လမ်းပိုင်းပိတ်ဆို့

  • Jul- 2026 -
    15 July
    သတင်း

    ပိတ်မိနေတဲ့ ခရီးသွားနဲ့ကားသမားတွေအတွက် ကသာဒေသခံတွေ ထမင်းဝေ

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် ရက်ရှည်ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေကို ကသာမြို့နဲ့ အနီးဝန်းကျင်က ဒေသခံတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက နေ့စဉ် ထမင်းချက်ကျွေးပြီး လိုက်လံဝေငှပေးနေကြတယ်လို့ သိရပါတယ်။

    Read More »
  • 9 July
    သတင်း

    ပိတ်မိနေတဲ့ ကုန်တင်ကားပေါ်က ကုန်များ ပုပ်သိုး၊ ကုန်သည်များ ထက်ဝက်ဈေးဖြင့် အရှုံးခံရောင်းချ

    ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေတာကြောင့် ယာဉ်ပေါ်တင်ဆောင်လာတဲ့ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ စားသောက်ကုန်တချို့ ပုပ်သိုးလာနေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

    Read More »
  • May- 2026 -
    29 May
    သတင်း

    တိုက်ပွဲငြိမ်နေလို့ မန္တလေး–မြစ်ကြီးနားလမ်းကို ခရီးသွားတွေ ပြန်သုံးလာ

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ရက်ပိုင်းကြာပိတ်မိနေခဲ့တဲ့ ကားတန်းတချို့ကို အခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လွှတ်ပေးလာနေပြီး ခရီးသွားတချို့လည်း ဒီလမ်းပိုင်းကို ပြန်အသုံးပြုလာနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားတာမျိုး မဟုတ်သေးဘဲ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်စရာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၂၉ ရက် ဒီနေ့အထိလည်း လမ်းပိုင်းမှာ ကားတွေ ဆက်လက်သွားလာနေကြပြီး လက်ရှိအခြေအနေက တိုက်ပွဲတွေ ခေတ္တငြိမ်နေတဲ့ အနေအထားသာ ဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနား ခရီးစဉ်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “သိတာတစ်ခုကတော့ တိုက်ပွဲငြိမ်နေတယ်။ ဒီကလွှတ်တဲ့ကားတွေ လမ်းကြောင်းမှာတော့ ရောက်သွားကြတယ်။ လမ်းမှာ မရပ်ရဘူးပေါ့။ အဲ့လောက်ပဲ သိရသေးတယ်။ လောလောဆယ်တော့ ငြိမ်နေတာပဲ ရှိသေးတာပါ။ မဖြစ်မနေ သွားရမယ့်သူတွေကတော့ သွားလို့ရပါတယ်” ဒါပေမယ့် အပန်းဖြေခရီးသွားတာမျိုးတော့ ဒီလမ်းကို မသုံးသင့်သေးဘူး။ အခုလည်း မသွားသင့်သေးပါဘူး။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စလို မဖြစ်မနေကိစ္စတွေလောက်ပဲ သွားတာ အဆင်ပြေပါတယ်” လို့ သူက ပြောပါတယ်။ ကားသမားတွေရဲ့ ပြောဆိုချက်အရ လက်ရှိမှာ ယာဉ်တွေကို ဆက်တိုက်ရပ်နားစရာမလိုဘဲ ဖြတ်သန်းခွင့်ပြုနေပြီး တိုက်ပွဲအခြေအနေပေါ် မူတည်ကာ သွားလာခွင့်အပြောင်းအလဲတွေ ဆက်ရှိနိုင်သေးတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစပြီး ကသာ၊ အင်းတော်၊ မော်လူး၊ မော်ဟန်နဲ့ နန့်စီးအောင်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို ဦးတည်လာတဲ့ ခရီးသည်တင် ယာဉ်တွေနဲ့ ကုန်တင်ယာဉ် ရာနဲ့ချီဟာ ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တစ်ဝိုက်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မေလ ၂၇ ရက်နေ့ကစပြီး လမ်းပိုင်းတချို့မှာ တိုက်ပွဲအခြေအနေ ယာယီငြိမ်သက်လာတာကြောင့် ပိတ်မိနေတဲ့ ယာဉ်တွေကို ၁၀ စီးစီ အုပ်စုလိုက် တဖြည်းဖြည်း ဖြတ်သန်းခွင့်ပေးလာခဲ့တာပါ။ လက်ရှိ မန္တလေး–မြစ်ကြီးနားလမ်းပိုင်း အခြေအနေနဲ့ပတ်သက်ပြီး KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လုံခြုံရေးအရ သွားလာခွင့် ကန့်သတ်တာတွေ ရှိနိုင်ပေမယ့် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တာမျိုး မရှိဘူးလို့ ပြောပါတယ်။ “တိုက်ပွဲဖြစ်ရင်တော့ သိတဲ့အတိုင်း လုံခြုံရေးဘက်က ကြည့်ပြီး မဖြတ်ခိုင်းတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှိရင် နားလည်ပေးဖို့ အရေးကြီးပါတယ်။ တိုက်ပွဲရှိရင် သွားရေးလာရေး အဆင်မပြေဘူးလေနော်။ ကျနော်တို့က ပြည်သူလူထုကို ပိတ်ဆို့တာမျိုး မရှိပါဘူး။ အဲ့ဒါကိုတော့ နားလည်ပေးဖို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို မြန်မာပြည်အလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုနဲ့ လူအင်အားသွားလာရေးအတွက် အရေးပါတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။ စစ်တပ်ဘက်ကတော့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်တင်းလာခဲ့ရာကနေ ဧပြီလနဲ့ မေလအတွင်း အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာလည်း လမ်းပိုင်းတစ်လျှောက်နဲ့ မြို့ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုနေကြပါတယ်။ By – အမိုး

    Read More »
  • Feb- 2026 -
    12 February
    သတင်း

    ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိ‌နေ

    ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက်  ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း  ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀…

    Read More »
  • Nov- 2025 -
    24 November
    စစ်ရေး

    စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ.လ.ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မချမ်းဘော့မြို့ရဲ့အောက်ဘက် မလိခမြစ်အနီးမှာ စစ်ကောင်စီတပ်နဲ့…

    Read More »
  • Oct- 2025 -
    8 October
    သတင်း

    အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့ဒီတခေါက်ပိတ်လိုက်တာကကြာတယ် လုံးတုံကနေပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှသွားလာလို့မရဘူးဘူးပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ဆီ၊ဆားသယ်ယူပို့ဖို့အရမ်းခက်ခဲသွားတယ်လမ်းမပေါက်တော့”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ဟဲပန်၊လွဲမွန် ၊ နန့်ပတဲအစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို တောလမ်းကနေခက်ခက်ခဲခဲသယ်ယူနေရကြောင်း အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “ကားလမ်းကတော့ပိတ်ထားတော့ ဟဲပန်တို့၊ကုန်းမနဘက်ကရွာတွေအခုဆန်၊ဆီ၊ဆားပေါ့လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေဖြတ်ပြီးသယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့တချို့နေရာတွေတောရှင်းပြီးသွားလာရတာ ကားလည်းမပေါက်ဆိုင်ကယ်တောင်တချို့နေရာတွေပဲရတယ်ဒါတောင်မနည်းတိုးရတာ”လို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ အင်းတော်ကြီး–ဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်းတောလမ်းကနေတစ်ဆင့်သယ်ယူနေကြကြောင်းသိရပါတယ်။ ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ဂွေခါကြားကိုသာပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့လမ်းဖွင့်ထားကြောင်းသိရပါတယ်။ “အင်းအနောက်ဘက်ခြမ်းပဲပိတ်တာအင်းအရှေ့ဘက်ကတော့ပုံမှန်ပါပဲ ဘာလို့ဆိုအင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊မိုင်းနောင်တကြောက SNA တွေနဲ့စကစ တွေနေရာယူထားတော့ဖွင့် အင်းအနောက်ဘက်က တောဘက်က(KIA) ရှိနေတော့ပေးမထွက်ခိုင်းတာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ချောင်းဝ၊ဂွေခါတကြောအထိ KIAနဲ့ပူးပေါင်းတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။ သြဂုတ်လကတည်းကနေပိတ်ထားတဲ့ အင်းတော်ကြီး–ဂွေခါ ကားလမ်းပိုင်း အောက်တိုဘာ ၆ ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ကုန်တွေလွတ်လွတ်လပ်လပ်သယ်လို့မရတာစတဲ့ကန့်သတ်ချက်တွေရှိနေကြောင်းသိရပါတယ်။ “လမ်းခနပဲဖွင့်တာပါသီတင်းကျွတ်ပိတ်ရက်မှာခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲပိတ်မလားမနက်ဖြန်လောက်ပိတ်မလားမသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်”လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လုံးတုံမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ အင်းတော်ကြီး–ဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလ ကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုးပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ ဂွေခါ–အင်းတော်ကြီးက လမ်းပိုင်းကိုထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေစိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2025 -
    26 August
    သတင်း

    မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…

    Read More »
  • 22 August
    သတင်း

    မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ

    မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းက မိုင် ၄၀ ကျော်ရှိတဲ့ ပေကြီးကွင်းလမ်းဟာ မိုးရွာသွန်းမှုတွေကြောင့်အသုံးပြုဖို့ခက်ခဲလာတာကြောင့် ကားသမားတွေဟာ ကသာမြို့နယ်ဘက်ကနေပတ်ပြီးခရီးနှင်နေကြရတာလို့သိရပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ ၅ ရက်ဝန်းကျင်သွားနေရတဲ့အကြောင်းကားသမားတစ်ဦးကအခုလိုပြောပါတယ်။ “ကျနော်တို့ကဇာတ်ကူးပြီးသွားနေရတာပေါ့။ ကွင်းလမ်းတွေကသွားလို့မရဘူး။…

    Read More »
  • 5 August
    သတင်း

    ကားမိုင်း – နန့်ယားလမ်းကို စစ်တပ်က ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီလစဉ်သုံးပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်ထား

    ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်‌ပေမယ့် ဆန်နဲ့ အခြား အခြေခံစားသောက်ကုန်တစ်ချို့ကန့်သတ်ချက်နဲ့သာသယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။ စစ်ရေးကြောင့် လေးလကျော်အကြာ နှစ်ဖက်တပ်ပိတ်ဆို့ထားတဲ့ ဖားကန့်လမ်းပိုင်းကို ဇူလိုင်လ ၃ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းအားလုံးကို…

    Read More »
  • Jul- 2025 -
    18 July
    သတင်း

    မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့  KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။  မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
Back to top button