NSCN-K

  • Jul- 2025 -
    7 July
    သတင်း

    အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို

    ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K  လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့  SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က  မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက  pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ်  သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ  စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…

    Read More »
  • Feb- 2025 -
    7 February
    သတင်း

    နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ ဗိုလ်ချုပ် Singnya ဦးဆောင်တဲ့ နာဂအမျိုးသားကောင်စီ(NNC/FGN) တို့ဟာ နိုင်ငံရေးလမ်းစဥ်နဲ့ ဘုံရပ်တည်ချက်တွေ တူညီတာကြောင့်နိုင်ငံရေးအရ  အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN -K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါဟာ နာဂဒေသတွင်းငြိမ်းချမ်းရေးအတွက်ရှေ့ရှူ့ပြီးနှစ်ဖက်တိုက်ပွဲတွေမရှိဖို့နဲ့…

    Read More »
  • Nov- 2024 -
    23 November
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း  ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။ “ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆိုကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ “အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့အခုလိုဂိတ်တွေဘာတွေထိုင်လို့ရလာနေတာ နဂိုယုန်းအောင်အဖွဲ့ကတော့ဒါမျိုးမရှိဘူး ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကိုအခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေလက်ရှိ NSCN-K နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Aug- 2023 -
    8 August
    သတင်း

    နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။ နန်းယွန်းမြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသန်းကို ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့အထောက်အထားနဲ့ NSCN-K က လွန်ခဲ့တဲ့အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ်ရဲစခန်းနဲ့ ရင်းနှီးတဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ဖမ်းခေါ်သွားတာတော့ဟုတ်ပါတယ် လွန်ခဲ့တဲ့အပတ်ကတည်းကဖမ်းခေါ်သွားတာပါ…

    Read More »
Back to top button