MNDAA
-
Oct- 2024 -31 Octoberဖမ်းဆီးခံရမှု
အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန် မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။ အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
29 Octoberသတင်း
နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ “ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ “ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊ အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ By- ဂျာဘောက်ရာ
Read More » -
11 Octoberသတင်း
မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ
ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…
Read More » -
Sep- 2024 -16 Septemberသတင်း
ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့ သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။ ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။ မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါတယ်။ “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါတလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျအုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မုံးပေါ်ဒေသ မုံယာ(Mungya)၊ မုံးဟောမ်(Mungghawm)ကျေးရွာမှာ KIO အဖွဲ့လိုက်ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေးသတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းတွေကို ကိုးကန့်တပ် MNDAA ကအင်အားနဲ့ အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လောက်ကိုင်ဘက်သွားလမ်း နမ့်ဂျရပ်(Nam Jarap) ကျေးရွာမှာ KIO ရဲ့ မူးယစ်တိုက်ဖျက်ရေးဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေးကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကိုတရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်းအတူရှိတယ်။ အဲဒီအချိန်တုန်းက ဥပမာ ကိုးကန့်တွေရွာထဲဝင်မယ်ဆိုရင် KIA ဆီခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ရမယ်၊ ဘယ်မှာနားမယ်၊ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ရတာဖြစ်တယ်။ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကျတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲအုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့။ ဒီမှာ အရင်ဆုံးဖြစ်တဲ့ပြဿနာက စျေးတန်းမှာအခွန်ကောက်တဲ့ကိစ္စမှာ အချင်းချင်း ပစ်ခတ်ခါနီးအထိဖြစ်လာကြတာ၊ အဲလိုတွေဖြစ်ကြတာဟုတ်တယ်။”လို့ မုံးပေါ်ဒေသခံ မိုင်ဖန်ရွာကဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးကိုး၊ မုံးပေါ်ဒေသကို ကိုးကန့်တပ် MNDAA ဘက်ကသိမ်းလိုက်ပြီးနောက် မူးယစ်ဆေးဝါးချက်လုပ်တဲ့လုပ်ငန်းနေရာတွေလည်း ထပ်တိုးလုပ်ဆောင်လာတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့ကို KNG သတင်းဌာနမှသီးသန့်ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးကန့်ကွက်တိုက်ထုတ်တွန်းလှန်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်စနစ်နဲ့ ပိုပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ အုပ်ချုပ်နေတာကြောင့် ဒေသခံတွေမလိုလားကြတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Aug- 2024 -7 Augustသတင်း
လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို
ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။ လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲစတင်ဖော်ဆောင်လိုက်ပြီး မြို့တွင်းရပ်ကွက်နေ ပြည်သူတွေက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းတစ်ခုလုံးကို တော်လှန်တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် လားရှိုးဒေသခံတစ်ချို့မြို့ထဲကို ပြန်ဝင်နေကြပြီလို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကြားရသလောက်က တစ်ချို့က ပြန်ကြပြီတဲ့။ အခြေအနေက သွားနေလို့တော့ မရသေးဘူး။ ဒါပေမယ့် အနေခက်တော့ ပြန်ကြတာလို့ကြားတယ်။ တစ်ချို့က သွားနေတာမဟုတ်ဘဲနဲ့ အိမ်ပြန်ကြည့်ကြတယ်လို့လည်းပြောတယ်။ ပန်ရှောင်းဘက်ကနေ သူတွေက ပြန်ဖို့ပြောဆိုလာတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့က မပြန်ဖြစ်သေးဘူး”လို့ပြောပါတယ်။ လားရှိုးမြို့တစ်ခုလုံး အပြီးသတ် သိမ်းပိုက်လိုက်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒေသခံတွေက မြို့ထဲကို ပြန်လာကြတာလည်းဖြစ်ပါတယ်။ အခုလို လားရှိုးဒေသခံတွေ မြို့ထဲပြန်လာနေထိုင်ကြတဲ့ပတ်သက်ပြီး နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလိုဆက်ပြောပါတယ်။ “ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်လာကြတာဟုတ်တယ်။ ပြန်ကြတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်သေးဘူး။ လားရှိုးအနီးမှာ တိမ်းရှောင်နေကြတဲ့ သူတွေလောက်ပဲ ပြန်ကြသေးတာပါ။ အဲကြောင့် တစ်ချို့က ပစ္စည်းတွေ ပြန်သယ်ယူပြီး ထွက်လာတဲ့ သူတွေလည်း ရှိသလို တစ်ချို့က အပြီးပိုင် ပြန်နေထိုင်ကြတာလည်းပါတယ်”လို့ပြောပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားပြီး မြို့ထဲကို ပြန်ဝင်လာကြတဲ့ ဒေသခံတွေဟာ မိုင်းရေး(Maire) ၊ ဆင်လီ(Sinli)၊ ပန်ရှောင်း(Pang Shau) ၊ မုံးယော် စတဲ့ လားရှိုးမြို့နဲ့ အနီးထွက်ပြေးတီမ်းရှောင်နေသူတွေဖြစ်တယ်လို့ သိရပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ကွတ်ခိုင် စတဲ့ မြို့ပေါ်ဘက်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူတွေက စစ်ရေးတည်ငြိမ်မှုမရှိသေးတဲ့အတွက် ပြန်လာဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ လားရှိုးမြို့နဲ့ အနီးမှာရှိတဲ့ မိုင်းရေးဒေသမှာ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းကလည်း တိုက်ပွဲတွေရှိနေသေးတာကြောင့် လားရှိုးက လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ချို့က ထပ်မံတိမ်းရှောင်ရတယ်လို့လည်း ဆက်သိရပါတယ်။ လက်ရှိ လားရှိုးမြို့တစ်ခုလုံးကို ကိုးကန့် MNDAA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ကနေ စစ်လေယာဉ် လာရောက်ပျံဝဲတာတွေရှိနေသေးတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးတိုက်ပွဲမှာ လားရှိုးမြို့ထဲ ရပ်ကွက် ၁၂ ခုလောက်ရှိတဲ့ထဲမှာ ရပ်ကွက်အားလုံးနီးပါးက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ အတူ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် မြို့တွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်ထားတဲ့မြို့တစ်ချို့မှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2024 -29 Julyသတင်း
လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ
ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA တပ်တွေဟာ ပရဟိတအဖွဲ့ဝင်တွေ နောက်ထပ် ရောက်လာမယ်ဆိုရင်သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပရဟိတလူငယ်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “လားရှိုးမြို့ထဲ ဝင်ခွင့်မပေးဘူး ဝင်ကြိုခွင့်လည်းမပေးဘူး။ မြို့တွင်းထဲမဟုတ်ပဲ မြို့ပြင်မှာပဲ ဒုက္ခသည်တွေ လမ်းလျှောက်ပြီးထွက်လာတာကို ကျနော်တို့လှမ်းမြင်နေရပြီ အဲဒါကိုသွားကြိုခွင့်မပေးဘူး။ ပရဟိတ လိုဂို၊တံဆိပ်တွေအကုန်ပါတယ်။ အဲဒါကို ကျနော်တို့ကို လက်ခလယ်ထောင်ပြတဲ့အဆင့်ထိလုပ်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်ခွင့်မပေးဘူး။ သူတို့က နောက်တစ်ခါမလာနဲ့ လာရင်ပစ်သတ်မယ်ဆိုတဲ့အဆင့်ထိ ကျနော်တို့ ခြိမ်းခြောက်ခဲ့တယ်။ ကျနော်တို့က တောင်ပိုင်းကနေ မြောက်ထိသွားတယ်ဆိုတော့လေ မလွယ်ဘူးလေဗျာ။” လို့ လက်ရှိ လားရှိုးစစ်ရှောင်တွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ ပရဟိတအဖွဲ့ ကား ၇ စီးနဲ့ လားရှိုးမြို့ထဲကနေ လမ်းလျှောက်ပြီးပြေးလာတဲ့ ဒုက္ခသည်ပြည်သူတွေကိုကယ်ထုတ်ဖို့ တောင်ကြီးဘက်ကနေလာခဲ့ပေမယ့် လားရှိုးဝင်ခါနီးဂိတ်မှာတင် ပိတ်ပင်ခံလိုက်ရပြီး MNDAA ဘက်က ပြန်ခေါက်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ လားရှိုးမြို့ တိုက်ပွဲဖြစ်ပွားစဖြစ်ကတည်းက ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားကားတွေ ဝင်ခွင့်ပိတ်ပေးလိုက်ပြီး လူမှုကယ်ဆယ်ရေးအသင်းကိုတော့ ဒုက္ခသည်ပြည်သူတွေကို ကယ်ထုတ်ခွင့်ပေးခဲ့ပေမေယ့် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း မြို့ထဲဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်တို့ကတော့ ရှုံ့ချတယ်။ ဘာလို့ဆို တော်လှန်ရေးဆိုတာကျနော်တို့နားလည်တယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေကိုတော့ သူတို့ကယ်ထုတ်ခွင့်ပေးသင့်တယ်။”လို့ ပရဟိတ လူငယ်ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ သေဆုံးနေတဲ့ပြည်သူအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ပရဟိတတွေမရှိတော့တာကြောင့် အကူအညီတောင်းခံတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ လားရှိုးမြို့ထဲကနေ အရပ်သားပြည်သူ ၉၀ ရာခိုင်နှုန်း စစ်ရှောင်သွားပြီး မြို့တွင်းမှာ ပြည်သူအနည်းအကျဉ်းကျန်နေသေးသလို လက်ရှိထိ တိုက်ပွဲကြာ လမ်းလျှောက်ပြီး ဆက်လက်ထွက်ပြေးနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်အစောပိုင်း လားရှိုးစစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကားသမားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အလားတူဘဲ စစ်ရှောင်လာတဲ့ အရပ်သားလူငယ်တွေ ကို စစ်သားစုဆောင်း ဖမ်းခေါ်တာတွေလုပ်နေပြီး စစ်ရှောင်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဇူလိုင် ၂၉ ဒီနေ့မနက်ထိ လားရှိုးမြို့ ပန်းခြံနဲ့ မန်ဆူဘုရားနားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၈ မနေ့ည စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာကြောင့် အရပ်သား ၅ ဦးထပ်မံသေဆုံးမှု ရှိတယ်လို့ ထွက်ပြေးလာသူ အရပ်သားတွေဆီကနေ သိရပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြား လားရှိုးအကျဉ်းထောင်မှာ လက်နက်ကြီး ၂ ကြိမ်လောက်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် ဇူလိုင် ၂၈ ရက်နေ့မှာ အကျဉ်းဦးစီးဌာနကနေ လွတ်ရက်စေ့ပြီဖြစ်တဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အမှုထမ်းတွေနဲ့ ဆက်သွယ်နေသူက ပြောပါတယ်။ လားရှိုးထဲကနေ စစ်ရှောင်လာတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လားရှိုးကို MNDAA က အလုံးစုံထိန်းချူပ်လိုက်တဲ့ အနေအထားထိမရှိသေးပဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင် အကျဉ်းထောင်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီး အကျဉ်းသားအားလုံးကိုလွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကလည်း မှန်ကန်မှုမရှိဘူးလို့ အကျဉ်းထောင်အမှုထမ်းနဲ့ ဆက်သွယ်နေသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ လားရှိုးမြို့ထဲမှာ UWSA ၀ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ၂၀ ခန့် ဝင်ရောက်နေတာဖြစ်ပြီး လက်ရှိလားရှိုးမြို့တွင်း၊မြို့ပြင်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းအားလုံး ပြတ်တောက်နေတာကြောင့် သတင်းအချက်အလက်အတိအကျ သိရှိနိုင်ဖို့လည်း ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ
Read More » -
24 Julyသတင်း
လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးအကျဥ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂၊ ခမရ ၅၀၇ ရှိတဲ့ ရပ်ကွက် ၅ နဲ့ ခလရ ၆၈ တပ်ရင်း အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နေ့လည်ပိုင်းအထိ အကျဥ်းထောင်နားမှာတိုက်ပွဲကထပ်ဖြစ်နေတုန်းပဲ။ အကျဥ်းထောင်ပေါက်သွားတယ် ဆိုတာတော့မရှိသေးဘူး။ ရပ်ကွက် ၁၂ အကျဥ်းထောင်ဘက်ပေါ့လေ။ ၆၈ တပ်ရင်းကတော့ ကျပြီလို့ ပြောဖို့ ခက်နေတယ်။ ဆုတ်လိုက် ပြန်ဝင်လိုက် နှစ်ဖက်လုံးကအဲ့လိုဖြစ်နေတော့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာထုတ်မှပဲ အတည်ပြုနိုင်မယ်” လို့ပြောပါတယ်။ တစ်ဖက်မှာတော့ ခလရ ၄၁ တပ်ရင်းကို သိမ်းပိုက်ချိန် စစ်ကြောရေးရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ချို့ နဲ့ တစ်ခြားနိုင်ငံရေးအမှုနဲ့ဆက်စပ်သူတွေလွှတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လွတ်မြောက်လာတဲ့ အကျဥ်းသားတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ချို့လည်းပါဝင်ပြီး အတည်ပြုလို့ရတဲ့အကျဥ်းသားဦးရေကတော့ ၄ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ “ခလရ ၄၁ ကျသွားတော့ စစ်ကြောင်ရေးမှာရောက်နေတဲ့ အကျဥ်းသား တချို့တော့ပြန်လွှတ်လာတယ်။ အရေအတွက်တော့အတိအကျတော့မသိဘူး။ ဒါပေမဲ့ လက်နက်မှုတွေကြောင့်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံရေး နဲ့ ဆက်စပ်ပြီးဖမ်းခံရသူတွေပါတယ်။ ကျနော်တို့သိတာကတော့ ၄ ယောက်သေချာတယ်။ ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိအပစ်ရပ်မယ့်ကြေညာချက်ကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကဘဲကြေညာခဲ့တာဖြစ်ပြီး တအာင်းတပ်မတော် TNLA ဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်လာတာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ မတွေ့ရသေးပါဘူး။ လားရှိုးမြို့က ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား မြို့တွင်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေရှိပြီး အရပ်သား သေဆုံးမှုတွေလည်းရှိနေဆဲဖြစ်သလို နေအိမ်ပျက်စီးဆုံးရှုံး မှုကလည်းမြင့်တက်နေဆဲလို့ ဒေသခံတွေ နဲ့ လူ့အခွင့်ရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။ By – အမိုး
Read More » -
23 Julyသတင်း
လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ဒါ့အပြင် လားရှိုးမြို့တစ်ဝှိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့ ကိုးကန့်တပ်…
Read More » -
23 Julyသတင်း
လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
“မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။
Read More » -
22 Julyသတင်း
လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ
လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပြင်နဲ့ မြို့ထဲထိ ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာကြောင့် ဇူလိုင် ၂၂ ရက်နေ့ မြို့ထဲကနေစွန့်ခွာထွက်ပြေးနေသူ ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “လက်ရှိအခြေအနေက မြို့ထဲကို ကိုးကန့် MNDAA ဝင်ရောက်နေပြီ။ ကျနော်တိုလည်း မြို့ပြင်ရောက်သွားပြီ။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်။ မြို့ထဲတချို့ရှိသေးတယ်။ မထွက်ပြေးပဲ ရှိနေမယ်ဆိုတဲ့သူတွေ ရှိနေတယ်။ အားလုံးနီးပါးထွက်ပြီ။ မနေ့ကမနက်မြို့ထဲ လက်နက်ကြီးကျလို့ အများအပြားထိခိုက်တာ တွေ့ခဲ့လိုက်တယ်။ လမ်းမှာလည်း ပြည်သူတွေစစ်ရှောင်ထွက်နေကြချိန် လက်နက်ထိသူတွေရှိတယ်။ ထွက်ခွာသူတွေက ဒီနေ့တစ်နေ့လုံးလည်း ထွက်နေကြဆဲပဲ။” လို့ လားရှိုးမြို့ထဲကနေ ထွက်ပြေးနေသူပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ မနေ့က လားရှိုးမြို့ထဲ လက်နက်ကြီးထပ်ကျလို့ အရပ်သားပြည်သူအများအပြား ထပ်မံ ထိခိုက်သေဆုံးကြောင်း သိရပေမဲ့ အသေးစိတ်မသိရှိရသေးတဲ့အပြင် ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဧဒင်ဘုရားကျောင်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းပျက်စီးသွားပါတယ်။ တစ်ဖက်မှာ မြို့စွန့်ခွာထွက်ပြေးနေသူတွေမှာလည်း လမ်းခရီးမှာ လက်နက်ထိမှန်တာတွေရှိနေတဲ့အပြင် ကိုးကန့် MNDAA က ပစ်ခတ်လို့ အသက်သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေထဲက လူငယ်၊လူလတ်တွေကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်သားစုဆောင်းတာတွေ၊ စစ်ရှောင်လာတဲ့သူတွေရဲ့ ကား၊ဆိုင်ကယ် ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေ၊ စစ်ရှောင်ကူညီရေးကားတွေကို ပစ်ခတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေကြောင်း ဆက်လက်သိရပါတယ်။ လက်ရှိ မြို့ထဲကနေ မထွက်ပြေးပဲကျန်နေတဲ့ ဒေသခံပြည်သူတစ်ချို့ကိုတော့ ကိုးကန့် MNDAA က ကာကင်းစခန်းတွေအတွက် ကတုတ်ကျင်းလိုက်လံတူးခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “လားရှိုးစစ်ပွဲက ကြာအုံးမယ်ထင်တယ်။ စစ်တပ်လည်း ထောက်ပို့ဆက်တိုက်ဖြည့်နေဆဲပဲ။ လေယာဉ်နဲ့ ဆက်တိုက်ဖြည့်နေတယ်။ ကို့ကန့်တပ်ဖွဲ့လည်း မြို့ထဲကို ထိုးစစ်ဆင် ဝင်နေဆဲပဲ။” လို့ ထွက်ပြေးနေသူ ဒေသခံကဆက်ပြောပါတယ်။ မြို့ထဲကို ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင် ဝင်ရောက်နေရာယူနေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ စစ်အင်အားဖြည့်တာတွေလုပ်နေတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ထဲကနေ ပြည်သူ အားလုံးနီးပါး ခြေလျင်၊ ကား၊ဆိုင်ကယ်တွေနဲ့ လားရှိုးမြို့ထဲကနေ တောင်းကြီးဘက်ကို ထွက်ပြေးစစ်ရှောင်နေပြည်သူ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။ “အိုး…လုံးလုံးမရဘူး။ ဆက်နေနေလို့ကိုမရဘူး။ လားရှိုးမှာ ဖုန်းလိုင်းလည်းပြတ်တောက်နေတယ်။ လမ်းလျှောက်တာနဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ ကိုယ့်ဟာနဲ့ကိုယ်တတ်နိုင်သလိုထွက်နေတယ် မရှောင်ဘူးလို့ကျန်နေတဲ့ ကျနော့အသိဆွေမျိုးတွေလည်း အားလုံးရှောင်ပြီ။ လားရှိုးမြို့ကနေ ဘယ်မှမထွက်ဘူး အနှစ် ၆၀ ရှိပြီ ဆိုတဲ့အဘိုးတွေလည်း အကုန်ထွက်ပြီ” လို့ သူကပြောပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ပြင်ဘက် နောင်လဲန်ကျေးရွာမှာ ရွာသားအားလုံးနီးပါး ထွက်ပြေးနေပေမယ့် အိမ်မှာကျန်ရှိနေသေးတဲ့သူတစ်ချို့လည်းရှိနေသေးတယ်လို့ နောင်လဲန်(Nawngleng)ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကတော့ အခုလို ပြောဆိုပါတယ်။ “ဝက်အများကြီးမွေးထားတော့ ဒီတိုင်းပစ်ထားလို့မရတာကြောင့် ဘေးပတ်ဝန်းကျင် တစ်ယောက်တစ်လေရှိနေသေးတော့ ကိုယ်လည်းရှိနေသေးတယ်။ ကတုတ်ကျင်းတွေတူးထား၊ အိပ်ခန်းမှာ ကုတင်ပေါ်မွေ့ယာအထူတွေတင်လိုက်ပြီး ညဆိုအဲ့အောက်မှာအိပ်တယ်။ သေနတ်သံအရမ်းဆူညံလာရင် ကတုတ်ကျင်းထဲပြေးဝင်လိုက်နဲ့ နေနေတယ်။ ပလောင်၊ ရှမ်း ၊ ဗမာ တို့ တချို့ဆို ထွက်ပြေးပြီး သွားဒုက္ခကြုံကြတာကြောင့် ပြန်ခေါက်လာသူတွေလည်းရှိတယ်။ ထွက်ပြေးနေစရာမရှိ၊ တောကျောက်ဆောင်တွေထဲပဲ လိုက်ပုန်းအောင်းကြသူတွေက အစားအသောက်ကုန်လာလို့ ပြန်လာကြတယ်။” လို့ အိမ်မှာကျန်နေသေးတဲ့ နောင်လဲန်( Nawngleng) ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး ၄ ရက်တာ အပစ်အခတ်ယာယီရပ်စဲဖို့ ကိုးကန့် MNDAA ဘက်က ထုတ်ပြန်ခဲ့ပြီးနောက် ၄ ရက်ပြည့်ပြီး ဇူလိုင် ၁၉ ရက်နေ့ကစလို့ လားရှိုးမြို့ထဲကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းခွဲပြီး ထပ်မံ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းတည်ရှိရာ နေရာတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေကြသလို စစ်ကောင်စီက ကိုးကန့်ထိန်းချူပ်ရာနေရာတွေထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြှင့်တက်နေပြီး ဘာသာရေးအဆောက်အအုံများ၊ ကျောင်းဆောင်များ၊ နေအိမ်အမြောက်အများထိခိုက်ပျက်စီးနေရကြောင်း ဒေသခံပြည်သူတွေ ပြောပါတယ်။ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စစ်ကောင်စီတပ်ကို အပြင်းအထန် တိုက်ခိုက်ဝင်ရောက်လာရာ တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအားလုံးလည်း တောင်ကြီး၊ မန္တလေးနဲ့ နမ္မတူ၊ ကွတ်ခိုင်၊ ၀ ပြည် စသဖြင့် နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့တိုက်ပွဲကြောင့် တအာင်း TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့် MNDAA စသဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချူပ်နေတဲ့ ကွတ်ခိုင်၊ သိန္နီ၊ လောက်ကိုင်၊ နမ့်ဖတ်ကာ၊ ကောင်းခါးမြို့၊ လွယ်ခမ်း ၊ နမ့်ခမ်း၊ တာမိုးညဲ နဲ့ အခြားလေကြောင်းအန္တရာယ်စိုးရိမ်ရတဲ့နေရာတွေမှာ စာသင်ကျောင်းအားလုံး ပိတ်ထားတယ်လို့ ဆက်လက်သိရပါတယ်။ By –…
Read More »









