MNDAA

  • Jul- 2026 -
    9 July
    သတင်း

    တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့

    ကွတ်ခိုင်မြို့နယ် တာမိုးညဲသွားလမ်းပေါ်ရှိ KIA ဂိတ်တစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး KIA တပ်သားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကာ နှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကွတ်ခိုင်မြို့ကနေ မိနစ် ၃၀ လောက်အကွာအဝေးရှိ မော်ဟန်ကျေးရွာအဝင်မှာရှိတဲ့ KIA ဂိတ်ကို MNDAA တပ်ဖွဲ့က ဇူလိုင်လ ၈ ရက်နေ့  မနက် ၁၁ နာရီခွဲလောက်မှာ အင်အား ၆၀ ခန့်နဲ့ ရောက်လာပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့တာလို့သိရပါတယ်။ အဲဒီနောက် ဇူလိုင်လ ၉ ရက်နေ့ ဒီနေ့ညမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပြင်မှ တာဝန်ရှိသူ လူကြီးတွေအချင်းချင်းတွေ့ဆုံညှိနှိုင်းဖို့ သဘောတူထားတယ်လို့ KIA နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူတို့က မနေ့ကမနက်တစ်ခါးတည်းရောက်လာပြီး ဂိတ်မှာရှိတဲ့ KIA တပ်သားကိုလည်း ရိုက်လိုက်လို့ ခေါင်းမှာ ဒဏ်ရာရသွားသေးတယ် ဆိုတော့ အဲမှာ နည်းနည်းရှုပ်ကြတယ်။ ဒီနေ့ညမှ သက်ဆိုင်ရာလူကြီးတွေ အချင်းချင်းတွေ့ဆုံဖို့ လုပ်ထားတယ်လို့ ပြောတယ်။” လို့ KIA နဲ့နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။ ဖြစ်စဉ်မှာ အရပ်ဝတ်နဲ့ ဖြတ်လာတဲ့ ကိုးကန့် MNDAA အရာရှိတစ်ဦးရဲ့ကားကို KIA ဂိတ်စခန်းမှာ တားဆီးငွေကောက်လိုက်တဲ့နောက် အထက်အမိန့်လို့ဆိုကာ ရောက်လာပြီး ဂိတ်ကိုဖယ်ရှားဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ KIA တပ်သားတစ်ဦးရဲ့ ဦးခေါင်းကို ရိုက်လိုက်တာကြောင့် ၎င်းတို့မှားကြောင်း ဝန်ခံပြောဆိုတာတွေတော့ရှိတယ်လို့ ဆိုပါတယ်။ KIA နဲ့ကိုးကန့်တို့ အငြင်းပွားခဲ့တဲ့ ဂိတ်နေရာက KIA တပ်မဟာ (၁၀) အောက် ကွတ်ခိုင် နဲ့ တာမိုးညဲကြားရှိ မော်ဟန်ရွာအဝင်က KIA ဂိတ်စခန်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မော်ဟန်ဂိတ်စခန်းမှာ KIA ဆက်လက်နေရာယူထားပြီး ကိုးကန့်ဘက်ကလည်း မနေ့က ပြန်သွားပြီးနောက် ဒီနေ့ညနေမှ လူကြီးတွေပြန်လာကာ ဆွေးနွေးဖို့သဘောတူထားခဲ့ကြောင်းပြောပါတယ်။ “MNDAA ဘက်က ခရိုင်မှူးတွေက ဂိတ်ကိုသွားဖျက်ဆီးဖို့ပဲပြောလိုက်တာတဲ့။ အဲဒါကို သူတို့က ကိုယ်ထိလက်ရောက်လည်းလုပ်လို့ အဲလိုဖြစ်သွားတာ။ ဒီညမှ ဖြေရှင်းကြမယ်တဲ့။ ဂိတ်မှာတော့ KIA တွေဆက်ရှိနေတယ်။ အခု ဖျက်ဆီးလိုက်တာတွေကိုတောင် ကိုးကန့်တွေကို ပြန်လျော်ပေးဖို့ လုပ်ပေးဖို့ ပြောထားတာဟုတ်တယ်။” ဟု KIA နဲ့နီးစပ်သူသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို TNLA ထိန်းချုပ်ရာမှ ကိုးကန့် MNDAA ဘက်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် လားရှိုး– မူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်တွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း KIA ဟာ နမ့်ဖတ်ကာမြို့ အဝင်အထွက် ဂိတ်တွေနဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့နေရာက ပြည်ထောင်စုလမ်းမပေါ်ရှိ ဂိတ်တချို့ကို လမ်းရှင်းထားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်၊ မုံးကိုးတိုက်နယ် နဲ့ နမ့်ဖတ်ကာ ၊ နမ့်အွမ် ၊ တီးမား စတဲ့နယ်တစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်အတိုင်းလည်ပတ်နေပြီး ကိုးကန့် MNDAA လည်း အတူဒွန်တွဲလျက် လှုပ်ရှားနေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jun- 2026 -
    26 June
    ပညာရေးကဏ္ဍ

    ကွတ်ခိုင်မြို့ရှိ စာသင်ကျောင်းတွေမှာ သင်ကြားမှုအချိန်ဇယားနှင့် ဘာသာရပ်ပြောင်းလဲမှုများကြောင့် စိန်ခေါ်မှုများရှိနေ

    ရှမ်းမြောက် ကွတ်ခိုင်မှာ ပညာသင်ကြားတဲ့စနစ် မကြာခဏပြောင်းလဲနေမှုကြောင့် ကျောင်းသား၊သူများအတွက် စာသင်ယူရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

    Read More »
  • May- 2026 -
    15 May
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    နမ့်ခမ်းမှာ မြေရှားစမ်းသပ်ရှာဖွေနေမှုကို ဒေသခံတွေ ကန့်ကွက်စာ တင်ထား

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို မြေရှားသတ္တုတူးဖော်ဖို့ ကိုးကန့်တပ်ဖွဲ့က စမ်းသပ်တူးဖော်ရေးတွေ လိုက်လံလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ နမ့်ခမ်းမြို့ကနေ ကား၊ဆိုင်ကယ်နဲ့ တစ်နာရီဝန်းကျင်အကွာအဝေးမှာရှိတဲ့ ၀လိုင်းကျေးရွာ ဆင်လီဘွမ်တစ်ကြောကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံတွေကို အသိမပေး ညှိနှိုင်းခြင်းမရှိပဲ ရွာခံတွေမသိအောင် မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်ဝင်ရောက်နေခဲ့တာလို့ ၀လိုင်းကျေးရွာဒေသခံတွေက ပြောပါတယ်။ “သူတို့က ရွာသားတွေကို ဘာမှအသိပေး ညှိနိုင်းတာမရှိပဲ လိုက်စမ်းသပ်တူးဖော်နေတာဖြစ်တယ်။ အခု သူတို့လိုက်စမ်းတူးပြီး မြေရှားထွက်နှုန်းရှိရင်တော့ တူးဖို့စီမံကိန်းရှိတဲ့အနေအထားဖြစ်တယ်။ ရွာက လူကြီးတွေက ကိုးကန့်ကို မတူးပေးဖို့ မစမ်းသပ်ဖို့ သွားပြောတော့ သူတို့က စစ်သားတွေအဖွဲ့လိုက်နဲ့ အင်အားနဲ့ပြန်လာပြီး ဆက်တူးနေကြတာ။ ဒါကြောင့် ဒေသခံတွေ ကန့်ကွက်စာ ထပ်ထည့်ထားတယ်။” လို့ နမ့်ခမ်းမြို့နယ် ၀လိုင်းကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ကျော်ကစပြီး ဆင်လီဘွမ်တစ်ကြောကို မြေရှားတူးဖို့ ကိုးကန့်တပ်ဖွဲ့တွေ ရွာခံတွေကို အသိမပေးပဲ စတင် ဝင်ရောက် စမ်းသပ် တူးဖော်လာတာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေ မြေရှားစမ်းသပ်တူးဖော်နေကြတာကို ဧပြီလ ၂၉ ရက်နေ့မှာ ရွာခံတွေ သွားရောက်တွေ့ရှိခဲ့ပြီးနောက် လုပ်ငန်းကို ရပ်တန့်ပေးဖို့ ကျေးရွာတာဝန်ရှိသူတွေက သွားရောက်တောင်းဆိုခဲ့ပေမယ့်  ကိုးကန့်ဘက်က လုံခြုံရေးအပြည့်နဲ့ ဆက်လက်တူးဖော် နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ထပ်မံပြီး ဒေသခံတွေက  ကိုးကန့်တပ်ဖွဲ့ဆီ ကန့်ကွက်စာတင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့နယ်ရှိဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေးကိုသာ အဓိက မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာကြောင့် အခုလို မြေရှားသတ္တုဆိုဒ်တွေ ဝင်ရောက်လာပါက ရေ၊ မြေ၊ တောတောင်တွေ အဆိပ်သင့် ပျက်စီးပြီး ဒေသခံတွေ လုပ်စားရာမြေနေရာ ပျက်စီးလာမှာကို စိုးရိမ်တာကြောင့် အဓိက ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ဒီဒေသတွေက လုပ်ကိုင်စားသောက်ရာနေရာတွေ သိပ်မရှိဘူးလေ။ တောတောင်တွေ အဲလောက်သိပ်မရှိတာကို သူတို့က မြေရှားသတ္တုတူးလိုက်မယ် ဆိုရင် သောက်သုံးရေတွေ ပျက်စီးသွားမယ်၊ စားကျက်မြေတွေ ဆုံးရှုံးလာမယ်။ ဒါကြောင့် ကန့်ကွက်တာဖြစ်တယ်။” လို့ ၀လိုင်းရွာခံ အမျိုးသားက ဆက်ပြောပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ တအာင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ကို လက်နက်အင်အားနဲ့ အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိ မန်တုံဘက်မှာလည်း ကိုးကန့် MNDAA ၊ TNLA နဲ့ UWSA လက်နက်ကိုင်တွေဟာ ၀ကုမ္မဏီ  ၊ တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ  မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေ ဖွင့်ကာ လုပ်ငန်းလုပ်ဆောင်နေပြီလို့ ဆက်လက်သိရပါတယ်။ လက်ရှိ ကိုးကန့် MNDAA ဟာ မန်တုံ – နမ့်ခမ်းတစ်ကြော စမ်းသပ်တူးဖော်ရေးတွေ လုပ်ဆောင်ပြီးသလောက်ရှိနေပြီဖြစ်ပြီး ဟိုနမ့်ရွာ – ၀လိုင်းရွာ ဆင်လီဘွမ်တစ်ကြောဆီ ရောက်ရှိလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က မြေရှားလိုက်စမ်းတူးပြီး ရှိတယ်ဆိုရင်တော့ ပြည်သူတွေ သဘောမတူဘူးဆိုလည်း အတင်းအဓမ္မတူးဖို့ လုပ်နေတဲ့အနေအထားဖြစ်တယ်။ ပြည်သူတွေကို ဘာမှမကြောင်းမကြား၊ ညှိနှိုင်းတာလည်းမရှိ သွားပြောလည်း စစ်သားတွေ လုံခြုံရေးအင်အားထပ်ဖြည့်ပြီး စမ်းတူးနေတာဖြစ်တယ်။ ဒေသခံတွေက မရရအောင် ကန့်ကွက်သွားမှာ ဖြစ်တယ်။”  လို့ ၀လိုင်းကျေးရွာ ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။    အဲဒီ နမ့်ခမ်း – ဆင်လီဘွမ် တစ်ကြောနေရာမှာ အရင်ကလည်း တအာင်းတပ်ဖွဲ့ TNLA က မြေရှားသတ္တုတူးဖော်ဖို့ လုပ်ငန်းဆိုက် အဆောင်တွေ ဆောက်လုပ်ပြီးခဲ့ပြီဖြစ်ပေမယ့် ဒေသခံတွေ သဘောမတူ ကန့်ကွက်ခဲ့ကြတာကြောင့် လုပ်ငန်းပြန်ရုတ်သိမ်းလိုက်တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထပ်မံပြီး မြေရှားတူးဖော်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကာ TNLA ထိန်းချုပ်နယ်မြေတွေမှာ အတင်းလိုက်လံတူးဖော်နေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံက ပြောဆိုနေပါတယ်။ နမ့်ခမ်းမြို့နယ်ဟာ လက်ရှိ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ကချင် နဲ့ ထိစပ်နေတဲ့…

    Read More »
  • Apr- 2026 -
    27 April
    သတင်း

    ကွတ်ခိုင်မှာ တအာင်းစာ‌ပေနဲ့အလံသုံးခွင့် ကိုးကန့်ကပိတ်ပင်ထား

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကျေးရွာတွေမှာ ကိုးကန့်တပ်က တအာင်း(ပလောင်)စာပေနှင့် အလံတွေအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Read More »
  • 23 April
    သတင်း

    KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောက်ယှက်တာမလုပ်ဖို့ ကိုးကန့်နဲ့ သဘောတူထား

    ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အနှောက်အယှက်ပြုတာမျိုးတွေ မလုပ်ဖို့ KIO နဲ့ MNDAA နှစ်ဖွဲ့ ဆွေးနွေး ညှိနှိုင်းထားတယ်လို့ သိရပါတယ်။ KIO အုပ်ချုပ်နေတဲ့ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်…

    Read More »
  • Mar- 2026 -
    19 March
    သတင်း

    တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး

    တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။ “လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး”လို့PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။    မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။ ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။   ဒေသခံတွေပြောဆိုချက်အရ  ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 17 March
    သတင်း

    ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်စခန်းတွေဖယ်ပေးဖို့ ဖိအားပေးခံနေရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုပါတယ်။ မတ်လ ၁၆ ရက်နေ့ နေ့လည်လောက်ကစပြီး KIO ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ လမ်းမတစ်ကြောရှိ…

    Read More »
  • 16 March
    သတင်း

    ကွတ်ခိုင်မြို့ ကိုးကန့်ထိန်းချုပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်လုပ်နေ

    ကွတ်ခိုင်မြို့နယ်အားလုံးကို ကိုးကန့်တပ် MNDAA တပ်က သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုပြီး မြို့ပြင်တွေမှာ ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကွတ်ခိုင်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ TNLA တပ်ချထားတဲ့နေရာအားလုံးကို ကိုးကန့် တပ် MNDAA က…

    Read More »
  • Feb- 2026 -
    27 February
    သတင်း

    ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ

    ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီမနောပွဲတော်ဖြစ်မြောက်ဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နှစ်ကစပြီး နှစ်စဉ် ဒေသခံကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို ဆက်တိုက်တွန်းအားပေးတောင်းဆိုခဲ့ရာ ဒီနှစ်မှာတော့ မနောပွဲဖြစ်မြောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ် ကချင်ရိုးရာမနောပွဲကို မုံးကိုးမြို့တွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစပြီး ၂၄ ရက်နေ့အထိ မနောအိမ်တော်ဖွင့်ပွဲ နဲ့မနောပွဲတစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့အတူ ဒေသခံလူထုတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။  “တကယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအဖွဲ့လည်း မနောပွဲမလုပ်ချင်ပါဘူး။ အခုချိန်က ကျမတို့ ပြည်သူတွေလည်း အများကြီးခက်ခဲနေတဲ့အချိန်၊ သွေးစွန်းနေကြရတဲ့ကာလဖြစ်နေလို့ မနောပွဲမလုပ်သင့်လို့ ရိုးရာအဖွဲ့က အမျိုးမျိုးငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၂၆ လည်း ပြန်ပြီးသူတို့ပြောတယ် ဒီနှစ်တော့ မလွတ်တော့ဘူးပေါ့။ ကိုးကန့်ကလည်း သူတို့ အုပ်ချူပ်ခဲ့ တာ ၃နှစ်ရှိလာပြီဆိုတော့ မနောအကပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတာ။ ဒါပေမဲ့ ပွဲကတော့ အဓိကမနောအိမ်တော်ဖွင့်ပွဲ အဖြစ် မနောပွဲ ကျင့်ပခဲ့ခြင်းဖြစ်ပါတယ်”လို့ မုံးကိုးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။  မနောပွဲဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပြီး Padang manau( အောင်ပွဲခံ မနောပွဲ) Sut manau, Kungdawn manau, Hpaji manau, စသဖြင့် အဓိပ္ပာယ်လိုက် ပြုလုပ်ရတဲ့အပြင် မုံးကိုးမြို့မှာ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ မနောအိမ်တော်လည်းမရှိသေးတာကြောင့် မနောပွဲကျင်းပလို့ မရကြောင်း ရိုးရာအဖွဲ့မှ ကိုးကန့်ကို နှစ်စဉ်ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ကိုးကန့်ဘက်မှ မနောပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဆောင်ပေးဖို့ ဒေသခံရိုးရာအဖွဲ့ကို ဆက်လက်တွန်းအားပေးခဲ့ကာ လိုအပ်တဲ့မနောအိမ်တော်တည်ဆောက်ဖို့အတွက်လည်း မတင်ငွေ တရုတ်ယွမ် ၂ သိန်းကိုလည်း MNDAA ဘက်ကကူညီပေးခဲ့တာလို့ ဆိုပါတယ်။…

    Read More »
  • 24 February
    သတင်း

    နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ

    ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်တောင်းကျေးရွာဒေသခံ အိမ်ခြေ ၆ ရဲ့ ကြံစိုက်ခင်းတွေကို ကိုးကန့်တပ်သားတွေနဲ့အတူ တရုတ်လုပ်ငန်းရှင်တစ်ဦး လိုက်လံဖျက်ဆီးတာတွေလုပ်နေပြီး မြေယာပိုင်ရှင်တွေကိုလည်းသွားလာခွင့်ပိတ်ကာ အတင်းအဓ္ဓမမြေလုယူနေတယ်လို့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တရုတ် ရှားကွေ့ ဆိုတဲ့တစ်ယောက်က ကိုးကန့်ကို ငွေအများကြီးပေးလိုက်ပြီ။ ကားတွေအထိဝယ်ပေးပြီးပြီဆိုပြီး ကျနော်တို့မြေယာတွေကို လာသိမ်းနေတာ ဟုတ်တယ်။ ကျနော်တို့ကဘာမှမသိပါဘူး ကျနော်တို့သိတာက ကိုယ့်မြေကိုယ့်ယာမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိပြီဆိုပြီး ပြန်လုပ်ကိုင်နေကြတာ ဒီနေ့ ၁၀ နှစ်တောင်ရှိနေပြီ။ အခုက MNDAA ကိုးကန့်အမည်ခံပြီးအဲဒီတရုတ်လုပ်ငန်းရှင်က ကျနော်တို့ကို လာခြိမ်းခြောက် လာလုယူနေတာ အခု သူတို့သိမ်းယူထားတဲ့မြေတွေမှာ ကော်ဖီတွေ စိုက်ပျိုးနေကြတယ်။ ကျနော်တို့က ကြံစိုက်ပျိုးထားတော့ ၄ နှစ်၊ ၅နှစ်စာအတွက် စိုက်ပျိုးထားတာဖြစ်တယ်။ အခုက အဲဒီမြေယာတွေကို လာလုနေတာဖြစ်တယ်”လို့မြေယာလုယူခံလိုက်ရတဲ့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်က ကြံခင်းစတင်ရိတ်သိမ်းတဲ့အချိန်ကစပြီး ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ အဲဒီတရုတ်လုပ်ငန်းရှင်တစ်ဦးဟာ ဒေသခံတွေကို အဲဒီမြေယာမှာ လုပ်ကိုင်စားသောက်ခွင့်မရတော့ကြောင်း ပြောဆိုလာတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီနောက် ကိုးကန့်တပ်သားတွေကို မကြာခဏစေလွှတ်ပြီး မြေပိုင်ရှင်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေဆက်တိုက်လုပ်လာပြီး မြေယာတွေကို မတရားသိမ်းယူလာခဲ့တာလို့ ပြောပါတယ်။  ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြေပိုင်ရှင်တွေက မုံးကိုးမြို့ရှိ ကိုးကန့်ရုံးချုပ်ဆီမြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီး သွားရောက်တိုင်ကြားပေမယ့် ကိုးကန့်ဘက်က တရုတ်နှစ်သစ်ကူးပြီးမှ ဖြေရှင်းပေးမယ်လို့သာပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ပြန်အကြောင်းကြာပြောဆိုလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။  အဲဒီတရုတ်လုပ်ငန်းရှင်ဟာ ကိုးကန့်တပ်သားတွေနဲ့အတူ ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင် ဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာ အုပ်ထားတဲ့ပလတ်စတစ်တွေကို လိုက်သိမ်းပြီး အခင်းတွေကိုလိုက်ဖျက်ဆီးတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အခင်းသွားလမ်းတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြေယာအခင်းဆီ သွားသွားလာလာလုပ်ရင်လည်း ပေးမသွားဘူး သွားခွင့်မပြုဘူး။ နင်တို့သွားရင်တော့ ပစ်မှာ ဘာညာနဲ့ ပြောဆိုခြိမ်းခြောက်နေတာ။ အဲဒီလိုခြိမ်းခြောက်နေလို့ ကျမတို့လည်း လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေအရမ်းခက်ခဲနေတယ်။ ကျမတို့အုပ်ထားတဲ့ ပလတ်စတစ်တွေက အခုပဲ လာလာလှန်ပေးလိုက်တာ၊သိမ်းပေးလိုက်တာမျိုးတွေ လုပ်နေတာ ဒီမြေယာတွေက ကျမတို့ အရင်ကတည်းကလုပ်ကိုင်စားသောက်နေတဲ့ မြေယာဖြစ်တယ်။အခုလို လာခြိမ်းခြောက် လုယူနေတော့လုပ်ကိုင်ရတာလည်း ခက်ခဲနေတယ်။ ကျမတို့ လိုချင်တာက ကိုယ့်မြေယာမှာ ကိုယ်လွတ်လပ်စွာလုပ်ကိုင်ခွင့်ရချင်ပါတယ်။”လို့…

    Read More »
Back to top button