ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော ပျောက်ကြားသပိတ် ဦးဆောင်ခဲ့သည့် ဦးချစ် အပါအဝင် PDF တပ်သား ၄ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးထားရာမှ ၂ဦးကို ထောင်တွင်း သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်ရာ ပြည်သူတစ်ဦးထံမှသိရသည်။ ပြီးခဲ့သော ဧပြီလ ၂၅ ရက်နေ့ စစ်ကောင်စီတပ်သည် ရမ်ပူရပ်ကွက်ရှိ PDF တပ်ဖွဲ့များ တည်းခိုနေသည့် နေအိမ်တစ်အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ထိုနေရာတွင် PDF တပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးသွားကာ