KWAT

  • Jan- 2026 -
    19 January
    သတင်း

    ကချင်ဆရာမ ၂ ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ၁၁ နှစ်တိုင်တိုင်ရှိလာပေမယ့် အမှုမှန်ပေါ်ပေါက်ဖို့ အလှမ်းဝေးနေဆဲ

    ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကစေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး ရက်စက်စွာမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု အမှုမှန်မပေါ်ပေါက်နိုင်တာဟာ မြန်မာစစ်တပ်က သက်သေတွေကို ဖျောက်ဖျက် ဖျက်ဆီးပစ်ကာ တရားရေးလုပ်ငန်းတွေကို ထိန်းချုပ်တားဆီးလိုက်တာကြောင့်ဖြစ်တယ်လို့ ကချင်အမျိုးသမီးများအဖွဲ့အစည်းက ထောက်ပြပြောဆိုပါတယ်။ ရှမ်းမြောက် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် ကောင်းခါးရွာက စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး တို့ရဲ့ ကြောက်မက်ဖွယ် သေဆုံးခဲ့ရမှု ဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ဒီနေ့မှာ ၁၁ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။   “အမှုနှင့်ပတ်သက်ပြီး အဖွဲ့အစည်းတော်တော်များ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ကြာလာလေ အမှုမှန်နှင့် တရားမျှတရေးဆိုတာက ပိုပြီးဝေးလေသထက် ဝေးသွားပြီ။ ဆရာမ ၂ ဦးရဲ့အမှုကိုလည်း စစ်တပ်က သက်သေတွေကို ဖျက်ဆီးပစ်တယ်၊ ဖျောက်ဖျက်လိုက်တယ်။ ဒါကြောင့် ကျမတို့ ဒါကိုအဆုံးထိ လုပ်ဆောင်နိုင်ဖို့ ခက်ခဲသွားတယ်။ ဒီလိုအမှုတွေရဲ့ သက်သေတွေကို ဖျောက်ဖျက်လိုက်တာမျိုးတွေကို စစ်တပ်က strategy တစ်ခုလို အမြဲလုပ်နေတာတွေ့ရပါတယ်။” ဟု KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်( KBC) မှ စေလွှတ်တဲ့ ဆရာမ ၂ ဦး မုဒိမ်းပြုကျင့်သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တရာခံက ဘယ်သူဆိုတာကို ရှင်းလင်းပြတ်သားစွာသိရှိနေတာဖြစ်ပေမဲ့ အမှုမှန်ပေါ်ပေါက်နိုင်ဖို့နဲ့ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲလို့ ဆိုပါတယ်။ ဆရာမ ၂ နှစ်ဦး သတ်ဖြတ်ခံခဲ့ရစဉ် သက်သေအထောက်အထားများ၊ ဖြစ်စဉ် ဖြစ်ရပ်နှင့် ထင်ရှားတဲ့ လက္ခဏာများအရ ပြစ်မှုကျူးလွန်သူတွေဟာ အဲဒီတုန်းက ကောင်းခါးရွာမှာ ရောက်ရှိနေတဲ့ မြန်မာစစ်တပ်စစ်ကြောင်းထဲက စစ်သားတွေ အုပ်စုဖွဲ့မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကို KWAT မှ ထုတ်ထားတဲ့ အစီရင်စာအရလည်း တွေ့ရတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ပွားခဲ့စဉ်တုန်းက ကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီ ခမရ ၅၀၃ မှ စစ်ကြောင်းမှူးနဲ့ စစ်သားတွေကို KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တွေ့ဆုံမေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် စစ်တပ်ကဘက် ခွင့်မပြုလို့ ၂၀၁၆ နောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားမှုမှာ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီက အမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ဆုံနိုင်ဖို့ တောင်းဆိုခဲ့မှုကို စစ်တပ်ဘက်က ငြင်းဆိုခဲ့ခြင်းကြောင့် လုပ်ငန်းတွေ ဆက်လုပ်လို့ မရနိုင်တော့ပဲ ဒီကနေ့အထိ အမှုမှန်နှင့်တရားမျှတရေးက အလှမ်းဝေးသထက် ဝေးသွားတာလည်း ဖြစ်ပါတယ်။   ဆရာမ ၂ ဦးရဲ့အမှု ၁၁ နှစ်ပြည့်သည့်တိုင် အမှုမှန်မပေါ်ပေါက်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေအတွက် အမှုမှန်နှင့်တရားမျှတမှု ရရှိဖို့က အလှမ်းဝေးနေဆဲဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့  Kachin Women’s Association Thailand – KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ဆက်ပြောပါတယ်။ “စစ်တပ်ကျူးလွန်တဲ့အမှုတွေဟာ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲဆိုတာ ဒီအမှုအားဖြင့် သိသာထင်ရှားစွာ မြင်ရပါတယ်။ အဓိက တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက် မဒိမ်းပြုကျင့်ခံရမှု တွေက မှန်ကန်တဲ့တရားမျှတရေးရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲဆိုတာ မီးမောင်းထိုးပြနေတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုးသမီးတွေလည်း တော်တော်များများရှိတယ်။ လက်နက်ကိုင်တွေကြားမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက ပိုစိုးရိမ်လာရတယ်။ ဒီလိုကိစ္စတွေကို တိုက်ပွဲပြီးမှ စစ်ပြီးမှ ဖြေရှင်းယူမယ်ဆိုရင် မိုပိုဆိုးရွားလာမယ့် အခြေအနေကို ရောက်ရှိလာမှာဖြစ်ပါတယ်။” ဟု ပြောဆိုပါတယ်။ ၂၀၂၂ ခုနှစ်အထိတော့ နှစ်တိုင်း ဇန်နဝါရီ ၁၉ ရက်နေ့ရောက်တိုင်း ဆရာမ ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် KBC ဦးဆောင်ပြီး သတိရဆုတောင်းခြင်းအစီအစဉ်တွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့တာကိုလည်း တွေ့ရပါတယ်။   လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ညမှာ ဆရာမခေါန်နန်စင် (အသက် ၂၀) နဲ့ ဆရာမ မရန်လုရာ ( အသက် ၂၁ နှစ်) တို့နှစ်ဦးက အုပ်စုဖွဲ့ အကြမ်းဖက် မုဒိမ်းပြုကျင့် သတ်ဖြတ်မှုကို ခံခဲ့တာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Feb- 2025 -
    27 February
    သတင်း

    ကူညီမှုများ ရပ်တန့်ခြင်းနဲ့ ကချင်ဒေသ ကျန်းမာရေး နဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှု

    “နဂိုကတည်းက အကူအညီတွေ တုန်တုန်ရီရီနဲ့ဘဲ ရောက်လာတဲ့ကြားက ပြန်ရုပ်သိမ်းမယ်ဆိုတော့ ကျွန်မတို့ဒေသမှာ တွေးကြည့်ရုံနဲ့တင် သိရှိနိုင်လည်နိုင်မယ်လို့ ထင်တယ် ဘယ်လောက်ထိ ခက်ခဲလာနိုင်တယ်ဆိုတာ”ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် (San Htoi) ပြောတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၄၇ ကြိမ်မြောက် နိုင်ငံ သမ္မတ ပြန်ဖြစ်လာပြီးနောက် ပြည်ပနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကို…

    Read More »
  • Jan- 2025 -
    9 January
    သတင်း

    တရုတ် ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရမှု နိုင်ငံတဝှမ်းများပြားလာ

    တရုတ် ဇနီးမယားအဖြစ် လူကုန်ကူး ရောင်းစားခံရမှုဖြစ်စဉ် မြန်မာပြည်တဝှမ်း ပျံ့နှံ့ လာတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT အစီရင်ခံစာ က ဖော်ထုတ်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့ ဆိုပြီး လိမ်လည်ရောင်းစားခံရသူတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းထဲက အမျိုးသမီးတွေလည်းပါဝင်လာပြီး အများစုကတော့ ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်က ဒေသခံ အမျိုးသမီးတွေ…

    Read More »
  • Apr- 2021 -
    2 April
    သတင်း

    လူသတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေဟု ကချင်အမျိုးသမီးအဖွဲ့ ထောက်ပြ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ် ဆန္ဒဖော်ထုတ်မှုများတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေသလို ကချင်ရှေ့တန်းစစ်မြေပြင်တွင်လည်း စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအဖွဲ့ (KWAT) က ပြောသည်။ ဧပြီ ၂ ရက်နေ့ Kachin Women’s Association Thailand…

    Read More »
Back to top button