ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ဖားကန့်မြို့နယ် NLD ပါတီ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်မှ လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။ ဖားကန့် ရှရော်ခကျေးရွာတွင် ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့်ဟုဆိုကာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်တွင် လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ "ဒီမနက်အင်အားအများအပြားနဲ့ လာပြီး ချိတ်ပိတ်သွားတယ်လို့ကြားရတယ်ဗျ။ အဓိကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့လာပိတ်သွားတယ်လို့တော့ ပြောတာဘဲဗျ။ ဒီလိုချိတ်ပိတ်မယ်ဆိုတော့ မျှော်လင့်ထားပြီးသားဗျ အသံတွေလည်းကြားနေရတယ်။ ခုတော့သူတို့လာပိတ်ဖြစ်သွားတာပေါ့။ ဒီနေ့ဒီချိန်ကတော့