KSCM

  • Mar- 2024 -
    15 March
    သတင်း

    KSCU  ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့

    ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စစ်ရေးအခြေအနေတင်းမာနေတဲ့ကြားက ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCU) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ ဒုအဓိပတိဖြစ်သူ ဆရာ ဒေါက်တာ ဦးအောင်နိုင်သူကပြောပါတယ်။ ဘွဲနှင်းသဘင် အခမ်းအနားကို မတ်လ ၈ရက်နေ့က ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း လိုင်ဇာအနီးတစ်ဝိုက် စစ်ရေးတင်းမာလာတဲ့အတွက် တစ်ပတ်အကြာ နောက်ဆုတ်ပြီးမှ ပြန်လည်ကျင်းပခဲ့တာဘဲဖြစ်ပြီး အခုလိုအခက်အခဲကြားက ဘွဲနှင်းသဘင် ကျင်းပနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ဒေါက်တာ အောင်နိုင်သူက ခုလို ဆိုပါတယ်။ “တာဝန်ရှိတဲ့ လူကြီးတွေလည်း အဆင်ပြေမယ့်ရက်လို့ ယူဆပြီး လုပ်ဖြစ်သွားတာပေါ့ ဆရာတို့ကလည်း ခံယူချက်ကတော့ ပညာနဲ့တိုက်တာပေါ့ တချို့ကြတော့ လက်နက်ပြီးတိုက်ကြတာပေါ့ ဆရာတို့ကလည်းကိုယ်တတ်တဲ့ ပညာနဲ့တော်လှန်မယ်ဆိုတဲ့ ခံယူချက်မျိုးပေါ့ ပြီးတော့ ကျောင်းသားတွေကိုယ်တိုင်ကလည်း စိတ်အားထက်သန်စွာနဲ့ ဘွဲနှင်းသတင်းကို မပျက်မကွက်ပါဝင်ကြပြီး အောင်မြင်စွာ ပြီးဆုံးသွားတော့ပြောမပြတတ်လောက်အောင် ပီတိဖြစ်မိတယ်”လို့ဆိုပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနာကိုတော့ မတ်လ ၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ–၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ မှ အရာရှိကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား/သူများ၊ မိဘများ တက်ရောက်ခဲ့တယ်လို့ Kachin State Comprehensive University facebook page မှာ ဖော်ပြချက်အရသိရပါတယ်။ ဒါအပြင် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်မှာ ကြားကာလ ယာယီ ဆေးတက္ကသိုလ်ကောင်စီများကနေ ကျင်းပပြုလုပ်တဲ့ စာမေးပွဲအောင်မြင်သူဆေးပညာဘွဲ့(၃)ဦး ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်တဲ့ စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့ (၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁)ဦး၊ ဂုဏ်ထူးတန်း (၃)ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း (၆)ဦး၊ သိပ္ပံဘွဲ့ (၁၀)ဦး ၊ ဝိဇ္ဇာဘွဲ့ (၁၀၄)ဦး၊ စုစုပေါင်း (၁၃၉)ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့တယ်လို့ Kachin State Comprehensive University page မှာ ဖော်ပြထားပါတယ်။ အခုလို ဘွဲ့နှင်းသဘင်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် တာဝန်ရှိလူကြီးတွေနဲ့ ကျောင်းဆရာတွေသာမက ကျောင်းသားကျောင်းသားတွေပါ အခက်အခဲအမျိုးမျိုးကြားက အားတက်သရောပါဝင်ခဲ့ကြတာဖြစ်ပါတယ်။…

    Read More »
  • Feb- 2024 -
    14 February
    သတင်း

    ကချင်တစ်မျိုးသားလုံးအထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တဲ့အပေါ် KSCM ကန့်ကွက်

    တော်လှန်စစ်အရှိန် မြင့်တက်နေတဲ့ကာလမှာ ကချင်တစ်မျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တာကို  WHG ( WUNPAWNG HTUNGHKING HPUNG GINJAW) မှ တာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုတာဟာ အရှက်ရစရာ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ KSCM (…

    Read More »
  • Oct- 2023 -
    11 October
    သတင်း

    မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  ရှုံ့ချတဲ့အနေနဲ့ Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ KSCM အဖွဲ့က တောင်းဆို

    လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုံချတဲ့အနေနဲ့  Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ Kachin State Civillian Movement (KSCM ) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၉ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှာရှိတဲ့ မိခင်နဲ့ကလေးသူငယ်အပါအဝင် ထိခိုက်သေဆုံးသူ…

    Read More »
Back to top button