,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာဖြင့် ထိစပ်ခဲ့သူများကို စုံစမ်းရာ အယောက် ၃၀ ကျော်ရှိနေကြောင်း ပြည်နယ် Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကော်မတီမှ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂ ရက် ယနေ့ နံနက် ၈နာရီအချိန် Covid-19 နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင်ပါရှိသော မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာ(၂)ဦး ဆိုသူမှာ နိုင်ငံခြားမှပြန်လာပြီး လက်ရှိ ရန်ကုန်တွင် ကွာရန်တင်း ဝင်နေသူများသာဖြစ်ကြောင်း သိရသည်။ ထိုသူ ၂ဦးမှာ ကိုဗစ် ဒုတိယလှိုင်းမဖြစ်မှီအချိန် ကချင်ပြည်နယ်တွင် ရှိနေခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် သြဂုတ် ၂၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်သို့ ရောက်လာကြသူများဖြစ်သည်ဟု ကချင်ပြည်နယ်ကျန်းမာရေးဌာနက ပြန်လည်ထုတ်ပြန်ထားသည်။ “ရန်ကုန်မြို့သို့…