NSCN-K
-
Jan- 2026 -29 Januaryဆောင်းပါး
နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ
ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။ ဇန်နဝါရီ (၉) ရက်နေ့ ပန်ဆောင်မြို့နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ခမ္မတိုင်ကျေးရွာ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ တကားကျေးရွာ နဲ့ နာမ်ဖာကျေးရွာကြားတို့မှာ အသီးသီး ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ ခမ္မတိုင်ကျေးရွာတိုက်ပွဲမှာ NSCN-K အန်းမိုင်းအဖွဲ့က နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။…
Read More » -
27 Januaryသတင်း
တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး
ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ ဒီတစ်လထဲ နာဂဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်း အဖွဲ့တွေကြား တိုက်ပွဲသုံးကြိမ်တိတိ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က NSCN-K ယုန်းအောင်ရဲ့ တပ်သားတွေအားလုံးကို လက်နက်ချပြီး မိမိရပ်ရွာ၊ မိမိနေအိမ်မှာ…
Read More » -
12 Januaryသတင်း
NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အန်းမိုင်း(NSCN-Kမှခွဲထွက်အဖွဲ့ )တပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်…
Read More » -
9 Januaryသတင်း
နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။ ပန်ဆောင်မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခမ္မတိုင်ရွာထဲက NSCN-K အန်းမိုင်းအဖွဲ့တပ်စွဲထားတဲ့တည်နေရာကို ဒီကနေ့မနက် ၄ နာရီခွဲအချိန်မှာ NSCN-K ယုန်းအောင်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက် တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီး အန်းမိုင်းအဖွဲ့ ဘက်က ၂ဦးသေဆုံးတဲ့အပြင် နောက်ထပ်သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပ်တယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။ တဖက်က စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးမယူထားတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကတော့ နာဂဒေသမှာနဂိုကတည်းကရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် နန်းယွန်း၊ဒုံဟီး၊ပန်ဆောင်ဒေသတွေမှာအဓိကစိုးမိုးထားတဲ့အပြင် လေရှီး၊လဟယ် ဘက်မှာလည်းစိုးမိုးထားကြောင်းသိရပါတယ်။ သို့ပေမယ့် NSCN-K ယုန်းအောင်အဖွဲ့က သူ့ရဲ့အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ဒုံဟီးကနေစပြီးနန်းယွန်း၊ပန်ဆောင်ဘက်ကိုလုံးဝ မကျူးကျော်လာဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် NSCN-K အန်းမိုင်းအဖွဲ့ ဟာ အင်အား ၄၀ ဝန်းကျင်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကျော်မှာဒုံဟီး၊နန်းယွန်းမြို့တွေကိုကျော်လာပြီးဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ပေါ်အထိရောက်လာခဲ့ပြီးနောက် ၉ရက်အကြာမှာ အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “သူတို့ရောက်ရောက်ချင်းတော့ပန်ဆောင်မြို့ပေါ်မှာနေတယ်တဲ့ဒါပေမယ့်ပန်ဆောင်မြို့ပေါ်မှာလည်း စကစရဲ့မြို့စောင့်တပ်ကရှိနေတယ် နှစ်ဖွဲ့ကနေလို့မရဘူး ဘေးမှာရှောင်ပြီးနေဖို့ပြောလိုက်တော့မြို့နဲ့မဝေးတဲ့ ခမ္မတိုင်ရွာမှာသွားနေကြတာ အဲ့ချိန်ဒီဘက် ယုန်းအောင်အဖွဲ့က ဝင်တိုက်က နောက်ဘယ်လိုဆက်ဖြစ်မလဲ ပြန်သွားမလားဆက်နေမလားတော့မသိသေးဘူး”လို့သူကပြောပါတယ်။ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသထဲဝင်ရောက်လာမှုကို ယုန်းအောင်အဖွဲ့က အလိုမရှိသလို ဒေသခံအများစုကလည်းကန့်ကွက်နေကြောင်းသိရပါတယ်။ “သူတို့ဝင်လာတာဘယ်သူမှမကြိုက်ကြဘူး ပြည်သူတွေကလည်းမလိုလားယုန်းအောင်အဖွဲ့ကလည်း တားမြစ်ထားတော့သူတို့ပြန်ဖို့အရပ်ဖက်လူကြီးတွေက ညှိနှိုင်းပေးသေးတယ်မရဘူးဆက်နေတော့အခုလိုဖြစ်ကြတာပဲ”လို့နောက်ထပ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ လက်ရှိပန်ဆောင်မြို့ပေါ်ရောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ ပန်ဆောင်ဒေသဘက်မှာ တပ်ထိုင်ထို့ ကနဦးစေလွတ်ခံရတဲ့အဖွဲ့လို့သိရပါတယ်။ လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော်လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ တရုတ်–ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနား–ပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာကြောင့် NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသမှာအခြေချဖို့ကြိုပမ်းနေတာဟာ ဒီအခြေအနေတွေနဲ့ဆက်စပ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်နေကြပါတယ်။ NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
7 Januaryသတင်း
NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ
ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်း–အိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ နာဂလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K(YA) နဲ့ NSCN-K (AM) ကြား အခြေအနေတင်းမာနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ် အန်းမိုင်း ဦးဆောင်တဲ့ NSCN-K(AM) တပ်ဖွဲ့အင်အား လေးဆယ်ကျော်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်…
Read More » -
Nov- 2025 -10 Novemberသတင်း
ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေ
အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မဏီပူပြည်နယ်မှာအခြေစိုက်ထားတဲ့ ကသည်း(Meitei) လူမျိုးစုအခြေပြုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကသည်းလက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလန်ဆန်းပိုင်းကနေစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲကို ဝင်ရောက်ဖို့ချဥ်းကပ်လာ နေပြီး လက်ရှိ လေရှီးအနောက်ဘက်ခြမ်းရောက်နေပြီလို့ လေရှီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
Oct- 2025 -21 Octoberသတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယ–မြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ…
Read More » -
Jul- 2025 -23 Julyသတင်း
NSCN-K ဂိတ်ကို ရုပ်သိမ်းပေးဖို့သတိပေးထားပေမယ့် ရုပ်သိမ်းခြင်းမရှိလို့ KIA ဖယ်ရှား
ကချင်ပြည်နယ် တနိုင်းမြို့နယ်၊တလူးကျေးရွာအနီး တနိုင်းချောင်း(Danai Kha)နံဘေးမှာထိုင်ထားတဲ့ NSCN-K(ယုန်းအောင်) တပ်ဖွဲ့ရဲ့စစ်ဆေးရေးနှင့်အကောက်အခွန်ဂိတ်တစ်ခုကို ရုပ်သိမ်းပေးဖို့ KIA က အကြိမ်ကြိမ်သတိပေးအကြောင်းကြားပေမယ့်ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် KIA ဘက်က ဖယ်ရှားပေးလိုက်တယ်လို့သိရပါတယ်။ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာနဲ့နီးတဲ့ တနိုင်းမြို့နယ်ထဲက တလူးကျေးရွာအနီးမှာ တစ်နှစ်ကျော်ကြာ…
Read More » -
7 Julyသတင်း
အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို
ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့ SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ် သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…
Read More » -
Feb- 2025 -7 Februaryသတင်း
နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ ဗိုလ်ချုပ် Singnya ဦးဆောင်တဲ့ နာဂအမျိုးသားကောင်စီ(NNC/FGN) တို့ဟာ နိုင်ငံရေးလမ်းစဥ်နဲ့ ဘုံရပ်တည်ချက်တွေ တူညီတာကြောင့်နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN -K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါဟာ နာဂဒေသတွင်းငြိမ်းချမ်းရေးအတွက်ရှေ့ရှူ့ပြီးနှစ်ဖက်တိုက်ပွဲတွေမရှိဖို့နဲ့…
Read More »









