ကချင်ပြည်နယ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ် ထပ်မံ ချိတ်ပိတ်ခံရ

ကချင်ပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်မှ ယခုလအတွင်း ချိတ်ပိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့် လက်ရှိ သယံဇာတဝန်ကြီး ဦးတူးခေါင်၏ နေအိမ် ကိုသာ ချိတ်ပိတ်ခဲ့သော်လည်း ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ်ကို ထပ်မံ ချိတ်ပိတ်ခဲ့ကြောင်း NLD ပါတီ ကချင်ပြည်နယ် အလုပ်မှုဆောင် ဦးဝင်းနိုင် ပြောသည်။