လေမုန်တိုင်း
-
Apr- 2026 -20 Aprilစစ်ပြေးဒုက္ခသည်များ
လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ အင်းတော်ကြီးစစ်ဘေးရှောင်တွေ အကူညီလိုအပ်နေ
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေမှာ လေပြင်းမုန်တိုင်းဒဏ်မကြာခဏကြုံတွေ့နေရတဲ့အတွက် အဆောင်တွေပျက်စီးပြီး နေစရာအခက်ကြုံနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။
Read More » -
17 Aprilစစ်ပြေးဒုက္ခသည်များ
ကသာစစ်ဘေးရှောင်တွေ မိုးလေဒဏ်၊ နေပူဒဏ်ကြား နေထိုင်ရေးခက်ခဲ
စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြို့ကိုဝင်ရောက်လာလို့ ထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးရှောင်တွေ မိုးဒဏ်၊လေဒဏ်နဲ့နေပူဒဏ်တွေအကြားနေထိုင်ရေးနဲ့စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ ကသာမြို့နယ်ဧရာဝတီမြစ်ကမ်း နဘေးက ကလုံကျေးရွာတစ်ဝှိုက်မှာလို့သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့အခြေနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက“ဒုက္ခတော့ရောက်ကြတယ်။ မိုးထဲလေထဲအိပ်ရ၊ နေ့လည်ကျ နေကပူပူနဲ့အကိူရေ။ တချို့က စားစရာသောက်စရာတွေ တော့မပါခဲ့ ကြဘူး။ အဲ့တာဆိုတော့ ပါတဲ့လူတွေကမျှတပြီးကျွေးရတာပေါ့။ တချို့တွေလည်း ရွာထဲပြန်ဝင်ကုန်ကြပြီ။ ကျနော်တို့တော့ သူတို့ ကိုမယုံဘူး။ ရှောင်နေတုန်း”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဝင်ရောက်လာတဲ့နေ့ကစလို့ ဒီကနေ့အထိ ထီးချိုင့်မြို့နယ်ထဲက ဇီးကုန်း၊ ကျောက်မှော်၊ နတ်အင်း၊ အိုးကုန်း၊ မဲဟင်း နဲ့ ကသာမြို့နယ်ထဲက သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် စတဲ့ကျေးရွာဆယ်ရွာထက် မနည်းကဒေသခံတွေဘေးလွတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဒီကျေးရွာတွေအားလုံးဟာ ထီးချိုင့်–ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေး တစ်လျှောက်ကကျေးရွာတွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နယ်ကနေစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့တွေကို ကသာမြို့နယ်အထိုင်စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်ကြောင်း ထွက်ကြိုဆိုကာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမယ့်အခြေနေရှိနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “ထီးချိုင့်ကနေ ကသာကိုလာပြီးတက်လာပေါင်းနေတဲ့အဖွဲ့ကတော့ ကလုံရွာကိုရောက်ထားပြီ။ အဲ့ဒီအဖွဲ့ကို ကသာကနေ ဆင်းကြိုတဲ့ စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှာဘဲ ရေဘုတ်ရွာနားလေးမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာတော့သတင်းရတယ်။ အခုလောက်ဆိုတော့ သွားကြိုတဲ့အဖွဲ့နဲ့တွေ့လာမတွေ့ဘူးလာဆိုတာတော့ တိတိကျကျမသိရသေးဘူး။”လို့…
Read More » -
3 Aprilသတင်း
နမ္မတီးမှာ မိုးသက်လေပြင်းကျလို့ စစ်ရှောင်စခန်းအများပိုင်းထိခိုက်ပျက်စီး၊ ကူညီမှုလိုအပ်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျရောက်ခဲ့တာကြောင့် နမ္မတီးမြို့၊ ရပ်ကွက်တစ်ချို့နေအိမ်ထိခိုက်ခဲ့တဲ့အပြင် စစ်ဘေးရှောင်စခန်းမှာလည်း အဆောင်တွေများစွာပျက်စီးခဲ့တယ်လို့…
Read More » -
May- 2024 -11 Mayသတင်း
လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ
ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။ လဝါးကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၅ရက်နေ့ ညနေ ၆ နာရီဝန်း လေမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးအများအပြားကျလို့ ကတ်သလစ်ဘုရားကျောင်းဝန်းထဲက စစ်ရှောင်စခန်း အဆောင်၊ အိမ်သာနဲ့ ဘုရားကျောင်းအပြင် စပါးတွေသိုလောင်ထားတဲ့ စပါးကျီနဲ့ နေအိမ်တစ်ချိုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရှောင်နေတဲ့ အဆောင်နဲ့ စပါးကျီတွေကို ပြန်ပြုပြင်ဖို့ အလှူငွေတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ စစ်စတာ ထရေဇာက ခုလိုပြောပါတယ်။ “လောလောဆယ်တော့ အိမ်သာက ပျက်စီးသွားတော့ အသစ်ပြန်လုပ်ရမှာ ခေါင်မိုးတွေလည်း ပျက်စီးသွားလို့ ပိုက်ဆံမရှိရင်လည်း မလုပ်ရင် မရတဲ့ အတွက် ဆိုင်ကနေ အကြွေးနဲ့ဘဲ အရင်ဝယ်ထားပြီး အမိုးမိုးဖို့လုပ်နေတာ”လို့ ဆိုပါတယ်။ လက်ရှိ ပျက်ဆီးသွားတဲ့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၃ ခု စုပေါင်းပြီး နေထိုင်ကြတာဖြစ်ပြီး တနိုင်းမြို့နယ် ကားမိုင်းနဲ့ ရှဒူဇွပ်ရွာဘက်က ဒေသခံတွေလာရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော စစ်ရှောင်စခန်းအဆောင်တွေဟာ မိုးသီးကြောင့် လုံးဝနေလို့မရတဲ့အထိ အမိုး၊အကာ လန်ထွက်ပျက်စီးသွားတာကြောင့် စစ်ရှောင်တွေကို ဘုရားကျောင်းဝန်းထဲက ဆောက်လုပ်လို့ မပြီးစီးသေးတဲ့ အဆောင်တစ်ခုမှာ ယာယီရွေ့ပြောင်းပြီးနေနေကြတယ်လို့ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ကျခဲ့တဲ့ မိုးသီးဟာ တစ်လက်မခန့်ရှိပြီး လဝါးကျေးရွာမှာ ဆယ်နှစ်အတွင်း မတွေ့ခဲ့ရဘူးလို့ စစ်စတာ ထရေဇာက ခုလို ဆက်ပြောပါတယ်။ “တစ်သက်လုံးမတွေ့ဖူးဘူး အခုမှတွေ့ဖူးတာ မိုးသီးက တစ်လက်မလောက်ရှိတယ် ပျက်ဆီးသွားတဲ့ အိမ်တွေသွားကြည့်တော့ ပျဉ်ပြားတွေတောင် ပိန့်ကုန်တာ “လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့ ကျေးရွာ ၄ မှာ မုန်တိုင်းထန်ပြီးမိုးသီးကျလို့ အိမ်ခြေ ၁၀၀ ကျော် အိမ်ခေါင်မိုး ပေါက်ပြဲသွားတဲ့အပြင် မိုးညှင်းမြို့နယ်မှာ အိမ်ခြေ ၁၀၀ ကျော်၊မံစီမြို့နယ်မှာ အိမ်ခြေ ၂၀ ကျော် လေမုန်တိုင်းနဲ့မိုးသီးကြွေကျမှုကြောင့် လူနေအိမ်များအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ By – Hope
Read More » -
Apr- 2024 -24 Aprilသတင်း
တနိုင်းမှာ မုန်တိုင်းနဲ့မိုးသီးကျလို့ နေအိမ် ၁၀၀ ကျော်ပျက်စီး
တနိုင်းမြို့နယ်အထက်ပိုင်းမှာ လေမုန်တိုင်းပြင်းထန်ပြီးမိုးသီးကျလို့ ကျေးရွာ ၄ ခုက အိမ်ခြေ ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ည ၈နာရီခွဲလောက်မှာ တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့…
Read More »