ရှမ်းမြောက်

  • Apr- 2024 -
    10 April
    သတင်း

    MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…

    Read More »
  • 5 April
    သတင်း

    မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့

    ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ်…

    Read More »
  • 3 April
    သတင်း

    ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ သတ်ဖြတ်ခံရသူဟာ သူနေထိုင်ရာ ကွတ်ခိုင်မြို့နယ်…

    Read More »
  • 3 April
    သတင်း

    မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်

    ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…

    Read More »
  • Mar- 2024 -
    28 March
    သတင်း

    ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်

    ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုးကန့်တပ် MNDAA ဟာ သိန္နီမြို့ထဲမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာကနေ မနေ့က မတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP/SSA က ခုခံ ကာကွယ်တဲ့အနေအထားနဲ့ပဲ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ “တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံ ကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည် သင့်မြတ် ရေး အတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများ ဖြေရှင်းသွားနိုင် ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်နဲ့ ဖြေရှင်းလို့မရခဲ့မှသာ သူတို့အဖွဲ့အစည်းနဲ့အုပ်ချုပ်ရေး နယ်မြေအတွင်းမှာ မိဘပြည်သူတွေကိုထိပါးစော်ကူးမှုတွေလုပ်လာရင်တော့ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့ SSPP/SSAက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မတ်လ ၂၆ ရက်နေ့တိုက်ပွဲကတော့ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု ကုန်းညောင်ရွာအနီးမှာဖြစ်ပွာ ခဲ့တာဖြစ်ပြီးတော့ ၁၀မိနစ်ခန့်နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာတော့ စယ်အူကျေးရွာအုပ်စု ပန်းနားကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂ နာရီလောက်ထိ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ SSPP Info က ဆိုပါတယ်။ “ဟုတ်တယ် နမ့်စလပ်မှာ ကိုးကန့်နဲ့ရှမ်းနဲ့ဖြစ်တာ သူနေရာဝင်ကိုယ့်နေရာဝင်အဲ့လိုထိပ်တိုက်တွေ့ ကြတာတဲ့ အဲ့ဘက်ကတော့ သိန္နီကျတာပေါ့ အဲ့တစ်ဝှိုက်ကရှမ်းဘက်ကလည်း သွားလာနေတာ ရှိတယ် အဲ့မှာထိတွေ့ကြတာ သိန္နီကိုကျ MNDAA ကထိန်းချုပ်ထားတာကို” လို့ဒေသခံတစ်ယောက်ကလည်း MNDAA နဲ့ SSPP/SSAတို့အကြား တိုက်ပွဲဖြစ်တဲ့အခြေနေကို အတည်ပြုပါတယ်။ ဒီတိုက်ပွဲဖြစ်စဥ◌်နဲ့ပတ်သက်လို့ ကိုးကန့်တပ် MNDAA ကလည်းတစ်စုံတစ်ရာသတင်း ထုတ်ပြန် ခြင်းမရှိသေးသလို MNDAA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးလီကျားဝင်းကို KNG က စာပို့မေးမြန်းထား ပေမဲ့ အကြောင်းမပြန်သေးပါဘူး။ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA နဲ့ ညီနောင်မဟာမိတ်၃ ဖွဲ့ထဲက ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA တို့ဟာ “ဝ” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်ထားသော အဖွဲ့များဖြစ်ကြပါတယ်။ By – အမိုး

    Read More »
  • 26 March
    သတင်း

    TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ နမ္မတူမြို့ ရက်ကွက် ၈ က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့  သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ “အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင် ၂ အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်”အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။ NLA သိမ်းယူလိုက်တဲ့ အဲဒီမြေကွက်ဟာ အလျားအနံ စုစုပေါင်းပေ ၅၀၀ ကျော်ရှိပြီး အဲဒီမြေကွက်ထဲကနေ သဲကျောက်ကားအစီး ၁၀၀ ကျော်ထွက်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်တွေရဲ့သဘောတူညီမှုမပါပဲ သိမ်းယူထားတဲ့မြေကွက်အတွက် အိမ်ခြံရှင်ဘက်က နစ်နာကြေး သိန်း ၅,၀၀၀ တောင်းခဲ့ပေမဲ့ TNLA ဘက်က အိမ်ရှင်ဘက်ကတောင်းဆိုသလောက်မပေးနိုင်တာကြောင့် ပြီးခဲ့တ့ ဖေဖော်ဝါရီလထဲမှာပဲ မြေဧက အလျားအနံတွေတိုင်းထွာပြီး ကျသင့်တဲ့ငွေပမာဏပေးမယ်လို့ TNLA ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပေမယ့် ငွေကြေးတစ်စုံတစ်ရာပေးချေမှုမရှိဘဲ ဂိတ်စခန်းတည်ဆောက်ပြီးစီးပြီး တပ်ချနေပြီလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA နမ္မတူမြို့ အုပ်ချုပ်ရေးမှူး တာမောင်ဂို ကို KNG ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ TNLA ဘက်က မြေဧကအတွက် ကျပ်ငွေသိန်း ၁၅၀ ပေးဖို့ အထက်ကို တင်ပြထားတာငွေမကျလာသေးတာကြောင့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။  “အောက်ကတော့ ကျနော်တို့ ညှိနှိုင်းပြီးပြီ စျေးလည်းပြောထားပြီးပြီ။ သတ်မှတ်ထားတာတော့ သိန်း ၁၅၀ ပေါ့ စာတော့တင်ထားတယ် မကျလာသေးလို့လေ။ သတ်မှတ်ထားပြီးပေမဲ့ ပိုက်ဆံက မကျလာသေးတော့လေ ကျလာလို့ရှိရင်တော့ ပေးမှာပေါ့။ ပေးမှာတော့ ပေးမှာပေါ့လေနော်။ ကျနော်တို့လည်း အလကားတော့ဘယ်ယူမလဲ။”လို့  TNLA နမ္မတူမြို့အုပ်ချူပ်ရေးတာဝန်ရှိသူ တာမောင်ဂိုက KNG ကချင်သတင်းဌာနကိုပြောပါတယ်။   အိမ်ရှင်တွေဘက်ကတော့ တောင်းဆိုတဲ့နစ်နာကြေး ငွေပမာဏကိုမပေးနိုင်ရင်တောင် သိမ်းယူလိုက်တဲ့ မြေဧကအတွက် ကျသင့်တဲ့ငွေပမာဏကို ပေးချေဖို့နဲ့ တရားသောနည်းလမ်းနဲ့ အမြန်လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒေသခံ အိမ်ရှင်တွေဘက်က ဒီအိမ်ခြံမြေယာကို မရောင်းချင်ပေမဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က အတင်းအဓ္ဓမနည်းလမ်းနဲ့ သိမ်းယူလိုက်တဲ့နောက် အိမ်ရှင်တွေဘက်က နည်းလမ်းအမျိုးမျိုးနည်း ဖယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ TNLA ဘက်က မဖယ်ပေးတဲ့အပြင် အိမ်ရှင်တွေတောင်းဆိုတဲ့ နစ်နာကြေးကိုလည်းပေးချေတာမျိုးလည်းမရှိသေးတာဖြစ်ပါတယ်။ လက်ရှိ TNLA ဘက်ကသိမ်းယူပြီး ဂိတ်တည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ္မတူမြို့ စည်ပင်ရက်ကွက်တွင်း မန်တုံမြို့နဲ့ မိုင်းမော် – မုံးဝီး ဘက်သွားတဲ့ လမ်းဆုံမှာရှိတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူဒေသကို TNLA ကသိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း အုပ်ချူပ်မှုယန္တရားဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဒေသခံပြည်သူတွေ ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။   တစ်ဖက်မှာလည်း TNLA က နမ္မတူ – မန်တုံ – မိုင်းမော် ဒေသ လမ်းကြောတချို့နေရာတွေမှာ  ဂိတ်စခန်းတွေချကာ နေရာယူလှုပ်ရှားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုလည်း ဂိတ်ဖြုတ်သိမ်းဖို့ လိုက်လံဖိအားပေးတာတွေ၊ ဂိတ်စခန်းတွေ လိုက်လံဖြုတ်သိမ်းပေးလိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အချင်ဖြစ်ပွားတာတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ ဆက်လက်နေနေရတယ်လို့ ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 7 March
    အင်တာဗျူး

    ကိုးကန့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်မှာ ပန်ဆိုင်းဒေသခံတွင် ဘယ်လိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။

    “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းနှင့် အခြားမြို့နယ်များကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ ကြူကုတ်၊ ပန်ဆိုင်းဒေသကို ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ…

    Read More »
  • Feb- 2024 -
    17 February
    သတင်း

    မုံးကိုးမြို့ထဲခိုလှုံနေတဲ့ စစ်ရှောင်များကို MNDAA ကအတင်းအဓ္မမောင်းထုတ်

    ရှမ်းမြောက် မုံးကိုးမြို့ထဲမှာ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မလာရောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။ မုံးကိုးမြို့ ရက်ကွက် ၄ ရှိ အဆောက်အအုံတစ်ခုမှာ ၃ နှစ်ကျော်ကြာစစ်ရှောင်ခိုလှုံနေကြတဲ့ ကောင်းလုံကျေးရွာဒေသခံ အိမ်ခြေ ၁၅ ကို…

    Read More »
  • 16 February
    ဖမ်းဆီးခံရမှု

    မုံးကိုးမှာ MNDAA ကတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးနေ

    ရှမ်းမြောက် မုံးကိုးမြို့အတွင်း ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားတွေရဲ့နေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ က်ိုးကန့်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး မုံးကိုးရွာထဲမှာရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်ထဲထိ လက်နက်လိုက်စစ်ဆေးတာဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ဆေးနေတာဖြစ်တယ်လို့…

    Read More »
  • 16 February
    သတင်း

    ကချင်- ရှမ်းအစပ်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲ

    ကချင်–ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလိုင်းဒေသတစ်လျှောက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတစ်ချို့ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးလိုင်းဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မဘိမ်းမြို့နယ် မိုးလိုင်းကျေးရွာအတွင်း…

    Read More »
Back to top button