မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

မြစ်ကြီးနားမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သော သပိတ်စစ်ကြောင်းအားလုံး ပေါင်းစည်းပြီး ‘မြစ်ကြီးနား လူထုသပိတ်စစ်ကြောင်း’ အဖြစ် တစ်ကြောင်းတည်းသာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ဆန္ဒပြပြည်သူများအား လက်နက်ဖြင့် ဖြိုခွဲပစ်သတ်ခဲ့ပြီးနောက် မြို့တွင်းဆန္ဒဖော်ထုတ်မှုများကို ကျောင်းသားသမဂ္ဂများပါဝင်သော ပင်မသပိတ်စစ်ကြောင်း ၊ Generation Z လူငယ်များနှင့် အထွေအထွေသပိတ်စစ်ကြောင်း စသဖြင့် အင်အားခွဲကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ကျတော်တို့ ပေါင်းပြီးထွက်တာ နှစ်ကြိမ်ရှိပြီ။ အင်အားစုတွေပြန်လည်စုပြီးထွက်တာ ဟုတ်တယ်။ ကျတော်တို့…