သတင်း

လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့  ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ

ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။

လဝါးကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၅ရက်နေ့ ညနေ  နာရီဝန်း လေမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးအများအပြားကျလို့ ကတ်သလစ်ဘုရားကျောင်းဝန်းထဲက စစ်ရှောင်စခန်း အဆောင်၊ အိမ်သာနဲ့ ဘုရားကျောင်းအပြင် စပါးတွေသိုလောင်ထားတဲ့ စပါးကျီနဲ့ နေအိမ်တစ်ချိုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ရှောင်နေတဲ့ အဆောင်နဲ့ စပါးကျီတွေကို ပြန်ပြုပြင်ဖို့ အလှူငွေတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ စစ်စတာ ထရေဇာက ခုလိုပြောပါတယ်။


လောလောဆယ်တော့ အိမ်သာက ပျက်စီးသွားတော့ အသစ်ပြန်လုပ်ရမှာ ခေါင်မိုးတွေလည်း ပျက်စီးသွားလို့ ပိုက်ဆံမရှိရင်လည်း မလုပ်ရင် မရတဲ့ အတွက် ဆိုင်ကနေ အကြွေးနဲ့ဘဲ အရင်ဝယ်ထားပြီး အမိုးမိုးဖို့လုပ်နေတာလို့ ဆိုပါတယ်။

လက်ရှိ ပျက်ဆီးသွားတဲ့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၃ ခု စုပေါင်းပြီး နေထိုင်ကြတာဖြစ်ပြီး တနိုင်းမြို့နယ် ကားမိုင်းနဲ့ ရှဒူဇွပ်ရွာဘက်က ဒေသခံတွေလာရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော စစ်ရှောင်စခန်းအဆောင်တွေဟာ မိုးသီးကြောင့် လုံးဝနေလို့မရတဲ့အထိ အမိုး၊အကာ လန်ထွက်ပျက်စီးသွားတာကြောင့် စစ်ရှောင်တွေကို ဘုရားကျောင်းဝန်းထဲက ဆောက်လုပ်လို့ မပြီးစီးသေးတဲ့ အဆောင်တစ်ခုမှာ ယာယီရွေ့ပြောင်းပြီးနေနေကြတယ်လို့ သိရပါတယ်။

မတ်လ  ရက်နေ့ ကျခဲ့တဲ့ မိုးသီးဟာ တစ်လက်မခန့်ရှိပြီး လဝါးကျေးရွာမှာ ဆယ်နှစ်အတွင်း မတွေ့ခဲ့ရဘူးလို့ စစ်စတာ ထရေဇာက ခုလို ဆက်ပြောပါတယ်။

တစ်သက်လုံးမတွေ့ဖူးဘူး အခုမှတွေ့ဖူးတာ မိုးသီးက တစ်လက်မလောက်ရှိတယ် ပျက်ဆီးသွားတဲ့ အိမ်တွေသွားကြည့်တော့ ပျဉ်ပြားတွေတောင် ပိန့်ကုန်တာ “လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ  ရက်နေ့မှာလည်း တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့ ကျေးရွာ  မှာ မုန်တိုင်းထန်ပြီးမိုးသီးကျလို့ အိမ်ခြေ ၁၀၀ ကျော် အိမ်ခေါင်မိုး ပေါက်ပြဲသွားတဲ့အပြင်  မိုးညှင်းမြို့နယ်မှာ အိမ်ခြေ ၁၀၀ ကျော်၊မံစီမြို့နယ်မှာ အိမ်ခြေ ၂၀ ကျော် လေမုန်တိုင်းနဲ့မိုးသီးကြွေကျမှုကြောင့် လူနေအိမ်များအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button