သေဆုံးမှု

  • Jun- 2024 -
    5 June
    သတင်း

    မြစ်ကြီးနားမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူငယ်အများဆုံး ပါဝင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ လူငယ်အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ထဲမှာ အသက် ၂၀ ကျော် ကနေ ၃၅ နှစ်အောက်လူငယ်အရွယ်တွေ အများဆုံးဖြစ်ပြီး အရက်‌သေစာ သောက်စားမူးယစ်ကာ ယာဉ်မောင်းနှင်တာ‌ကြောင့်ဖြစ်တယ်လို့ မြစ်ကြီးနား…

    Read More »
  • May- 2024 -
    20 May
    သတင်း

    ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး၊

    ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ သေဆုံးခဲ့သူတွေထဲ ကလေး ၂ ဦးပါဝင်ပြီးတော့…

    Read More »
  • 14 May
    သတင်း

    မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ

    “ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။

    Read More »
  • 13 May
    သတင်း

    စီအင်ရွာမှာ  လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ နှစ်အရွယ်အဘိုးတစ်ဦးနဲ့ ရွာသားတစ်ဦးသေဆုံး

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ အရွယ်အဘိုးတစ်ဦးနဲ့ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် စီအင်ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာ တော၊တောင်နဲ့ ဗန်းမော်ဘက်ကို ထွက်ပြးတိမ်းရှောင်နိုင်ခဲ့ကြပေမဲ့ အသက်ကြီးတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတစ်ချို့ ရွာမှာကျန်နေခဲ့တာဖြစ်ပါတယ်။ ရွာမှာကျန်ခဲ့တဲ့သူတွေထဲမှာ လေဖြတ်နေတဲ့ အသက် ၈၀ အရွယ် ဦးငွားချီးလည်းပါဝင်တယ်လို့ သိရပြီး မေလ ၁၀ ရက်နေ့  မိသားစုဝင်တွေက ဦးငွါးချီးကို ကယ်ထုတ်ဖို့သွားခဲ့ချိန်မှာတော့ လက်နက်ကြီးကျည်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ နေအိမ်အတွင်း သေဆုံးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဘယ်အချိန်မှာသေတာလည်းတော့ ရက်အတိအကျမသိဘူး ၁၀ ရက်နေ့ဆိုတာကလည်း သူ့သားတွေ သွားကယ်ထုတ်တဲ့နေ့မှာတွေ့လို့ ရက်သတ်မှတ်လိုက်တာဘဲရှိတာ အလောင်းကလည်း ပုပ်ပွနေပြီတဲ့၊ ရွာထဲမှာ မြုပ်ခဲ့ဖို့လည်းအချိန်မရခဲ့ဘူး၊ မြင်ဘဲမြင်ခဲ့ရပြီး ချက်ချင်းပြန်ထွက်ခဲ့ရတာတဲ့”လို့ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အမည်အသိယောကျ်ား အလောင်းတစ်ခုလည်း ရွာလမ်းမကြီးမှာ ရှိနေတယ်လို့ သိရပါတယ်။လက်နက်ကြီးကျည်ထိမှန်သေဆုံးနေတဲ့ ဦးငွါးချီးနဲ့ အမည်မသိအမျိုးသားကို ဒေသခံတစ်ချို့နဲ့ မိသားစုဝင်တွေက မြေမြုပ်သဂြိုလ်ဖို့ပြင်ဆင်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်နေတာကြောင့် သဂြိုလ်ချိန်မရဘဲနေအိမ်ထဲမှာဘဲ ပစ်ထားခဲ့ရတယ်လို့ သိရပါတယ်။   လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ကျန်နေခဲ့တဲ့ဒေသခံပြည်သူအားလုံးကို မေလ ၁၀ ရက်နေ့ သွားရောက်ကယ်ထုတ် နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ “အဲ့ဒီနေ့မှာဘဲ အကုန်လုံးကို ကယ်ထုတ်လာနိုင်ခဲ့တာ၊ အခုရွာမှာ ဘယ်သူ့မှ မရှိတော့ဘူး၊ ဒါပေမဲ့ အလောင်းတော့ သယ်လာလို့မရလိုက်ဘူးပေါ့၊ တစ်ခြား မိုးမောက်မြို့ပေါ်တွေမှာတော့ ဘယ်လိုလဲမပြောတတ်ပေမဲ့ စီအင်မှာတော့ မရဘူး”လို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်ည ၉ နာရီ ဝန်းကျင် စီအင်ကျေးရွာအတွင်း လက်နက်ကြီးအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ လီဆူစစ်ရှောင်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ စီအင်ကျေးရွာဒေသခံတွေဟာ လက်နက်ပစ်သံတွေမကြာခဏကြားနေရတဲ့အတွက် ထပ်မံတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။ “သူတို့က လေယာဉ်ကွင်းနဲ့ ကပ်တော့ ပစ်သံတွေ မခံနိုင်လောက်အောင်ပစ်နေကြတဲ့အတွက်  မံစီမြို့နယ် မံသာရွာဘက်ကို အများကြီးထွက်ပြေးသွားကြပြီ၊ လမ်းကြောင်းတွေ ကလည်းထပ်ပိတ်လိုက်တော့ ကျန်နေတဲ့ ၈၀ လောက် ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့တွင်းမှာလက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက်  ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။  By – Bu Bu

    Read More »
  • Apr- 2024 -
    25 April
    သတင်း

    ဖားကန့်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတ်ခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ဧပြီလ ၂၄ ရက်‌နေ့ ညနေ ၄ နာရီဝန်းကျင် မှော်ဝမ်းရပ်ကွက်ဈေးနားမှာ အမည်မသိ လူ ၃ ဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ…

    Read More »
  • 22 April
    သတင်း

    ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်

    တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလပထမအပတ်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “အရပ်သားပြည်သူတွေရှောင်တိမ်းရင်းနဲ့ ထိခိုက်သေဆုံးမှုတွေကနေ့စဥ်နဲ့အမျှဖြစ်တယ် လက်နက်ကြီး ကြောင့်ရော စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ဒရုန်းကြောင့်ရော ဖမ်းဆီးသွားပြီးသတ်ဖြတ်ခံရတဲ့ အနေ အထားပေါ့နော် အဲ့ဒီထဲမှာ ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀ % က လူငယ်နဲ့ ကလေးသူငယ်တွေဖြစ်တယ်” လို့ပြောပါတယ်။ ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကလေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်း နဲ့ ကလေးမြို့ပေါ်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေနဲ့ပါပေါင်းပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်း တွေထိုးနေတယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဆီကသိရပါတယ်။ “စစ်ကောင်စီဘက်က ကလေးမြောက်ပိုင်းကို နယ်မြေစိုးမိုးမှုရဖို့အတွက်ထိုးစစ်ဆင်နေတဲ့အနေအထား ရှိပါတယ် ပြီးတော့ ကလေးတောင်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တဲ့ ပျူစောထီးတွေ နဲ့ ညှပ်ပြီးတော့ အနည်းဆုံးစစ်မျက်နှာ ၄ ခုလောက်ရှိတယ်ဗျ”လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံးနေရပြီး အဲ့ဒီ ဖြစ်စဥ်တွေကိုလည်း ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက် အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲအရှိန်တွေက ဆက်တိုက်မြှင့်တက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကို အမျိုးသမီး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 19 April
    သတင်း

    မြစ်ကြီးနားမှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်မြေမြုပ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးနေတဲ့လူငယ်ကတော့ ပျောက်ဆုံးနေတာ ၄ ရက်ကြာပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင် မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာဘက် JZ Resort အကျော် (ဒေသအခေါ်)  မိုင်ဒေးကွင်းဆိုတဲ့ တောအုပ်တစ်နေရာမှာ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နန်းကွေ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာ ခြံလုပ်တဲ့ခြံပိုင်ရှင်တွေလို့ပြောရမလား သူတို့ဘက်ကနေပြီးတော့ သွားတွေ့တာပေါ့အဲနေရာက လူတွေထင်းတွေဘာတွေလိုက်ကောက်တဲ့…

    Read More »
  • 16 April
    သတင်း

    သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…

    Read More »
  • Mar- 2024 -
    19 March
    သတင်း

    မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ…

    Read More »
  • 12 March
    သတင်း

    အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ

    တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။  မတ်လ ၁၂ ရက် ဒီကနေ့ ညနေပိုင်း…

    Read More »
Back to top button