းလာဖွင့်တဲ့ တမူးဘက်က ချင်းအမျိုးသားတစ်ဦးက ကလေးတွေကို နှိပ်စက်ပြီး အဓမ္မပြုကျင့်တာတွေရှိခဲ့လို့ ဒေသခံအမျိုးသမီးအဖွဲ့နဲ့ ပြည်သူလူထုက ကိုးကန့် MNDAA ကိုတာဝန်ယူဖြေရှင်းပေးဖို့ အမှုအပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ငယ်မဒိမ်းမှုကျူးလွန်သူ အဲဒီချင်းအမျိုးသားကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ထဲ ပါဝင်စီရင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါကြောင့် ယခုမုဒိန်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးဖို့ ကလေးမိဘ၊ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာအသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှုမရှိဘူး။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)…

    Read More »
  • 9 December
    သတင်း

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီနဲ့ ၄ ရီကြား နာရီဝက်အတွင်း ငလျင် ၄ ကြိမ် လှုပ်ခတ်သွားပြီး နောက်ထပ် မနက် ၇ နာရီနဲ့ ၈ နာရီကြား ငလျင်ထပ်လှုပ်ခတ်သွားတယ်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီ ၃၈ မိနစ် မှာ ပထမဆုံးလှုပ်တာ တော်တော်ပြင်းတယ်။ အဲဒီနောက် ၃ နာရီ ၄၇ မိနစ်နဲ့ ၄၈ မိနစ်မှာ ၂ ကြိမ်၊ ၄ နာရီထိုးခါနီးမှာ ထပ်ပြီးလှုပ်တယ်။ ဒီမနက်မိုးလင်းခါနီးမှာ ပြန်ပြီးငလျင်ထပ်လှုပ်တယ်။ ဒီလောက်ဖြစ်တာတော့ မကြုံဖူးသေးဖူး။ ဒီမနက်ဟာက ထူးခြားတယ်လို့ ပြောချင်ပါတယ်”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီတစ်ဦး ပြောပါတယ်။ ဒီမနက် ကွတ်ခိုင်နဲ့ သိန္နီဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်အားဟာ မဂ္ဂနီကျု ၄.၅ အဆင့် အင်အားသင့်ငလျင်ဖြစ်ပြီး မြို့တွင်း နေအိမ်တစ်ချို့ အက်ကွဲတာတွေရှိတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။ မြေငလျင်ဟာ တစ်ကြိမ်လှုပ်ခတ်ရင် ၅ စက္ကန့်နဲ့ ၁၀ စက္ကန့်ကြား ကြာပြီး  ၇ ကြိမ်ခန့်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့အပါဝင် လားရှို့မြို့တွေမှာ မြေငလျင်လှုပ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီမနက်ရဲ့ ငလျင်အားနဲ့ လှုပ်ခတ်တဲ့ပုံစံမှုမျိုး မကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေကို ထိတ်လန့်စေတယ်လို့ နမ့်ဖတ်ကဒေသခံအမျိုးသားတစ်ဦး အခုလို ပြောပါတယ်။ “ငြိမ်လိုက် လှုပ်လိုက်နဲ့ မိနစ် ၃၀ အတွင်းမှာ ဆက်တိုက်ပဲ ၄ ကြိမ်လောက်အရင်လှုပ်တယ်။ ပထမဆုံးအရင်လှုပ်တာက ပိုပြင်းတာ။ အရင်ကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုမပြင်းဘူး ဒီတစ်ခေါက်က မှတ်မှတ်ရရ၊ သတိတရပဲ လှုပ်တာ တော်တော်လန့်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မြေငလျင်ဟာ ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့၊ သိန္နီမြို့ နဲ့ လားရှိုးဘက်တွေအထိ လှုပ်ခတ်သွားတယ်လို့ ဆက်လက်သိရပါတယ်။ “ငလျင်စလှုပ်ကတည်းက အိပ်လို့မရတော့ဘူး၊ ကြောက်စရာကြီး လှုပ်ခတ်နေတာ။ ကျမကလေးတောင် အမေရေ အိမ်ကဘာလို့ အဲဒီလောက်တုန်လှုပ်နေတာလဲတဲ့ သူကမသိလို့လေ။ အတကုန် လှုပ်နေတာ။ အရမ်းမပြင်းဘူးဆိုပေမဲ့ ဒီလိုဖြစ်တာတော့ တစ်ခါမှ မကြုံသေးဘူး။”လို့ကွတ်ခိုင်အနီး ခိုနောင်ဒေသခံအမျိုးသမီးကလည်း ပြောပါတယ်။ စစ်ကောင်စီလက်အောက် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဲဒီငလျင်ဟာ မြေပြင်အောက်အနက် ( ၁၀ )ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်လို့ ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 3 December
    သတင်း

    မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…

    Read More »
  • Nov- 2024 -
    11 November
    သတင်း

    TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို 

    ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး  PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို  TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ  စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။   TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ  TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး  ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။  နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)  ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။  တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…

    Read More »
  • Oct- 2024 -
    31 October
    ဖမ်းဆီးခံရမှု

    အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန်  မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။  အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 16 October
    သတင်း

    ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး…

    Read More »
  • 11 October
    သတင်း

    မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ

    ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…

    Read More »
  • 4 October
    သတင်း

    လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်

    ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့  လားရှိုးဒေသခံတွေက ပြောပါတယ်။ “ဟိုတလောက ညတိုင်းလိုလိုပဲလေယာဉ်နဲ့ဗုံးကြဲတော့ အားလုံးကြောက်ပြီး အများပိုင်းပြန်ထွက်ကြတာများတယ်။ လေယာဉ်ကလည်း ခေါက်ရေအရမ်းစိတ်လာတာကြောင့်ရယ် ပြီးတော့ အခုက စစ်ကောင်စီတွေက တန့်ယန်းဘက်ကနေ ထိုးစစ်ဆင်ပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေလလည်း ထွက်ပေါ်နေတယ်။“ လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလေလာ လားရှိုးမြို့ထဲမှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့ ပြည်သူတွေထဲက အများပိုင်းပြန်လည်ထွက်ခွာနေကြသလို ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်ရေးယန္တရားထဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ထွက်ခွာနေကြတယ်လို့  သိရပါတယ်။ လားရှိုးမြို့ထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါးပြတ်တောက်သွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့အထိ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုမရှိပဲ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၅ နဲ့ ရက်ကွက် ၈ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ်လာရောက်ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။  ခုလို လေယာဉ်နဲ့ ဗုံးကြဲမှု ဆက်တိုက်ရှိလာတာကြောင့် လားရှိုးမြို့ပြည်သူတွေဟာ ဆိုင်တွေပိတ်သိမ်းကာ ကွတ်ခိုင်မြို့ဘက်ကို ထပ်မံစစ်ရှောင်ကြတာရှိသလို ရှမ်းတောင်ပိုင်းကို ဆက်လက်စစ်ရှောင်နေကြသူတွေများနေပြီး လားရှိုးတိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာ  စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ “အခုအဓိကတော့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာက ပိုဆိုးနေတယ်။ ညဆို လုံး၀ အိပ်လို့မရဘူး။ ကိုးကန့်ရှိတဲ့နေရာတိုင်း၊ ကိုးကန့်နဲ့ နီးစပ်တဲ့နေရာတိုင်း၊ ဌာနဆိုင်ရာ၊ ရုံးတွေအားလုံးကို လေယာဉ်နဲ့ဗုံးလိုက်ကြဲတာ။ အဲလိုနေရာတွေကို ဗုံးကြဲပေမဲ့ နေရာတည့်တည့်မကျပဲ အရပ်သားတွေနေတဲ့ နေအိမ်တွေ နေရာတွေကိုပဲ ကျကျလာတော့  ပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်တာတွေများလာတော့ အားလုံးကြောက်ကုန်ပြီး ပြန်ထွက်ကုန်တာ။” လို့ လားရှိုးဒေသခံက ဆက်ပြောပါတယ်။ လားရှိုးမြို့ ကိုးကန့်လက်ထဲရောက်သွားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကကတည်းကနေ စက်တင်ဘာလအထိ  ၃ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ရှိခဲ့ပြီး  အရပ်သား ၃၁ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၉၀ ခန့်ရှိတယ်လို့ ကိုးကန့် MNDAA က အောက်တိုဘာလ ၂ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ ကိုးကန့် NNDAA ဘက်ကတော့ လားရှိုးမြို့တွင်း အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် လက်ရှိချိန်ထိ လည်ပတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကတည်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ဖို့ ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံကနေ FTC 2000 G လေယာဉ်အသစ် ၆ စီး ထပ်မံဝယ်ယူထားရှိကာ အဲဒီတိုက်လေယာဉ်အသစ်တွေကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ လဆန်းပိုင်းကစပြီး သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေကို ပြန်သိမ်းယူမယ့် ရန်နိုင်မင်းစစ်ဆင်ရေးကို စတင်လာတာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အရင်ကထက်ပိုအသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Sep- 2024 -
    24 September
    သတင်း

    လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ  အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ

    ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။ “စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။ လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု…

    Read More »
  • 24 September
    သတင်း

    ကျားဖြန့်အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ကြား ပစ်ခတ်မှုရှိနေ

    ရှမ်းမြောက် မူဆယ်မြို့ကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဝင်းကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းက ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးဖမ်းဆီးချိန် ပစ်ခတ်မှုစတင်ဖြစ်တာလို့ မူဆယ်ဒေသခံတွေက ကချင်သတင်းဌာန kNG ကို ပြောပါတယ်။ “ကျားဖြန့်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလိုက်လံ ဖမ်းဆီးစစ်ဆေးတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေဘက်တုန့်ပြန်ပစ်ခတ်တာတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားနေတယ်။ မနေ့ညအထိ ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ဘက်က လိုက်လံဖမ်းဆီးချိန် ပြည်သူ့စစ်ဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့် အသံတွေဆက်တိုက်တော့ကြားနေရတယ်။” လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းကစပြီး ပစ်ခတ်မှုဆက်တိုက်စတင်လာပြီး ညပိုင်း ၁၀ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော မူဆယ်မြို့ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ ကျားဖြန့်ရုံအွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းတွေကို စစ်ကောင်စီဘက်ကလိုက်လံစစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအပါအဝင် စုစုပေါင်း ကျားဖြန့်လုပ်သူ လူဦးရေ ၈၀၀ ခန့် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်မြို့ဟာ လောင်းကစားရုံတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ လွတ်လပ်စွာနဲ့ပိုမိုသိသာထင်ရှားစွာလုပ်ဆောင်နိုင်နေတဲ့ တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်မှာ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေလည်းအင်အားတောင့်တင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့အလောင်းကစားရုံတစ်ခုမှာ လောင်းကစားဆော့ရင်းပြည်သူ့စစ်တပ်ဖွဲ့တွေအချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ “ကျနော်တို့ဒေသခံပြည်သူတွေက သတိနဲ့ပဲအမြဲနေနေတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက တော်လှန်ရေးတပ်ဖွဲ့တွေလည်းအားလုံးရှိနေကြတော့ ဘယ်အချိန်မှာ ဘယ်လိုထပ်ဖြစ်လာမယ်ဆိုတာမသိနိုင်ပဲ သတိနဲ့ပဲနေနေတယ်။ ဒီမှာက စစ်တပ်လည်းအရင်ကအတိုင်းပဲ ၊ ပြည်သူ့စစ်တွေလည်း နဂိုအတိုင်းပဲအားလုံး ဒီလိုပဲရှိနေကြတယ်။ ကျားဖြန့်လုပ်ငန်းတွေအလောင်းကစားတွေက ပိုပြီးပေါ်ပေါ်ထင်ထင်လွတ်လွတ်လပ်လပ်ရှိလာကြတာကိုတော့ တွေ့ရတယ်။ နယ်စပ်မြို့ဆိုတော့ ဒုစရိုက်အရမ်းများတယ်။” လို့ မူဆယ်မြို့ဒေသခံက ဆက်ပြောပါတယ် ဩဂုတ်လကုန်ပိုင်း မူဆယ်မြို့နဲ့ နီးကပ်စွာမြောက်ပိုင်းညီနောင်မဟာ မိတ်တပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA စသဖြင့်တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှား ချဉ်းကပ်လာမှုကြောင့်စစ်ရေးတင်းမာလာခဲ့ပြီး ဂျေဂေါင်၊ရွှေလီဘက်ခြမ်းမှာ တရုတ်ဘက်ကစစ်ရေးလေ့ကျင့် လှုပ်ရှားပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်တစ်ခုလုံးသိမ်းပိုက်လိုက်ပြီး မူဆယ်မြိုတစ်ခုကိုသာကျန်ရှိတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
Back to top button