သေဆုံးမှု
- Sep- 2025 -23 Septemberသတင်း

ပူတာအို တောင်ပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေခွန်ကျေးမှာ မြေပြိုမှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့ အနောက်ဘက် မြို့နဲ့ ၁၅ မိုင်နီးပါးဝေးလံတဲ့ မန်စေခွန် ကျေးရွာအုပ်စုထဲမှာ တောင်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။…
Read More » - 19 Septemberသတင်း

KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့…
Read More » - 9 Septemberသတင်း

ဖားကန့်မှာမိသားစုတစ်စုလက်နက်ကြီးထိလို့ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူနဲ့အမျိုးသမီးဒဏ်ရာပြင်းထန်
ဖားကန့်မြို့နယ် မြို့မဆွတ်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုတစ်စုထဲကဘဲ ဖခင်ဖြစ်သူသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အသက် ၅ နှစ်အရွယ်သားဖြစ်သူကတော့ အဆုတ်မှာလက်နက်ကြီးစထိမှန်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့သိရပါတယ်။ “အမျိုးသားကဆုံးသွားတယ်။ကလေးနဲ့အမေက လက်နက်ကြီးစထိမှန်လို့ ဒဏ်ရာပြင်းထန်တယ်။ မြစ်ကြီးနားကိုဆင်းသွားပြီ အသက်၅နှစ်သားအရွယ် သားလေးက…
Read More » - 5 Septemberသတင်း

ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂…
Read More » - 5 Septemberသတင်း

ဝိုင်းမော်မှာ တစ်ရက်အတွင်း လူသေအလောင်း ၂ လောင်းတွေ့
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ တစ်ရက်အတွင်း လူသေရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ သေဆုံးနေတဲ့ရုပ်လောင်းနှစ်လောင်းထဲကနေ ပထမရုပ်အလောင်းက ဝိုင်းမော်မြို့ အမှတ် (၅ )ရပ်ကွက်နေ အသက်၂၅ နှစ်အရွယ် ဦးလာမြာဝူဆိုသူဖြစ်ပြီး ဒီမနက် ၇ နာရီဝန်းကျင်အချိန်…
Read More » - 1 Septemberသတင်း

၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ လယ်လုပ်နေတဲ့ အဘိုးအဖွားနှစ်ဦးဆီသွားတွေ့ ခဲ့ပြီး ပြန်လာခဲ့တဲ့…
Read More » - Aug- 2025 -25 Augustသတင်း

ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…
Read More » - 21 Augustသတင်း

ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဥ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…
Read More » - 19 Augustသတင်း

မိုးညှင်းမြို့အမြောက်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
မိုးညှင်းခရိုင် နန်းမားမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် မိုးညှင်းမြို့ (၄၀၉) အမြောက်တပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးစီးလာတဲ့ ကားတစ်စီးကို…
Read More » - 18 Augustသတင်း

ပူတာအိုမှာ ကလေးတစ်ဦး ကျောင်းကအပြန် ကားတိုက်ခံရပြီးသေဆုံး
ကချင်ပြည်နယ် ပူတာအိုမြို့မှာ KG တန်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးကျောင်းသွားနေစဥ်ကားတိုက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ထဲက KG တန်းတက်နေတဲ့ အသက် ၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဟာ ယနေ့ သြဂုတ် ၁၈ ရက်နေ့ နေ့လည်ပိုင်းကျောင်းဆင်းချိန်အိမ်အပြန်မှာ…
Read More »









