ကချင်စစ်ပြေးဒုက္ခသည်နေရပ်ပြန်အခြေချရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာမူဝါဒ ဆွေးနွေးပွဲ ပြုလုပ်

ကချင်စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒ ရှင်းလင်းပွဲတစ်ခု ဇန်နဝါရီလ ၆ ရက်နေ့ မြစ်ကြီးနား မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ‘ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဝါဒ’ စာအုပ်ကို အဓိက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ စစ်ရှောင်များ၏ မူလကျေးရွာရှိ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍…