မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ယခုနောက်ဆုံး ဖြစ်ပွားသောတိုက်ပွဲကြောင့် စက်တင်ဘာ (၁၁) သောကြာနေ့က မန်ကောင်း (Man Kawng)ရွာသားများ အားလုံး နီးစပ်ရာကျေးရွာသို့ ထွက်ပြေးနေရကြောင်း ရွာလူကြီးက ဆိုပါသည်။ တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ရွာထဲ ကျရောက် ထိမှန်မည်ကို စိုးရိမ်ရသောကြောင့် အိမ်ချေ (၄၇) နှင့် လူဦးရေ စုစုပေါင်း ၃၀၀ ခန့်ရှိ…