NBPDF
-
Sep- 2025 -17 Septemberအင်တာဗျူး
မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ် ခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ဖွင့်ထားတဲ့ သူတွေသာမက ကိုယ်ပိုင်စာသင်ကျောင်းတွေအထိပါ ခြိမ်းခြောက်ငွေတောင်းရမ်းတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။…
Read More » -
Feb- 2024 -13 Februaryသတင်း
စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်ကူညီပေးနေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ NBPDFထုတ်ပြန်
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်လိုက်ပါကူညီနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အုပ်ချုပ်ရေးမှုတို့ ရာအိမ်မှူးတို့ကို ထိရောက်စွာ အရေးယူမယ်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့က အသက် ၁၈နှစ်ပြည့်တဲ့ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့မှာရှိတဲ့ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖွဲ့တွေကစစ်ကောင်စီနဲ့အတူ တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင် စာရင်းလိုက်ကောက်တဲ့ သတင်းထွက်ပေါ်နေပါတယ်။ တဆက်တည်းမှာပဲ NBDF ဘက်ကလည်း စစ်မှုထမ်း ဥပဒေအသက်ဝင်အောင် ကူညီနေသူတွေကို ထိရောက်စွာအရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ NBPDF တာဝန်ခံက ခုလိုပြောပါတယ်။ “ခုလို ထုတ်ရတာက ဧည့်စာရင်းလိုက်ကောက်တယ်ကြားတာပေါ့ အဓိက အုပ်ချုပ်ရေးမှူးတွေပေါ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လူစာရင်းလိုက်ကောက် အိမ်ထောင်စုစာရင်းလိုက်ကြည့်တာ ကြားလို့ကတော့ ထိထိရောက်ရောက်အရေးယူမှာပေါ့ စမ်းကြည့်ပေါ့”လို့ သူကဆိုပါတယ်။ စစ်ကောင်စီဘက်က ခုလိုစစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီဘက်က ကြံရာမရ ဆုတ်ယုတ်လာပြီး လုပ်တာဖြစ်တယ်လို့ သူကခုလိုဆက်ပြောပါတယ်။ ဒါအပြင် ခုလိုစစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာကြောင့် တော်လှန်ရေးအဖွဲ့တွေမှာ လူအင်အားပိုမိုများပြားလာနိုင်တယ်လို့ သူကခုလို သုံးသပ်ပါတယ်။ “ကောင်းပါတယ် လူငယ်တွေအနေနဲ့ ဘယ်ဘက်သွားမလဲ ဘယ်ဘက်လျှောက်မှာလဲပေါ့ အရင်တုန်းကတော့ တော်လှန်ရေးအဖွဲ့က ပေါ်တာလိုက်ဆွဲနေရတာပေါ့ အခုက သူဟာသူရောက်လာကြတဲ့သူတွေလည်း ရှိနေပြီ”လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဥပဒေထုတ်ပြန်ချက်ထဲမှာ အမျိုသားသာမက အသက်၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေလည်း စစ်မှုထမ်းရမယ်ဆိုတာကိုဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မြစ်ကြီးနားက အမျိုးသမီးတစ်ဦးကတော့ ခုလိုပြောပါတယ်။ “စစ်ကောင်စီဘက်က အခုလို ဥပဒေကြေငြာလိုက်တာက တစ်ဖက်ကတော့ ကောင်းတယ်လို့ မြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ လူငယ်တွေလည်း စစ်ကောင်စီကို မကြိုက်တော့ တော်လှန်ရေး အင်အားစုတွေဘက်ကို အင်အားပိုမိုများလာလိမ့်မယ်လို့ မြင်တယ်”လို့ သူမက ဆိုပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ…
Read More »

