Hpaji Mahkrai
-
Oct- 2024 -25 Octoberအင်တာဗျူး
တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji…
Read More »