IPstar

  • Sep- 2024 -
    26 September
    သတင်း

    မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) အထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber wifiအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြစ်ကြီးနားမြို့မှာ IP Star နဲ့  Starlink Wifi ရတဲ့ဆိုင်တွေမှာ တစ်နာရီအင်တာနက်အသုံးပြုခ ကျပ် ၃၀၀၀၀ ရှိခဲ့ပေမယ့် လက်ရှိ Starlink wifi တပ်ဆင်သူတွေများလာတာကြောင့် တစ်နာရီ ကျပ် ၁၅၀၀၀ အထိစျေးကျလာပြီလို့ မြို့ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လိုင်းစဖြတ်ခံရတဲ့ချိန်ဆိုရင် IP Star ရှိထားတဲ့နေရာတွေမှာပဲရတာ တစ်နာရီကို ၃၀၀၀၀၀ ပေးရတယ်။ ခုနောက်ပိုင်း Starlink Wifi စက်တွေတပ်လာကြတော့ တဖြေးဖြေးစျေးကျလာတော့ တစ်နာရီ ၁၅၀၀၀ ဖြစ်သွားပြီ”လို့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ အင်တာနက်စတင်ဖြတ်တောက်ထားခံချိန်က IP Star တပ်ဆင်ထားတဲ့ ဖုန်းဆိုင်နဲ့ဟိုတယ်အနည်းအကျဉ်းသာရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ Starlink တပ်ဆင်လာတဲ့ဖုန်းဆိုင်၊ ဟိုတယ်တွေနဲ့ Starlink Wifi အသုံးပြုလို့ရတဲ့ သီးသန့်ဆိုင်တွေဟာ တပ်ကုန်းရပ်ကွက်၊စီတာပူရပ်ကွက်တွေမှာ တဖြေးဖြေးများလာတာကြောင့် အင်တာနက်အသုံးပြုခ လျော့ကျလာတာဖြစ်တယ်လို့သိရပါတယ်။ “တပ်ကုန်းမှာလည်းအစက Starlink ရတဲ့ဆိုင် တစ်ဆိုင်ပဲရှိတယ် အခုကဆိုင်သစ်တွေပေါလာပြီ နှစ်ဆိုင်သုံးဆိုင်ဖြစ်သွားပြီအသစ်ဖွင့်တဲ့ဆိုင်တွေက နဂိုရှိတဲ့ဆိုင်တွေထက်စျေးသက်သာအောင်လုပ်ပေးတော့ စျေးကပိုပိုကျလာတာ စျေးကျလာတော့သုံးတဲ့သူတွေအဆင်ပြေလာတာပေါ့”လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ Starlink Wifi သီးသန့်တပ်ဆင်ထားတဲ့ဆိုင်တွေမှာတစ်နာရီကျပ် ၁၅၀၀၀ ( တစ်သောင်းခွဲ) ပေးရပေမယ့် ဟိုတယ်တွေမှာတော့ တစ်ညကို ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း)  အထိပေးရတယ်လို့ အွန်လိုင်းစျေးသည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “ဟိုတယ်တစ်ခုနဲ့တစ်ခုတော့မတူဘူးတစ်ချို့ဟိုတယ်တွေက လူနှစ်ယောက် ဖုန်းနှစ်လုံးကိုတစ်ညတစ်သိန်းရတဲ့ဟိုတယ်ရှိတယ်။ တစ်ချို့ဟိုတယ်တွေကျတော့ တစ်သိန်းသုံးသောင်းထိပေးရတယ် လူနှစ်ယောက် ဖုန်းနှစ်လုံးရတာချင်းတော့တူတူပဲ”လို့ အထက်ဖော်ပြပါ တပ်ကုန်းရပ်ကွက်က နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ သြဂုတ်လအထိတော့ စစ်ကောင်စီတပ်က Starlink wifi ရတဲ့ဆိုင်တွေမှာ ငွေလွှဲငွေထုတ်လုပ်သူတွေကိုဖမ်းဆီးတာ၊ ဟိုတယ်နဲ့ဖုန်းဆိုင်တွေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေကိုရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာမျိုးရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းကနေတော့ငွေလွှဲငွေထုတ်တွေကိုပြန်လည်ခွင့်ပြုလာပြီလို့သိရပါတယ်။ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber…

    Read More »
  • 13 September
    သတင်း

    မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁  ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ  IP Starနဲ့Star Link ဂြိုလ်တုနဲ့အင်တာနက်ကို အခကြေးငွေပေးပြီး ဆိုရှယ်မီဒီယာသုံးတာ၊ ငွေလွှဲငွေထုတ်တာတွေလုပ်နေကြပေမယ့် စစ်တပ်က ဆိုင်တွေကိုရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “သူတို့အဓိက ဖမ်းတာက ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကိုဖမ်းတယ် ပြီးတော့တချို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းတယ်။ ကျွန်တော်တို့ဆိုင်မှာအရင်ပတ်တွေတော့ Kpay လွှဲလို့ရတယ် အခုတော့kapy လွှဲရင်ဖမ်းတယ်ဗျ။ အဲ့ကြောင့်ငွေလွှဲ ဘာညာတော့မရတော့ဘူး”လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူတွေဟာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ နေရာတွေမှာ တစ်နာရီမှာ ၂ သောင်းခွဲပေးပြီး သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်က စက်တင်ဘာလ လဆန်းပိုင်းကစပြီး တပ်ကုန်းရပ်ကွက် အင်တာနက်အသုံးပြုလို့ရတဲ့ ဆိုင်တစ်ချို့နဲ့မြို့ပေါ် ဟိုတယ်တစ်ချို့မှာ အင်တာနက်အသုံးပြုတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဟိုတယ်၊မိုတယ်၊ ဖုန်းဆိုင်၊ အင်တာနက်အသုံးပြုလို့ရနေတဲ့ ဆိုင်တွေရဲ့ အမည်နာမအသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့်မပြုထားပါဘူး။ “အစကတော့ကျမ သူငယ်ချင်းလည်း သူ့တည်းခိုခန်းမှာလာတည်းတဲ့သူတွေလည်းအဆင်ပြေအောင် မိတ်တွေခေါ်တဲ့အနေနဲ့ Star Link လည်းတပ်မယ်ပေါ့ စီစဉ်ထားတာ။ ဒါပေမယ့်စစ်ကောင်စီဘက်က Star Link တပ်ရင် ဥပဒေနဲ့မလွတ်ကင်းဘူး။ အင်တာတက်ကိုသူတို့တားမြစ်ထားတယ်ပြောလို့ အခြားနေရာတွေလည်းအဖမ်းအဆီးတွေရှိလာတော့ မတပ်ဖြစ်တော့ဘူး ကြောက်နေရတာ”လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို အင်တာနက်အသုံးပြုလို့ရတဲ့နေရာတွေကို ဖမ်းဆီးလာတာကြောင့် မြို့ခံပြည်သူတွေ ငွေလွဲငွေထုတ်ဖို့ပိုမိုခက်ခဲလာသလို  အင်တာနက်အသုံးပြုသူတွေအတွက်လည်းလုံခြုံရေးစိုးရိမ်ရတာကြောင့် အသုံးပြုသူတွေနည်းလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကို KIA ၊KPDF ပူးပေါင်တပ် စက်တင်ဘာလနဲ့အောက်တိုဘာလထဲမှာ မြို့ကိုသိမ်းပိုက်လာနိုင်တယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လာတာကြောင့် အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။…

    Read More »
Back to top button