ဟုမ္မလင်း

  • Nov- 2023 -
    13 November
    သတင်း

    ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးဝာာအပြင် ဖမ်းခံရတဲ့ အရပ်သားတွေထဲက တစ်ချို့ကို ငွေကျပ်သုံးသိန်းနဲ့ ပြန်ရွေးခိုင်းပြီးလွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ကိုစစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့ကနေ ည၈နာရီနဲ့…

    Read More »
  • 9 November
    သတင်း

    ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်…

    Read More »
  • 9 November
    သတင်း

    ဟုမ္မလင်းနယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ရှမ်းနီ SNA တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

    ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စုပေါင်းနေထိုင်ထားတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ ဆယ်ဇင်းနဲ့ ဟုမ္မလင်းကြားရှိ မန်ဇိန်းချောင်းတစ်ဖက်ကမ်းမှာ ၂ နှစ်ကျော်လောက်အကြာ ရေပေါ်မီး စစ်ကောင်စီတပ် ၈၉…

    Read More »
  • 8 November
    သတင်း

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေပြီးကျေးရွာတစ်ချို့တိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ်တပ်ဖွဲ့တွေကြား ဒီကနေ့မနက်ပိုင်းကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ် အောင်ပိုအောင်ကျေးရွာ ကင်းစေတီမှာတပ်စွဲထားတဲ့ SNA တပ်နဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀…

    Read More »
  • Oct- 2023 -
    5 October
    သတင်း

    ဟုမ္မလင်းနယ် နားနှုန်းရွာထဲမှာ SNA တပ်က အထိုင်တပ်ချဖို့ပြင်ဆင်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနှုန်းကျေးရွာထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဟုမ္မလင်းမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ နားနှုန်းကျေးရွာဟာ ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၅ ရွာသာရှိတာဖြစ်ပြီး အဲ့ဒီကျေးရွာ ၅ရွာရဲ့ အလယ်ဗဟိုမှာကျတဲ့ နားနှုန်းရွာထဲမှာ SNA…

    Read More »
  • 2 October
    သတင်း

    SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…

    Read More »
  • Sep- 2023 -
    27 September
    သတင်း

    ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ 

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ကင်းစေတီအနီးထိုင်ထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ SNA တပ်စခန်းကိုဟုမ္မလင်း PDD နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ၊…

    Read More »
  • 8 September
    သတင်း

    ကုန်စက်လှေတွေ တစ်လကျော်ပိတ်ခဲ့လို့ ကုန်စိမ်းသည်များ အရှုံးပေါ်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲကိုဝင်မယ့် ကုန်စက်လှေတွေ ကနီနယ်ဘက်မှာ တစ်လလောက်ပိတ်မိခဲ့လို့ ကုန်စိမ်းများ ပုပ်ပွပြီး အရှုံးပေါ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီကုန်တင်စက်လှေတွေဟာ သြဂုတ်လ ၁၈ ရက်နေ့ကတည်းက မုံရွာကနေ စတင်ထွက်ခွာလာပေမယ့် စစ်ကောင်စီရဲ့လက်နက်နှင့်စားနပ်ရိက္ခာပို့တင်တဲ့ သံခွန်မော်တော်ကြီးတွေတက်လာတာကြောင့် ကုန်စက်လှေတွေ…

    Read More »
  • 5 September
    သတင်း

    စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ်တွေကြောင့် ကုန်တင်စက်လှေတွေပိတ်မိနေပြီး ဟုမ္မလင်းနယ်ထဲ အခြေခံစားသောက်ကုန်ပြတ်လပ်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်း – ခန္တီးဘက်ကို စစ်ကောင်စီရဲ့ သံခွန်မော်တော်ယာဥ်တွေတက် လာနေတာကြောင့် ဟုမ္မလင်းနယ်ဘက်ပို့မယ့် ကုန်တင်စက်လှေတွေ ပိတ်မိနေလို့ ဟုမ္မလင်းနယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာနှင့် စစ်သား အင်အားအများအပြားတင်ဆောင်လာတဲ့ စစ်ကောင်စီ ရဲ့သံခွန်မော်တော်ယာဥ် ၁၅ စီးဟာ သြဂုတ်လ ၂၀…

    Read More »
  • Jul- 2023 -
    26 July
    သတင်း

    ဟုမ္မလင်းနယ်က လွှစင်ကုန်းရွာနှင့် မြောက်ရွာ ဒေသခံတွေကျေးရွာကနေ နေရပ်စွန့်ခွာဖို့ ရှမ်းနီတပ်ကအမိန့်ထုတ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်းကျေးရွာနှင့် မြောက်ရွာက ဒေသခံတွေကို အိုးအိမ်စွန့်ခွာပြီးတိမ်းရှောင်ကြဖို့ ရှမ်းနီးအမျိုးသားတပ်မတော် (SNA) က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့ လွှစင်ကုန်းကျေးရွာမှာတပ်စွဲ နေတဲ့စစ်ကောင်စီတပ်ကို ဇူလိုင် ၂၂ ရက်နေ့က ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေတဲ့အတွက် ရှမ်းနီတပ်ပါ…

    Read More »
Back to top button