အရပ်သားသေဆုံး
-
Jun- 2026 -16 Juneလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
ရွှေကူမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရက်တွင်း နေရာ ၃ ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချခဲ့တာကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူမြို့နယ်၊ ကိုင်းရွာအနောက်ဘက်က ရွှေမျောတွေရှိတဲ့နေရာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးအလုံး ၃၀ ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သားနဲ့ စားဖိုမှူးတွေအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကိုင်းရွာရဲ့အနောက်ဘက်မှာ ရွှေမျောတွေရှိတယ် မျောဆင်းနေတဲ့အချိန် မနက်ပိုင်းလာကြဲသွားတာ၊ အလုံး ၃၀ ရှိတယ်။ တော်သေးတယ် လူတွေပေါ်တည့်တည့်မကျဘူး၊ ကျောက်တုံးတွေပေါ်ကျတာများတယ်။ အဲဒါကြောင့် ကျောက်ခဲစတွေမှန်ကုန်ပြီး ဒဏ်ရာရ ၂၀ ကျော်တယ်” လို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီ ရွှေမျောတွေရှိတဲ့နေရာ ဗုံးကြဲခံရမှုမှာ မနေ့ကအထိတော့ ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး တချို့စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သူကဆက်ပြောပါတယ်။ “သေဆုံးသူတော့ မသိရှိဘူး ခုလောလောဆယ် ဒဏ်ရာရတဲ့သူတွေကို ဒီဘက် (ကာကွယ်ရေးတပ်) တွေဘက်က ကားနဲ့လာသယ်ပြီး ဆေးကုပေးနေတယ်။ မိန်းကလေးတွေများတယ် ဒဏ်ရာရတဲ့ထဲမှာ” လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။ ထို့အပြင် မနေ့က မွန်းလွဲ ၅ နာရီခန့်အချိန်မှာလည်း ကိုင်းရွာအနောက်ဘက် ရွာနဲ့ကပ်လျက်နေရာကို ဗုံး ၂ လုံး ထပ်မံကြဲချခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ည ၇ နာရီမှာ Y-12 တစ်စီးနဲ့ ရွှေကူမြို့အထက်ဘက်ရှိ လမ်းကူးကျေးရွာကို ဗုံးသီးအလုံးရေ ၄၀ ကျော်ခန့် ကြဲချသွားတဲ့တွက် လူနေအိမ်များအများအပြား ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “မနေ့တစ်ရက်တည်း သုံးကြိမ်ကြဲတာလေး။ နောက်ဆုံးက လမ်းကူးရွာထဲကြဲသွားတာ။ တော်သေးတယ် ရွာထဲကလူမရှိလို့၊ အကုန်စစ်ရှောင်ကုန်ပြီ။ လူနေအိမ်ကတော့ ၅ လုံးထက်မနည်း ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။ လမ်းကူးရွာသားတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စစ်ရှောင်နေကြတာကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် လူနေအိမ်များ ပျက်စီးပြီး မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ရွှေကူမြို့နယ်ထဲက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာ ၄ ခု ဖွင့်ပြီး စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ “ကားနဲ့မဟုတ်ဘူး၊ စစ်ကြောင်းက ခြေလျှင်တက်လာကြတာ။ ရွှေကူမြို့ကနေပြီးတော့ စစ်မျက်နှာလေးခုဖွင့်တယ်။ တစ်ကြောင်းက ငဘတ်ကြီးကနေ ပလောင်တောင်ကနေ ကိုင်းရွာ၊ တော်လန်ဘက်ကိုတစ်ကြောင်း၊ တစ်ကြောင်းက အူမလမ်းကြောင်းပေါ့ အထက်လေးလမ်းဆုံဘက်ကို၊ တစ်ကြောင်းက ရွှေဘုန်းမြင့်ဘက်၊ နောက်တစ်ကြောင်းက ငါးလမ်းဆုံဘက်ကို ထိုးတယ်” လို့ ရွှေကူနယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ကြောင်း ၄ ကြောင်းထဲမှာ အင်အားအများဆုံးက လက်ရှိ ဗန်းမော်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ အထက်လေးလမ်းဆုံဘက်က စစ်ကြောင်းဖြစ်ပြီး အင်အား ၇၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။ စစ်တပ်က အခုလို ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် စီသာ၊ မံဝင်း၊ ကိုင်းရွာ၊ လမ်းကူး၊ တော်လန်၊ မြိုင်သာ၊ ပန်းတင်၊ တုံးကောက်၊ ငှက်တံတား၊ နန့်လန်၊ ဝင်ဝ၊ နောင်လတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့ ခ.လ.ရ ၅၆ တပ်ထဲက စစ်ကောင်စီစစ်သားတွေနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူ– ငအိုးလမ်းကနေတဆင့် ထီးချိုင့်၊ တကောင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။ By – Zaw Zaw
Read More » -
Apr- 2026 -21 Aprilသတင်း
ဖားကန့် တိုက်ပွဲတွင်း အရပ်သားသေဆုံးသူများလာ
ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူထိခိုက်၊ သေဆုံးသူစုစုပေါင်း ၁၀ ဦးခန့်ရှိလာပြီလို့သိရပါတယ်။
Read More » -
Jan- 2026 -23 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော
ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄…
Read More » -
2 Januaryစစ်ပြေးဒုက္ခသည်များ
ကသာမြို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ
စစ်ကိုင်း–ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ကသာမြို့နဲ့ ၁၅ မိုင်အကွာ မိုးတာလေးတိုက်နယ်ထဲကကျေးရွာတစ်ရွာလေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား…
Read More » -
Dec- 2025 -8 Decemberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦးပွဲချင်းအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ည သန်ခေါင်ယံအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက မလောင်ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ထိခိုက်ပြီး သေဆုံးသွားတာက လင်မယားနှစ်ဦးနဲ့ ကလေးငယ်အပါ သေဆုံးတာ ၃ ဦးရှိတယ်။ အဲ့ထဲမှာ လသားအရွယ်နဲ့ ဆယ်ကျော်သက် နှစ်ယောက်က ထိခိုက်မှုမရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောလာတယ်”လို့ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ထဲမှာ မိသားသားစု ၃ ဦးသေဆုံးသွားပေမယ့် ၁၆ နှစ်အရွယ်တစ်ဦးနဲ့ ၇ လသားအရွယ်တစ်ဦး၊ နှစ်ယောက်က ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ အသက် ၃၈ နှစ်အရွယ်ဒေါ်တင်မိုးလှိုင်တို့ဖြစ်ပါတယ်။ “ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီနှစ်ရက်အတွင်းမှာဆိုပိုပြီး တိတ်ဆိတ်သွားတယ်ပေါ့လေ။ စစ်ကောင်စီက ညဘက်ဆိုရင် လက်နက်ကြီးရမ်းပစ်တာတွေ၊ သေနတ်ဖောက်တာတွေက ပုံမှန်လုပ်နေတာပဲရှိတယ်။ အခု မလောင်ဘက်ကို ဘာလို့ပစ်ခတ်လဲတော့ ကျနော်တို့လည်း သေချာတော့မသိရပါဘူး”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။ ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ ညတိုင်းလိုလို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးခြောက်လန့် ပစ်ခတ်နေတာဖြစ်ပြီး ညအချိန်ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကျော်ဖြတ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း စစ်တပ်က ဗျူဟာကုန်းကနေ ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆိုင်းတောင်၊ ကုဋေမှော်၊ မရှီကထောင်၊ တောမှော် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တွေအပါ အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုလတိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာလိုက်တဲ့နောက်ပိုင်း ဖားကန့်ဒေသထဲမှာ စစ်အင်အားအလုံးအရင်း စစ်ကြောင်းထိုးထားတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့…
Read More » -
Nov- 2025 -13 Novemberလူ့အခွင့်အရေးချိုးဖောက်မှု
ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး
ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ Sky Hotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင်စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ အဖွင့်ရဲ မသွားရဲကြတဲ့သူတွေရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ပြောပါတယ်။ မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။…
Read More » -
Oct- 2025 -23 Octoberသတင်းဆောင်းပါး
ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ
အောက်တိုဘာလဟာ ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့…
Read More » -
Sep- 2025 -29 Septemberတိုက်ပွဲ
ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…
Read More » -
18 Septemberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်
ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…
Read More » -
8 Septemberလူ့အခွင့်အရေးချိုးဖောက်မှု
စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး
ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊…
Read More »