သတင်း

မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ယခုနောက်ဆုံး ဖြစ်ပွားသောတိုက်ပွဲကြောင့် စက်တင်ဘာ (၁၁) သောကြာနေ့က မန်ကောင်း (Man Kawng)ရွာသားများ အားလုံး နီးစပ်ရာကျေးရွာသို့ ထွက်ပြေးနေရကြောင်း ရွာလူကြီးက ဆိုပါသည်။

တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ရွာထဲ ကျရောက် ထိမှန်မည်ကို စိုးရိမ်ရသောကြောင့် အိမ်ချေ (၄၇) နှင့် လူဦးရေ စုစုပေါင်း ၃၀၀ ခန့်ရှိ မန်ကောင်း (Man Kawng)ရွာသားများ အားလုံး အနီးရှိ မန်ပင်း (Man Pying) ကျေးရွာသို့ တိုက်ပွဲ မဖြစ်ခင် ထွက်ပြေးရခြင်းဖြစ်သည်။

“သောကြာနေ့ မနက်ပိုင်းကတည်းက ထွက်ပြေးကြပါတယ်၊ အများစု မန်ပင်း (Man Pying) ခရစ်ယာန်အသင်းတော်ဘုရားကျောင်းမှာ စစ်ရှောင်နေကြတယ်၊ လူဦးရေ ၂၀၀ ကျော် ရှိလိမ့်မယ်။ တချို့ကတော့် ဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေကြပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ လူမှုအကျိုးဆောင် စေသနာ့ဝန်ထမ်းတစ်ဦး သောကြာနေ့ ညက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆)နယ်မြေ Kai Dwi Kawng တောင်ကုန်းကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ဟု ယူဆရသော ပူးပေါင်းစစ်ကြောင်းများ သုံးနေရာကနေ စစ်ဆင်လှုပ်ရှားလာသောကြောင့် သောကြာနေ့ မွန်းလွဲ ၂နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်ပြည်နယ် လိုင်ဇာဗဟိုဌာနချုပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး Nhpang Naw Bu ပြောပါသည်။

တပ်မတော်စစ်ကြောင်းများသည် Man Kawng ရွာအနီး Kai Dwi Kawng တောင်ကုန်းမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကိုးကန့် MNDAA နှင့် ရခိုင် AA တပ်ဖွဲ့များနှင့် ပထမဆုံး အချိန် ၂နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး ၎င်းနေရာအနီး Ting Sa Kawng ကုန်းအနားမှာ KIA တပ်ရင်း (၃၆)နှင့်လည်း မိနစ် ၂၀ခန့် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ဆိုပါသည်။

“သူတို့ (တပ်မတော်)ပြောတဲ့အတိုင်း သွေးတိုးစမ်း ပစ်ခတ်မှုဖြစ်ချင်တော့ နယ်မြေရှင်းလင်းရေး လုပ်ရတယ်လို့ ဆိုနေကြဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချင်လို့ ရန်စ သွေးတိုးစမ်းတာ ဖြစ်မှာပေါ့။ တပ်မ (၈၈) စစ်ကြောင်းလှုပ်ရှားမှု ဆက်လုပ်နေပါတယ်။ အဲတာကြောင့် အခုတိုက်ပွဲ မတိုင်ခင် KIA တပ်ရင်း (၉) နယ်မြေ မူဆယ် ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်တာနဲ့ ရွေးကောက်ပွဲလည်း နီးလာလို့ တပ်မတော်က စစ်ကြောင်းလှုပ်ရှာမှု ပြန်လုပ်လာတာ ဖြစ်မယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီး Naw Bu ဆိုပါတသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသောနယ်မြေကနေ တပ်မတော်စစ်ကြောင်းများ စနေနေ့ထိ ဆုတ်ခွာခြင်း မရှိဘဲ နောက်ထပ်စစ်ကူများ တက်လာမည့် သတင်းများထွက်လာသောကြောင့် Man Kawng ရွာသားများ နေရပ် မပြန်နိုင်ဘဲ စစ်ရှောင်နေရလျှင် စစ်ရှောင် ရွာသား ၂၀၀ ကျော်အတွက် အရေးပေါ် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်လာမည်ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ Man Kawng ရွာလူကြီး တစ်ဦး စနေနေ့ နံနက်ပိုင်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

……….Zawgyi…..

 

ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုက္ပြဲေၾကာင့္ ရြာသား ၂၀၀ ေက်ာ္ ထြက္ေျပးေနရ

September 11, 2020/ KNG

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္၊ ၾကဴကုတ္ (ပန္ဆိုင္း)ျမိဳ႕နယ္ခြဲတြင္ ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႔မ်ားၾကား ယခုေနာက္ဆုံး ျဖစ္ပြားေသာတိုက္ပြဲေၾကာင့္ စက္တင္ဘာ (၁၁) ေသာၾကာေန႔က မန္ေကာင္း (Man Kawng)ရြာသားမ်ား အားလုံး နီးစပ္ရာေက်းရြာသို႔ ထြက္ေျပးေနရေၾကာင္း ရြာလူၾကီးက ဆိုပါသည္။

တိုက္ပြဲတြင္ လက္နက္ၾကီး၊ လက္နက္ငယ္က်ည္မ်ား ရြာထဲ က်ေရာက္ ထိမွန္မည္ကို စိုးရိမ္ရေသာေၾကာင့္ အိမ္ေခ် (၄၇) ႏွင့္ လူဦးေရ စုစုေပါင္း ၃၀၀ ခန္႔ရိွ မန္ေကာင္း (Man Kawng)ရြာသားမ်ား အားလုံး အနီးရိွ မန္ပင္း (Man Pying) ေက်းရြာသို႔ တိုက္ပြဲ မျဖစ္ခင္ ထြက္ေျပးရျခင္းျဖစ္သည္။

“ေသာၾကာေန႔ မနက္ပိုင္းကတည္းက ထြက္ေျပးၾကပါတယ္၊ အမ်ားစု မန္ပင္း (Man Pying) ခရစ္ယာန္အသင္းေတာ္ဘုရားေက်ာင္းမွာ စစ္ေရွာင္ေနၾကတယ္၊ လူဦးေရ ၂၀၀ ေက်ာ္ ရိွလိမ့္မယ္။ တခိ်ဳ႕ကေတာ့္ ေဆြမိ်ဳးေနအိမ္ေတြမွာ ခိုလႈံေနၾကပါတယ္” ဟု လုံျခံဳေရးအရ အမည္မေဖာ္လိုသူ ေဒသခံ လူမႈအကိ်ဳးေဆာင္ ေစသနာ့၀န္ထမ္းတစ္ဦး ေသာၾကာေန႔ ညက ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆)နယ္ေျမ Kai Dwi Kawng ေတာင္ကုန္းကို ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ဟု ယူဆရေသာ ပူးေပါင္းစစ္ေၾကာင္းမ်ား သုံးေနရာကေန စစ္ဆင္လႈပ္ရွားလာေသာေၾကာင့္ ေသာၾကာေန႔ မြန္းလြဲ ၂နာရီေက်ာ္က တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ကခ်င္ျပည္နယ္ လိုင္ဇာဗဟိုဌာနခ်ဳပ္ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးၾကီး Nhpang Naw Bu ေျပာပါသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ Man Kawng ရြာအနီး Kai Dwi Kawng ေတာင္ကုန္းမွာ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔၀င္ ကိုးကန္႔ MNDAA ႏွင့္ ရခိုင္ AA တပ္ဖြဲ႔မ်ားႏွင့္ ပထမဆုံး အခ်ိန္ ၂နာရီခန္႔ တိုက္ပြဲျဖစ္ပြားၿပီး ၎ေနရာအနီး Ting Sa Kawng ကုန္းအနားမွာ KIA တပ္ရင္း (၃၆)ႏွင့္လည္း မိနစ္ ၂၀ခန္႔ ထပ္မံ တိုက္ပြဲျဖစ္ပြားေၾကာင္း ဆိုပါသည္။

“သူတို႔ (တပ္မေတာ္)ေျပာတဲ့အတိုင္း ေသြးတိုးစမ္း ပစ္ခတ္မႈျဖစ္ခ်င္ေတာ့ နယ္ေျမရွင္းလင္းေရး လုပ္ရတယ္လို႔ ဆိုေနၾကျဖစ္ပါတယ္။ တိုက္ပြဲျဖစ္ခ်င္လို႔ ရန္စ ေသြးတိုးစမ္းတာ ျဖစ္မွာေပါ့။ တပ္မ (၈၈) စစ္ေၾကာင္းလႈပ္ရွားမႈ ဆက္လုပ္ေနပါတယ္။ အဲတာေၾကာင့္ အခုတိုက္ပြဲ မတိုင္ခင္ KIA တပ္ရင္း (၉) နယ္ေျမ မူဆယ္ ပတ္၀န္းက်င္မွာလည္း တို္က္ပြဲျဖစ္ခဲ့တယ္။ ျငိမ္းခ်မ္းေရးကို ဖ်က္ဆီးခ်င္တာနဲ႔ ေရြးေကာက္ပြဲလည္း နီးလာလို႔ တပ္မေတာ္က စစ္ေၾကာင္းလႈပ္ရွာမႈ ျပန္လုပ္လာတာ ျဖစ္မယ္လို႔ ျမင္ပါတယ္” ဟု ဗိုလ္မွဴးၾကီး Naw Bu ဆိုပါတသည္။

အဆိုပါ တိုက္ပြဲျဖစ္ပြားေသာနယ္ေျမကေန တပ္မေတာ္စစ္ေၾကာင္းမ်ား စေနေန႔ထိ ဆုတ္ခြာျခင္း မရိွဘဲ ေနာက္ထပ္စစ္ကူမ်ား တက္လာမည့္ သတင္းမ်ားထြက္လာေသာေၾကာင့္ Man Kawng ရြာသားမ်ား ေနရပ္ မျပန္ႏိုင္ဘဲ စစ္ေရွာင္ေနရလွ်င္ စစ္ေရွာင္ ရြာသား ၂၀၀ ေက်ာ္အတြက္ အေရးေပၚ အစားအေသာက္ႏွင့္ ေဆး၀ါးမ်ား လိုအပ္လာမည္ျဖစ္သည္ဟု လုံျခံဳေရးအရ အမည္မေဖာ္လိုသူ Man Kawng ရြာလူၾကီး တစ္ဦး စေနေန႔ နံနက္ပိုင္း ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

Show More

Related Articles

Back to top button